Home News မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်တွင် ဆိုလာတံတိုင်းတည်ဆောက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြော

မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်တွင် ဆိုလာတံတိုင်းတည်ဆောက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြော

0

ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နယ်စပ်ကို တရားမဝင်ခိုးဝင်သည့် ရွှေ့ပြောင်းအလုပ်သမားများကို တားဆီးရန် မက္ကဆီကိုနှင့် နယ်စပ်တလျှောက်ကို တံတိုင်းတည်ဆောက်ပြီး ၎င်းတံတိုင်းကြီးကို နေရောင်ခြည်စွမ်းအင် အသုံးပြု နိုင်သည့် ဆိုလာပြားများတပ်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါတံတိုင်း၏ ကုန်ကျစရိတ်ကို မက္ကဆီကိုအား ပေးချေခိုင်းသော်လည်း မက္ကဆီကို သမ္မတ အန်ရီကေး ပီနာနီတို ကတော့ ထရမ့်၏ အစီအစဉ်များကို လိုက်နာမည် မဟုတ်ကြောင်းပြောကြားထားပါတယ်။

လူထုထောက်ခံပွဲ ဆန်ဆန်ပြုလုပ်သည့် အစီအစဉ်တွင် ထရမ့်က “ကျုပ်တို့က အခု အမေရိကန်တောင်ပိုင်း နယ်နိမိတ်အကြောင်းပြောနေတာ။ အဲဒီမှာ နေရောင်ခြည်ကျရောက်မှု အရမ်းအားကောင်းတယ်။ အပူပိုင်းဆန်တယ်။ ဆိုလာနံရံကြီးတစ်ခုကို အဲဒီမှာ တည်ဆောက်မယ်ဆိုတာကိုစဉ်းစားကြည့်စမ်းပါ။ စွမ်းအင် ထုတ်နိုင်မယ်။ စွမ်းအင် ရောင်းချလို့ရတဲ့ ဝင်ငွေနဲ့ ဒီနံရံတည်ဆောက်မှုအတွက် ငွေကြေးကာမိစေမယ်။ ဒါဆို မက္ကဆီကိုဘက်က ပေးရမယ့် ငွေပမာဏလည်း နည်းသွားမယ်လေ။ မဟုတ်ဘူးလား၊ ဒီစိတ်ကူးက ကောင်းတယ်မဟုတ်လား။ ကျုပ်ကတော့ ဒီအတိုင်းတွေးမိထားတယ်” ဟု သူ့သဘောထားကို သူကိုယ်တိုင် ပြန်လည်ထောက်ခံပြီး ပြောဆိုခဲ့ပါတယ်။

အဆိုပါနယ်ခြားတံတိုင်း တည်ဆောက်ရေးအတွက် တင်ဒါလျှောက်လွှာများကို အမေရိကန် အမိမြေလုံခြုံရေး ဝန်ကြီးဌာနမှ ခေါ်ယူထားပြီး ကုမ္ပဏီပေါင်း ၂၀၀ခန့်က ပါဝင်တင်သွင်းရန်ပြန်ကြားထားကြောင်းလဲသိရပါတယ်။ အကယ်၍ ဒီတံတိုင်းသာတည်ဆောက်ဖြစ်ပါက ဆိုလာပြားများတပ်ဆင်သင့်ကြောင်းကို Wall Street Journal က ဆောင်းပါးတစ်ပုဒ်ကို မတ်လတွင် ရေးသားခဲ့ကြောင်းလဲ သိရပါတယ်။

Zawgyi Font : မကၠဆီကိုႏွင့္ အေမရိကန္နယ္စပ္တြင္ ဆိုလာတံတိုင္းတည္ေဆာက္ဖို႕ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ေျပာ

ေဒၚနယ္ထရမ့္ဟာ အေမရိကန္နယ္စပ္ကို တရားမ၀င္ခိုး၀င္သည့္ ေရႊ႕ေျပာင္းအလုပ္သမားမ်ားကို တားဆီးရန္ မကၠဆီကိုႏွင့္ နယ္စပ္တေလွ်ာက္ကို တံတုိင္းတည္ေဆာက္ျပီး ၄င္းတံတုိင္းၾကီးကို ေနေရာင္ျခည္စြမ္းအင္ အသံုးျပဳ ႏိုင္သည့္ ဆိုလာျပားမ်ားတပ္ဆင္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အဆိုပါတံတိုင္း၏ ကုန္က်စရိတ္ကို မကၠဆီကိုအား ေပးေခ်ခိုင္းေသာ္လည္း မကၠဆီကို သမၼတ အန္ရီေကး ပီနာနီတို ကေတာ့ ထရမ့္၏ အစီအစဥ္မ်ားကို လိုက္နာမည္ မဟုတ္ေၾကာင္းေျပာၾကားထားပါတယ္။

လူထုေထာက္ခံပြဲ ဆန္ဆန္ျပဳလုပ္သည့္ အစီအစဥ္တြင္ ထရမ့္က “က်ဳပ္တို႔က အခု အေမရိကန္ေတာင္ပိုင္း နယ္နိမိတ္အေၾကာင္းေျပာေနတာ။ အဲဒီမွာ ေနေရာင္ျခည္က်ေရာက္မႈ အရမ္းအားေကာင္းတယ္။ အပူပိုင္းဆန္တယ္။ ဆိုလာနံရံၾကီးတစ္ခုကို အဲဒီမွာ တည္ေဆာက္မယ္ဆိုတာကိုစဥ္းစားၾကည့္စမ္းပါ။ စြမ္းအင္ ထုတ္ႏိုင္မယ္။ စြမ္းအင္ ေရာင္းခ်လို႔ရတဲ့ ၀င္ေငြနဲ႔ ဒီနံရံတည္ေဆာက္မႈအတြက္ ေငြေၾကးကာမိေစမယ္။ ဒါဆို မကၠဆီကိုဘက္က ေပးရမယ့္ ေငြပမာဏလည္း နည္းသြားမယ္ေလ။ မဟုတ္ဘူးလား၊ ဒီစိတ္ကူးက ေကာင္းတယ္မဟုတ္လား။ က်ဳပ္ကေတာ့ ဒီအတိုင္းေတြးမိထားတယ္” ဟု သူ႕သေဘာထားကို သူကိုယ္တိုင္ ျပန္လည္ေထာက္ခံျပီး ေျပာဆိုခဲ့ပါတယ္။

အဆိုပါနယ္ျခားတံတိုင္း တည္ေဆာက္ေရးအတြက္ တင္ဒါေလွ်ာက္လႊာမ်ားကို အေမရိကန္ အမိေျမလံုျခံဳေရး ၀န္ၾကီးဌာနမွ ေခၚယူထားျပီး ကုမၸဏီေပါင္း ၂၀၀ခန္႔က ပါ၀င္တင္သြင္းရန္ျပန္ၾကားထားေၾကာင္းလဲသိရပါတယ္။ အကယ္၍ ဒီတံတိုင္းသာတည္ေဆာက္ျဖစ္ပါက ဆိုလာျပားမ်ားတပ္ဆင္သင့္ေၾကာင္းကို Wall Street Journal က ေဆာင္းပါးတစ္ပုဒ္ကို မတ္လတြင္ ေရးသားခဲ့ေၾကာင္းလဲ သိရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: