Home News အီရတ်နိုင်ငံရှိ မိုဆူးလ်ရှေးဟောင်း ဗလီကြီး ဖောက်ခွဲခံရ

အီရတ်နိုင်ငံရှိ မိုဆူးလ်ရှေးဟောင်း ဗလီကြီး ဖောက်ခွဲခံရ

0

အိုင်အက်စ်တွေ သိမ်းယူထားတဲ့ အီရတ်နိုင်ငံ မိုဆူးလ်မြို့ရှိ အထင်ရှားဆုံးဖြစ်သော al-Nuri ရှေးဟောင်းဗလီကြီးကို အိုင်အက်စ် စစ်သွေးကြွတွေက ဗုံးခွဲဖြိုချလိုက်ကြောင်း အီရတ်အစိုးရတပ်၏ ပြောကြားချက်အရ သိရပါတယ်။ ဒီ ဗလီကြီးကို ခရူးဆိတ်စစ်ပွဲတွေမှာ အောင်နိုင်ခဲ့တဲ့ မွတ်ဆလင်ခေါင်းဆောင်၏ အမည်ကို အစွဲပြုပြီပေးထားခြင်းဖြစ်ကြောင်းလဲ သိရပါတယ်။

အီရတ်အစိုးရက မိုဆူးလ်ကိုပြန်လည်ရယူရန် တိုက်ခိုက်နေချိန်မှာ အဆိုပါဗလီကို ဖောက်ခွဲလိုက်ပြီး ထိုနေရာမှပဲ အိုင်အက်စ်တို့ရဲ့ခေါင်းဆောင် Abu Bakral-Baghdadi ကို အီရတ်နှင့်ဆီးရီးယား တို့ကိုပိုင်စိုးတဲ့ ခါလီဖိတ်မင်းကြီး အဖြစ် တင်မြှောက်ခဲ့ကြောင်းလဲ သိရပါတယ်။

အဆိုပါဗလီကို အိုင်အက်စ်တွေ ဖောက်ခွဲခဲ့တာ အမှန်ဆိုပါက ၎င်းတို့ မိုဆူးလ်ကိုလက်မလွှတ်မီ နောက်ဆုံး အနေဖြင့် လက်စွမ်းပြတာဖြစ်မယ်လို့ အီရတ်အစိုးရအဖွဲ့က ခန့်မှန်းနေကြပါတယ်။ မိုဆူးလ်အရှေ့ပိုင်းကို ဇန်နဝါရီလက အီရတ်တို့ သိမ်းပိုက်နိုင်ခဲ့သော်လည်း အနောက်ပိုင်းကတော့ လမ်းကျဉ်း လမ်းကောက်တွေ များစွာရှိနေသဖြင့် မသိမ်းပိုက်နိုင်သေးပါဘူး။ အမေရိကန်၏အကူအညီနှင့် ထောင်ချီသော အီရတ်၏ကောဒ် တပ်တွေ အပြင် ဆွန်နီ၊ ရှီအာနွယ်ဝင် လူမျိုးစုလက်နက်ကိုင်တွေကပါ ပူပေါင်းပြီး စစ်သွေးကြွတွေကို တိုက်ခိုက် ချေမှုန်းနေတာဖြစ်ပါတယ်။ မိုဆူးလ်ဟာ အိုင်အက်စ်တွေသိမ်းထားတဲ့ နောက်ဆုံးကျန်နေတဲ့ မြို့ဖြစ်ပြီး နောက်ဆုံး ထိုးစစ်ကိုလဲ စနေ၊တနင်္ဂနွေနေ့ ကစတင်နေပါပြီးလို့ အီရတ်တပ်မှူးတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

အိုင်အက်စ်တွေကတော့ အဆိုပါဗလီကို ၎င်းတို့ဖောက်ခွဲတာမဟုတ်ကြောင်းနှင့် အမေရိကန်၏ လေကြောင်း ပစ်ခတ်မှုကြောင့် ထိခိုက်သွားတာဖြစ်ကြောင်းပြန်လည် ချေပပြောဆိုခဲ့ပါတယ်။ သို့သော် အီရတ်တပ်မှူးက ကျွန်တော်တို့ တပ်တွေ ဗလီနားမရောက်ခင် ပေ၁၅၀ အလိုမှာ အိုင်အက်စ်တွေက ဖောက်ခွဲပစ်လိုက်တာပါလို့ ဆိုပါတယ်။ မည်သူကပဲ လုပ်လုပ် ယခုတော့ ဗလီကြီးက စိစိညက်ညက်ကိုကြေသွားပါပြီ။

နောက်ဆုံးသိရတာကတော့ မြို့ထဲမှာ စစ်သွေးကြွ အယောက် ၃၀၀လောက်သာ ကျန်တော့ပြီး အောက်တိုဘာလ တုန်းကရှိခဲ့တဲ့ ၆၀၀၀နဲ့စာရင် တော်တော်လေးကို နည်းသွားပြီး ဖြစ်ပါတယ်။

Zawgyi Font : အီရတ္ႏိုင္ငံရွိ မိုဆူးလ္ေရွးေဟာင္း ဗလီၾကီး ေဖာက္ခြဲခံရ

အိုင္အက္စ္ေတြ သိမ္းယူထားတဲ့ အီရတ္ႏိုင္ငံ မိုဆူးလ္္ျမိဳ႕ရွိ အထင္ရွားဆံုးျဖစ္ေသာ al-Nuri ေရွးေဟာင္းဗလီၾကီးကို အိုင္အက္စ္ စစ္ေသြးၾကြေတြက ဗံုးခဲြျဖိဳခ်လိုက္ေၾကာင္း အီရတ္အစိုးရတပ္၏ ေျပာၾကားခ်က္အရ သိရပါတယ္။ ဒီ ဗလီၾကီးကို ခရူးဆိတ္စစ္ပြဲေတြမွာ ေအာင္ႏိုင္ခဲ့တဲ့ မြတ္ဆလင္ေခါင္းေဆာင္၏ အမည္ကို အစြဲျပဳျပီေပးထားျခင္းျဖစ္ေၾကာင္းလဲ သိရပါတယ္။

အီရတ္အစိုးရက မိုဆူးလ္ကိုျပန္လည္ရယူရန္ တိုက္ခိုက္ေနခ်ိန္မွာ အဆိုပါဗလီကို ေဖာက္ခဲြလိုက္ျပီး ထိုေနရာမွပဲ အိုင္အက္စ္တို႔ရဲ႕ေခါင္းေဆာင္ Abu Bakral-Baghdadi ကို အီရတ္ႏွင့္ဆီးရီးယား တို႔ကိုိုပိုင္စိုးတဲ့ ခါလီဖိတ္မင္းၾကီး အျဖစ္ တင္ေျမွာက္ခဲ့ေၾကာင္းလဲ သိရပါတယ္။

အဆိုပါဗလီကို အိုင္အက္စ္ေတြ ေဖာက္ခြဲခဲ့တာ အမွန္ဆိုပါက ၄င္းတို႔ မိုဆူးလ္ကိုလက္မလႊတ္မီ ေနာက္ဆံုး အေနျဖင့္ လက္စြမ္းျပတာျဖစ္မယ္လို႔ အီရတ္အစိုးရအဖြဲ႕က ခန္႔မွန္းေနၾကပါတယ္။ မိုဆူးလ္အေရွ႕ပိုင္းကို ဇန္န၀ါရီလက အီရတ္တို႔ သိမ္းပိုက္ႏိုင္ခဲ့ေသာ္လည္း အေနာက္ပိုင္းကေတာ့ လမ္းက်ဥ္း လမ္းေကာက္ေတြ မ်ားစြာရွိေနသျဖင့္ မသိမ္းပိုက္ႏိုင္ေသးပါဘူး။ အေမရိကန္၏အကူအညီႏွင့္ ေထာင္ခ်ီေသာ အီရတ္၏ေကာဒ္ တပ္ေတြ အျပင္ ဆြန္နီ၊ ရွီအာႏြယ္၀င္ လူမ်ိဳးစုလက္နက္ကိုင္ေတြကပါ ပူေပါင္းျပီး စစ္ေသြးၾကြေတြကို တိုက္ခိုက္ ေခ်မႈန္းေနတာျဖစ္ပါတယ္။ မိုဆူးလ္ဟာ အိုင္အက္စ္ေတြသိမ္းထားတဲ့ ေနာက္ဆံုးက်န္ေနတဲ့ ျမိဳ႕ျဖစ္ျပီး ေနာက္ဆံုး ထိုးစစ္ကိုလဲ စေန၊တနဂၤေႏြေန႔ ကစတင္ေနပါျပီးလို႔ အီရတ္တပ္မွဴးေတြရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

အိုင္အက္စ္ေတြကေတာ့ အဆိုပါဗလီကို ၄င္းတို႔ေဖာက္ခြဲတာမဟုတ္ေၾကာင္းႏွင့္ အေမရိကန္၏ ေလေၾကာင္း ပစ္ခတ္မႈေၾကာင့္ ထိခိုက္သြားတာျဖစ္ေၾကာင္းျပန္လည္ ေခ်ပေျပာဆိုခဲ့ပါတယ္။ သို႔ေသာ္ အီရတ္တပ္မွဴးက ကၽြန္ေတာ္တို႔ တပ္ေတြ ဗလီနားမေရာက္ခင္ ေပ၁၅၀ အလိုမွာ အိုင္အက္စ္ေတြက ေဖာက္ခြဲပစ္လိုက္တာပါလို႔ ဆိုပါတယ္။ မည္သူကပဲ လုပ္လုပ္ ယခုေတာ့ ဗလီၾကီးက စိစိညက္ညက္ကိုေၾကသြားပါျပီ။

ေနာက္ဆံုးသိရတာကေတာ့ ျမိဳ႕ထဲမွာ စစ္ေသြးၾကြ အေယာက္ ၃၀၀ေလာက္သာ က်န္ေတာ့ျပီး ေအာက္တိုဘာလ တုန္းကရွိခဲ့တဲ့ ၆၀၀၀နဲ႔စာရင္ ေတာ္ေတာ္ေလးကို နည္းသြားျပီး ျဖစ္ပါတယ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: