Home News ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများတွေ့ရှိ

ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများတွေ့ရှိ

0

ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၂၀ ရက်က သွားရောက်၍ နယ်မြေရှင်းလင်းစဉ် လှိုဏ်ခေါင်းတစ်ခု၊ သေနတ်များ၊ လူနေတဲ/ဂိုဒေါင်များ၊ စားနပ်ရိက္ခာများနှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ဓားဖြင့်ရန်ပြုသူ တစ်ဦးအား အသေဖမ်းဆီးရမိခဲ့သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်တွင် ကျေးရွာသားများအား ခေါ်ယူကာ ညအချိန်တွင် အကြမ်းဖက်သင်တန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဇွန် ၂၀ ရက် နံနက်ပိုင်းကသိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းရာ မသင်္ကာသည့် လူသွားလမ်းကြောင်းများကို တွေ့ရှိရသဖြင့် ၎င်းပတ်ဝန်းကျင်တစ်ဝိုက်အား ရှင်းလင်းရာ တစ်ပေခန့်ရှိ ဒေသန္တရ လုပ်သေနတ် ၂ လက်၊ ၉ မမကျည် တစ်တောင့်၊ အလျား ပေ ၂၀ ၊ အနံ ၁၀ ပေခန့်ရှိ တဲတစ်လုံး၊ အလျား ပေ ၄၀ အနံ ၁၀ ပေရှိ တဲတစ်လုံး၊ အလျား ပေ ၄၀ အနံ ပေ ၃၀ ရှိ တဲတစ်လုံး၊ အလျား ပေ ၂၀ အနံ ၁၀ ပေ တဲ တစ်လုံး စုစုပေါင်း လူနေတဲ ၅ လုံး၊ ယမ်းပျော့(အညိုရောင်) ၅၀ ကျပ်သား တစ်ထုပ်၊ ယမ်းမှုန့်အနက်ရောင် တစ်ပိသာခန့် တစ်ထုပ်၊ ဆန် ၅ အိတ်၊ ကြက်သွန်နီ တစ်အိတ်၊ အာလူးတစ်ပိသာ၊ သစ်သား သေနတ် အချောင်း ၂၀၊ ပေါက်ပြား ၅ ချောင်း၊ ဂေါ်ပြား ၅ ချောင်း၊ ပေါက်ချွန်း သုံးချောင်း၊ အဝါရောင် ဝါယာကြိုးနှစ်ခွေ(ပေ ၄၀၀ ခန့်)၊ နှစ်ပင်လိမ်ဝါယာကြိုး နှစ်ခွေ (ပေ ၂၀ ခန့်)၊ Bushnell တံဆိပ်ပါ မှန်ပြောင်း တစ်လက်၊ ဂွမ်းစောင် ၆ ထည်၊ အမျိုးသားဝတ်အကျီၤ ၄၅ ထည်၊ ပုဆိုး ၄၅ ထည်၊ အမျိုးသမီးဝတ်အကျီၤ အထည် ၂၀၊ မျက်နှာဖုံးစွပ် (အနက်) အထည် ၂၀ တို့ကို တွေ့ရှိရသည်။

homemade-gun

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်းရာ တဲအနီးတွင် အကျယ် ၅ ပေ၊ အမြင့် ၄ ပေခွဲ၊ အရှည်ပေ ၈၀ ခန့်ရှိ လူလုပ် လှိုဏ်ခေါင်းတစ်ခုအား တွေ့ရှိရပြီး ဝင်ရောက်ရှင်းလင်းရာ လှိုဏ်ခေါင်းအတွင်း အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက အရှည်တစ်ပေခွဲခန့်ရှိသည့် ဓားဖြင့် ထွက်ခုတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးမှ ပြန်လည်ခုခံခဲ့သဖြင့် အဆိုပါအမျိုးသားမှာ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ဇွန် ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထက်ပါလှိုဏ်ခေါင်းအား ဝင်ရောက်ရှင်းလင်းရာ အနက်ရောင်မျက်နှာဖုံးစွပ်ထားသည့် အကြမ်းဖက်သမားတစ်ဦးက ပုန်းကွယ်နေရာမှ ရုတ်တရက်ထွက်လာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုတ်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ရာ ယင်းမျက်နှာဖုံးစွပ်ထားသူအား ထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့သည်။ ဆက်လက်ရှင်းလင်းရာ လှိုဏ်ခေါင်းအဆုံးကြမ်းပြင်၌ မြေကြီးများ ဖုံးအုပ်၍ ပုန်းကွယ်နေသည့် မျက်နှာဖုံးစွပ် တစ်ဦး၏ ဦးခေါင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှ နင်းမိခဲ့ရာ ပြန်လည်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံရှင်းလင်းခဲ့ရာ နေရာတွင်ပင် သေဆုံးခဲ့သည်။

oil

အဆိုပါနေရာအား ဆက်လက်ရှင်းလင်းရာ ကုလားပဲ အိတ် ၁၀၀ ခန့်၊ ဆီ ၁၀ ပိသာပုံး ၅ ပုံး ထပ်မံ သိမ်းဆည်း ရမိခဲ့သည်။ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်၍ နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်တောဒေသတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ စိတ်အေးချမ်းသာစွာ လုပ်ကိုင်သွားလာနေထိုင် စားသောက်နိုင်ရေးအတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်နေမှု များကို မျက်ကွယ်ပြုလျက် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန်ကိုသာ ဦးတည်ရည်ရွယ်၍ လျှို့ဝှက်ကြံစည် ဆောင်ရွက်နေမှုများကို တွေ့ရှိရပါသည်။

ဖြစ်စဉ်များမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်းကလည်း မောင်ကြီးတောင်ကျေးရွာ၌ အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူ ဂူမူရှူး ၁၉ နှစ်ပါ (၄)ဦးအား လုပ်သေနတ် ၁၃ လက် အပါအဝင် ဆက်စပ်ပစ္စည်းများ၊ မတ် ၇ ရက် ညနေပိုင်းက ဘူးသီးတောင်မြို့နယ် တင်းပေကျေးရွာအနီး လျိုမြောင်အတွင်း၌ အကြမ်းဖက်သင်တန်းသား မော်လဝီအဒူလာမိန် အား ဖမ်းဆီးရမိပြီး လူနေတဲ ၄ လုံးနှင့် လူ့အသုံးအဆောင် ပစ္စည်းများ၊ မေ ၄ ရက် ညနေပိုင်းကလည်း ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာအနောက်ဖက်တောစပ်၌ ပေါက်ကွဲမှုဖြစ်ပွား၍ စာကိုင်းကျေးရွာနေ နိုအာလောင် ၂၅ နှစ်ပါ ၂ ဦးသေဆုံးခဲ့ပြီး တောစပ်ပတ်ဝန်းကျင်မှ လက်လုပ်မိုင်း ပြုလုပ်သည့် ယမ်း၊ ကန့်နှင့် ဆက်စပ်ပစ္စည်းများ၊ လူ့အသုံးအဆောင်ပစ္စည်းများ၊ မေ ၂၆ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ် သာဝန်ချောင်းကျေးရွာရှိ မာမတ်ရှော်ဖီ အိမ်ခြံဝင်းအတွင်းမှ အရှည်တစ်ပေခွဲ ခန့်ရှိ လုပ်သေနတ် (၃)လက်နှင့် ကျည်ဆန်များ၊ မေ ၁ ရက်နေ့ ရက်စွဲဖြင့် လူ (၂၀)ဦးအား လစာငွေထုတ်ပေး ပြီးကြောင်း ပြေစာ(၁)စောင်၊ မေ ၂၉ ရက် ညတွင် မောင်တောမြို့နယ် လေယာဉ်ကွင်းရွာနှင့် လေယာဉ်ကွင်းချောင်းအနီး မျက်နှာဖုံးစွပ်လျက် ခြုံတောအတွင်း ပုန်းအောင်းနေသည့် သရေကုန်းတန်း အနောက်ရွာနေ အကြမ်းဖက် စစ်သင်တန်းတက်ရောက်ပြီးသူ အဒူရာမန် (၂၇)နှစ်ပါ နှစ်ဦးတို့အား ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ရာ ဘာသာရေးအစွန်းရောက်အဖွဲ့မှ ခေါင်းဆောင်ပါ (၁၂)ဦးတို့သည် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး တို့အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေကြောင်း၊ တစ်ရွာတည်းနေ ဂျော်ဒီဟူဆောင်း နေအိမ်၌ စစ်သင်တန်းများ သင်ကြားပေးခြင်း၊ သိုင်း သင်တန်းသင်ခြင်း၊ ကျေးရွာသူ ကျေးရွာသားများအား အကြမ်းဖက် သင်တန်းများ တက်စေရန် စည်းရုံးခြင်း၊ ဖူတူးယာ(ခ) အေနာတူလာ ပါ (၁၂)ဦးအား လက်နက်ဖြင့် လေ့ကျင့်ပေးခြင်း၊ ကျေးရွာအမာခံလူငယ်များအား (၅)လကြာ သင်တန်းပေးလျက်ရှိကြောင်း၊ တစ်ဦးလျှင် လစာငွေ (၂)သိန်းပေးကြောင်း၊ သင်တန်းဆရာ ဟာဘတ်မာတောရ်လာ အား ပြည်ပနိုင်ငံအချို့မှ ငွေများပို့ပေး ကြောင်း၊ မေ ၃၁ ရက် ညနေပိုင်းက ချောင်းကုလားမြောက်ရွာ နေအိမ်တစ်လုံးမှ စကားပြောစက် အလုံး (၄၀)နှင့် ဆက်စပ်ပစ္စည်းများ၊ ဇွန် ၁၅ ရက် ညပိုင်းတွင် ဘူးသီးတောင်မြို့နယ် သေကံရွာ၌ အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူ ကျောက်လှပြင်ကျေးရွာနေ ကာဒိလ်ဟူဆောင်း (၃၀)နှစ်အား တွေ့ရှိ၍ ဖမ်းဆီး ခေါ်ယူ စစ်ဆေးခဲ့သည်။

underground-tunnel

ဖမ်းဆီးထားသည့် ကာဒိလ်ဟူဆောင်း အား စစ်ဆေးမေးမြန်းခဲ့ရာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် လက်ဝဲဒက်ပြင် ရှည်ရွာဥက္ကဋ္ဌ ဒီမာမောက်နေအိမ်အား ဓားပြတိုက်ရာ၌ ပါဝင်ခဲ့၍ ထောင်ဒဏ်(၇)နှစ်ကျခံခဲ့ပြီး ၂၀၁၆ အောက်တိုဘာ ၂ ရက်နေ့တွင် ဘူးသီးတောင်အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ကြောင်း၊ ၂၀၁၇ ဧပြီ ၂ ရက်မှ မေ ၁၄ ရက်နေ့ထိ မေယုတောင်၏ အနောက်ဘက်ခြမ်း တောင်အလယ်ခန့်တွင် တောင်နံရံအားထွင်း၍ ပေ (၁၁၀)ခန့်အကျယ်ရှိသည့် လှိုဏ်ခေါင်း (၁)ခုနှင့် ရှေ့မျက်နှာတွင် ပေ (၂၀၀) ပတ်လည်ခန့် မြေပြင်၌ အကြမ်းဖက်သင်တန်းအား ကျောက်လှပြင်ကျေးရွာနေ ၎င်းနှင့် နိုရာမောက် (ဘ)အာလီယာဘော် တို့ပါ (၅)ဦး အပါအဝင် အင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ နည်းပြအဖြစ် မောင်တောမြို့နယ် ဟန်ဒက်ရွာနေ မော်လဝီအီလီယာစ် ဦးဆောင်၍ သင်တန်းသား (၁၀၀)ဦးခန့်အား ကရာတေး တိုက်ခိုက်နည်း ပညာများနှင့် လက်နက်ငယ် ပစ်ခတ်နည်း(သေနတ်အစား တုတ်ဖြင့်) သင်ကြားပေးကြောင်း၊ သင်တန်းချိန်အား နံနက် ၆ နာရီမှ ၉ နာရီထိ၊ ညနေ ၃ နာရီမှ ၅ နာရီ အထိဖြစ်ကြောင်း၊ သင်တန်းဆင်းပွဲတွင် အကြမ်းဖက်သင်တန်းပေး သည့် ကိစ္စရပ်များအား လျှို့ဝှက်ထားရန် ကုရ်အာကျမ်းကိုင်ပြီး သစ္စာဆိုခဲ့ကြောင်း၊ မော်လဝီအီလီယာစ်မှ ၎င်းတို့အား တောထဲတွင် လှုပ်ရှားနေထိုင်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သင်တန်း ဆက်လက်တက်ရောက် ရမည်ဖြစ်ကြောင်း၊ မော်လဝီအီလီယာစ် ပါ (၅)ဦးမှ ကျေးရွာတွင် မိသားစုများရှိသဖြင့် ခေတ္တ သွားရောက်ရန် ခွင့်တောင်းရာ ကျေးရွာတွင် လူသစ်စုဆောင်းရန်နှင့် ပြန်လာလျှင်တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်စီ ယူဆောင်ခဲ့ရန် မှာကြားခဲ့ကြောင်း၊ ကျေးရွာတွင် နေထိုင်စဉ် လူငယ်များအား အကြမ်းဖက်သင်တန်းတက်ရောက်ရန် စည်းရုံးလျက်ရှိရာ လူသစ်မရရှိသေးဘဲ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရှိရသည်။

ဇွန် ၂၀ ရက် နံနက် ၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ ကျွန်းဂေါင်းကျေးရွာအား ဝင်ရောက်ရှင်းလင်းရာ Arakan Rohigya Salvation Army-ARSA အဖွဲ့၏ ဘဏ္ဍာရေးတာဝန်ခံ မော်လဝီဂျီရာဘူရာမန်အား နေအိမ်၌ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိကြောင်းသိရသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကို Aqua Mul Mujahidin- AMM အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိ
ရပြီး ၎င်းအဖွဲ့အပြင် Rohingya National Security Committee -RNSA အဖွဲ့လည်း ရှိကြောင်းသိရသည်။

အဆိုပါအဖွဲ့နှစ်ဖွဲ့ပေါင်း၍ Arakan Rohigya Salvation Army-ARSA အဖွဲ့အဖြစ် ၂၀၁၇ ခုနှစ်မတ် ၁၅ ရက်တွင် စတင်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်းသိရပြီး စစ်ရေးတာဝန်ခံမှာ AquaMul Mujahidin- AMM အဖွဲ့မှ ဟာဗစ်ဒူဟာ ဖြစ်ကြောင်းသိရသည်။ မောင်တောဒေသအတွင်း အကြမ်းဖက်နည်းဖြင့်ခြိမ်းခြောက်ကာ သြဇာလွှမ်းမိုးထိန်း ချုပ်နိုင်ရန်ရည်ရွယ်၍ ကျေးရွာဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် စာကြည့်တိုက်မှူးအပါအဝင် အပြစ်မဲ့ပြည်သူ ၃၄ ဦးတို့အား နည်းမျိုးစုံဖြင့်သတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူ ၂၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်း ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

Source : နိုင်ငံတော် သမ္မတရုံး စာမျက်နှာ

Zawgyi Font: ဘူးသီးေတာင္-ေမာင္ေတာေဒသ ေမယုေတာင္ေၾကာေပၚ၌ အၾကမ္းဖက္ သင္တန္းမ်ား ေဆာင္ရြက္ေနသည့္ ေနရာမ်ားေတြ႕ရွိ

ဘူးသီးေတာင္-ေမာင္ေတာေဒသ ေမယုေတာင္ေၾကာေပၚ၌ အၾကမ္းဖက္သင္တန္းမ်ား ေဆာင္ရြက္ေနသည့္ ေနရာမ်ားရွိေၾကာင္း သတင္းအရ လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားသည္ ဇြန္ ၂၀ ရက္က သြားေရာက္၍ နယ္ေျမရွင္းလင္းစဥ္ လိႈဏ္ေခါင္းတစ္ခု၊ ေသနတ္မ်ား၊ လူေနတဲ/ဂိုေဒါင္မ်ား၊ စားနပ္ရိကၡာမ်ားႏွင့္ အသံုးအေဆာင္ ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့ၿပီး ဓားျဖင့္ရန္ျပဳသူ တစ္ဦးအား အေသဖမ္းဆီးရမိခဲ့သည္။

ရခိုင္ျပည္နယ္ ဘူးသီးေတာင္-ေမာင္ေတာေဒသ ေမယုေတာင္ေၾကာေပၚတြင္ ေက်းရြာသားမ်ားအား ေခၚယူကာ ညအခ်ိန္တြင္ အၾကမ္းဖက္သင္တန္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း ဇြန္ ၂၀ ရက္ နံနက္ပိုင္းကသိရ၍ လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားမွ သြားေရာက္ရွင္းလင္းရာ မသကၤာသည့္ လူသြားလမ္းေၾကာင္းမ်ားကို ေတြ႕ရွိရသျဖင့္ ၄င္းပတ္၀န္းက်င္တစ္၀ိုက္အား ရွင္းလင္းရာ တစ္ေပခန္႔ရွိ ေဒသႏၱရ လုပ္ေသနတ္ ၂ လက္၊ ၉ မမက်ည္ တစ္ေတာင့္၊ အလ်ား ေပ ၂၀ ၊ အနံ ၁၀ ေပခန္႔ရွိ တဲတစ္လံုး၊ အလ်ား ေပ ၄၀ အနံ ၁၀ ေပရွိ တဲတစ္လံုး၊ အလ်ား ေပ ၄၀ အနံ ေပ ၃၀ ရွိ တဲတစ္လံုး၊ အလ်ား ေပ ၂၀ အနံ ၁၀ ေပ တဲ တစ္လံုး စုစုေပါင္း လူေနတဲ ၅ လံုး၊ ယမ္းေပ်ာ့(အညိဳေရာင္) ၅၀ က်ပ္သား တစ္ထုပ္၊ ယမ္းမႈန္႔အနက္ေရာင္ တစ္ပိသာခန္႔ တစ္ထုပ္၊ ဆန္ ၅ အိတ္၊ ၾကက္သြန္နီ တစ္အိတ္၊ အာလူးတစ္ပိသာ၊ သစ္သား ေသနတ္ အေခ်ာင္း ၂၀၊ ေပါက္ျပား ၅ ေခ်ာင္း၊ ေဂၚျပား ၅ ေခ်ာင္း၊ ေပါက္ခၽြန္း သံုးေခ်ာင္း၊ အ၀ါေရာင္ ၀ါယာႀကိဳးႏွစ္ေခြ(ေပ ၄၀၀ ခန္႔)၊ ႏွစ္ပင္လိမ္၀ါယာႀကိဳး ႏွစ္ေခြ (ေပ ၂၀ ခန္႔)၊ Bushnell တံဆိပ္ပါ မွန္ေျပာင္း တစ္လက္၊ ဂြမ္းေစာင္ ၆ ထည္၊ အမ်ိဳးသား၀တ္အက်ီၤ ၄၅ ထည္၊ ပုဆိုး ၄၅ ထည္၊ အမ်ိဳးသမီး၀တ္အက်ီၤ အထည္ ၂၀၊ မ်က္ႏွာဖံုးစြပ္ (အနက္) အထည္ ၂၀ တို႔ကို ေတြ႕ရွိရသည္။

လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားက ဆက္လက္ရွင္းလင္းရာ တဲအနီးတြင္ အက်ယ္ ၅ ေပ၊ အျမင့္ ၄ ေပခြဲ၊ အရွည္ေပ ၈၀ ခန္႔ရွိ လူလုပ္ လိႈဏ္ေခါင္းတစ္ခုအား ေတြ႕ရွိရၿပီး ၀င္ေရာက္ရွင္းလင္းရာ လိႈဏ္ေခါင္းအတြင္း အသက္ ၃၅ ႏွစ္ခန္႔ရွိ အမ်ိဳးသားတစ္ဦးက အရွည္တစ္ေပခြဲခန္႔ရွိသည့္ ဓားျဖင့္ ထြက္ခုတ္ခဲ့ရာ လံုၿခံဳေရးတပ္ဖြဲ႕၀င္ တစ္ဦးမွ ျပန္လည္ခုခံခဲ့သျဖင့္ အဆိုပါအမ်ိဳးသားမွာ ေသဆံုးသြားေၾကာင္း သိရသည္။

ယေန႔ ဇြန္ ၂၁ ရက္ ညေန ၃ နာရီ ၁၅ မိနစ္တြင္ လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားက အထက္ပါလိႈဏ္ေခါင္းအား ၀င္ေရာက္ရွင္းလင္းရာ အနက္ေရာင္မ်က္ႏွာဖံုးစြပ္ထားသည့္ အၾကမ္းဖက္သမားတစ္ဦးက ပုန္းကြယ္ေနရာမွ ရုတ္တရက္ထြက္လာၿပီး လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားအား ဓားျဖင့္ခုတ္ေသာေၾကာင့္ လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားက ျပန္လည္ခုခံပစ္ခတ္ရာ ယင္းမ်က္ႏွာဖံုးစြပ္ထားသူအား ထိမွန္၍ ေနရာတြင္ပင္ ေသဆံုးခဲ့သည္။ ဆက္လက္ရွင္းလင္းရာ လိႈဏ္ေခါင္းအဆံုးၾကမ္းျပင္၌ ေျမႀကီးမ်ား ဖံုးအုပ္၍ ပုန္းကြယ္ေနသည့္ မ်က္ႏွာဖံုးစြပ္ တစ္ဦး၏ ဦးေခါင္းအား လံုၿခံဳေရးတပ္ဖြဲ႕၀င္တစ္ဦးမွ နင္းမိခဲ့ရာ ျပန္လည္တိုက္ခိုက္ရန္ ႀကိဳးပမ္းခဲ့သျဖင့္ လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားက ျပန္လည္ခုခံရွင္းလင္းခဲ့ရာ ေနရာတြင္ပင္ ေသဆံုးခဲ့သည္။

အဆိုပါေနရာအား ဆက္လက္ရွင္းလင္းရာ ကုလားပဲ အိတ္ ၁၀၀ ခန္႔၊ ဆီ ၁၀ ပိသာပံုး ၅ ပံုး ထပ္မံ သိမ္းဆည္း ရမိခဲ့သည္။ျဖစ္စဥ္ႏွင့္ပတ္သက္၍ လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားက ဆက္လက္၍ နယ္ေျမရွင္းလင္းေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ေမာင္ေတာေဒသတြင္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး၊ ျပည္သူမ်ား စိတ္ေအးခ်မ္းသာစြာ လုပ္ကိုင္သြားလာေနထိုင္ စားေသာက္ႏိုင္ေရးအတြက္ ႏိုင္ငံေတာ္မွ စီမံေဆာင္ရြက္ေနမႈ မ်ားကို မ်က္ကြယ္ျပဳလ်က္ အၾကမ္းဖက္လုပ္ရပ္မ်ား ေဆာင္ရြက္ရန္ကိုသာ ဦးတည္ရည္ရြယ္၍ လွ်ိဳ႕၀ွက္ႀကံစည္ ေဆာင္ရြက္ေနမႈမ်ားကို ေတြ႕ရွိရပါသည္။

ျဖစ္စဥ္မ်ားမွာ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီ ၄ ရက္ မြန္းလြဲပိုင္းကလည္း ေမာင္ႀကီးေတာင္ေက်းရြာ၌ အၾကမ္းဖက္သင္တန္း တက္ေရာက္ခဲ့သူ ဂူမူရွဴး ၁၉ ႏွစ္ပါ (၄)ဦးအား လုပ္ေသနတ္ ၁၃ လက္ အပါအ၀င္ ဆက္စပ္ပစၥည္းမ်ား၊ မတ္ ၇ ရက္ ညေနပိုင္းက ဘူးသီးေတာင္ၿမိဳ႕နယ္ တင္းေပေက်းရြာအနီး လ်ိဳေျမာင္အတြင္း၌ အၾကမ္းဖက္သင္တန္းသား ေမာ္လ၀ီအဒူလာမိန္ အား ဖမ္းဆီးရမိၿပီး လူေနတဲ ၄ လံုးႏွင့္ လူ႕အသံုးအေဆာင္ ပစၥည္းမ်ား၊ ေမ ၄ ရက္ ညေနပိုင္းကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ သဲနီေက်းရြာအေနာက္ဖက္ေတာစပ္၌ ေပါက္ကြဲမႈျဖစ္ပြား၍ စာကိုင္းေက်းရြာေန ႏိုအာေလာင္ ၂၅ ႏွစ္ပါ ၂ ဦးေသဆံုးခဲ့ၿပီး ေတာစပ္ပတ္၀န္းက်င္မွ လက္လုပ္မိုင္း ျပဳလုပ္သည့္ ယမ္း၊ ကန္႔ႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ လူ႕အသံုးအေဆာင္ပစၥည္းမ်ား၊ ေမ ၂၆ ရက္ နံနက္ပိုင္းတြင္ ေမာင္ေတာၿမိဳ႕နယ္ သာ၀န္ေခ်ာင္းေက်းရြာရွိ မာမတ္ေရွာ္ဖီ အိမ္ၿခံ၀င္းအတြင္းမွ အရွည္တစ္ေပခြဲ ခန္႔ရွိ လုပ္ေသနတ္ (၃)လက္ႏွင့္ က်ည္ဆန္မ်ား၊ ေမ ၁ ရက္ေန႔ ရက္စြဲျဖင့္ လူ (၂၀)ဦးအား လစာေငြထုတ္ေပး ၿပီးေၾကာင္း ေျပစာ(၁)ေစာင္၊ ေမ ၂၉ ရက္ ညတြင္ ေမာင္ေတာၿမိဳ႕နယ္ ေလယာဥ္ကြင္းရြာႏွင့္ ေလယာဥ္ကြင္းေခ်ာင္းအနီး မ်က္ႏွာဖံုးစြပ္လ်က္ ၿခံဳေတာအတြင္း ပုန္းေအာင္းေနသည့္ သေရကုန္းတန္း အေနာက္ရြာေန အၾကမ္းဖက္ စစ္သင္တန္းတက္ေရာက္ၿပီးသူ အဒူရာမန္ (၂၇)ႏွစ္ပါ ႏွစ္ဦးတို႔အား ဖမ္းဆီးမိခဲ့ၿပီး စစ္ေဆးေမးျမန္းခဲ့ရာ ဘာသာေရးအစြန္းေရာက္အဖြဲ႕မွ ေခါင္းေဆာင္ပါ (၁၂)ဦးတို႔သည္ ရာအိမ္မွဴးႏွင့္ ဆယ္အိမ္မွဴး တို႔အား လုပ္ႀကံသတ္ျဖတ္ရန္ ႀကံစည္ေနေၾကာင္း၊ တစ္ရြာတည္းေန ေဂ်ာ္ဒီဟူေဆာင္း ေနအိမ္၌ စစ္သင္တန္းမ်ား သင္ၾကားေပးျခင္း၊ သိုင္း သင္တန္းသင္ျခင္း၊ ေက်းရြာသူ ေက်းရြာသားမ်ားအား အၾကမ္းဖက္ သင္တန္းမ်ား တက္ေစရန္ စည္းရံုးျခင္း၊ ဖူတူးယာ(ခ) ေအနာတူလာ ပါ (၁၂)ဦးအား လက္နက္ျဖင့္ ေလ့က်င့္ေပးျခင္း၊ ေက်းရြာအမာခံလူငယ္မ်ားအား (၅)လၾကာ သင္တန္းေပးလ်က္ရွိေၾကာင္း၊ တစ္ဦးလွ်င္ လစာေငြ (၂)သိန္းေပးေၾကာင္း၊ သင္တန္းဆရာ ဟာဘတ္မာေတာရ္လာ အား ျပည္ပႏိုင္ငံအခ်ိဳ႕မွ ေငြမ်ားပို႔ေပး ေၾကာင္း၊ ေမ ၃၁ ရက္ ညေနပိုင္းက ေခ်ာင္းကုလားေျမာက္ရြာ ေနအိမ္တစ္လံုးမွ စကားေျပာစက္ အလံုး (၄၀)ႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ ဇြန္ ၁၅ ရက္ ညပိုင္းတြင္ ဘူးသီးေတာင္ၿမိဳ႕နယ္ ေသကံရြာ၌ အၾကမ္းဖက္သင္တန္း တက္ေရာက္ၿပီးသူ ေက်ာက္လွျပင္ေက်းရြာေန ကာဒိလ္ဟူေဆာင္း (၃၀)ႏွစ္အား ေတြ႕ရွိ၍ ဖမ္းဆီး ေခၚယူ စစ္ေဆးခဲ့သည္။

ဖမ္းဆီးထားသည့္ ကာဒိလ္ဟူေဆာင္း အား စစ္ေဆးေမးျမန္းခဲ့ရာ ၂၀၁၂ ခုႏွစ္ ဒီဇင္ဘာလတြင္ လက္၀ဲဒက္ျပင္ ရွည္ရြာဥကၠ႒ ဒီမာေမာက္ေနအိမ္အား ဓားျပတိုက္ရာ၌ ပါ၀င္ခဲ့၍ ေထာင္ဒဏ္(၇)ႏွစ္က်ခံခဲ့ၿပီး ၂၀၁၆ ေအာက္တိုဘာ ၂ ရက္ေန႔တြင္ ဘူးသီးေတာင္အက်ဥ္းေထာင္မွ လြတ္ေျမာက္ခဲ့ေၾကာင္း၊ ၂၀၁၇ ဧၿပီ ၂ ရက္မွ ေမ ၁၄ ရက္ေန႔ထိ ေမယုေတာင္၏ အေနာက္ဘက္ျခမ္း ေတာင္အလယ္ခန္႔တြင္ ေတာင္နံရံအားထြင္း၍ ေပ (၁၁၀)ခန္႔အက်ယ္ရွိသည့္ လိႈဏ္ေခါင္း (၁)ခုႏွင့္ ေရွ႕မ်က္ႏွာတြင္ ေပ (၂၀၀) ပတ္လည္ခန္႔ ေျမျပင္၌ အၾကမ္းဖက္သင္တန္းအား ေက်ာက္လွျပင္ေက်းရြာေန ၄င္းႏွင့္ ႏိုရာေမာက္ (ဘ)အာလီယာေဘာ္ တို႔ပါ (၅)ဦး အပါအ၀င္ အင္အား (၁၀၀)ဦးခန္႔ တက္ေရာက္ခဲ့ေၾကာင္း၊ နည္းျပအျဖစ္ ေမာင္ေတာၿမိဳ႕နယ္ ဟန္ဒက္ရြာေန ေမာ္လ၀ီအီလီယာစ္ ဦးေဆာင္၍ သင္တန္းသား (၁၀၀)ဦးခန္႔အား ကရာေတး တိုက္ခိုက္နည္း ပညာမ်ားႏွင့္ လက္နက္ငယ္ ပစ္ခတ္နည္း(ေသနတ္အစား တုတ္ျဖင့္) သင္ၾကားေပးေၾကာင္း၊ သင္တန္းခ်ိန္အား နံနက္ ၆ နာရီမွ ၉ နာရီထိ၊ ညေန ၃ နာရီမွ ၅ နာရီ အထိျဖစ္ေၾကာင္း၊ သင္တန္းဆင္းပြဲတြင္ အၾကမ္းဖက္သင္တန္းေပး သည့္ ကိစၥရပ္မ်ားအား လွ်ိဳ႕၀ွက္ထားရန္ ကုရ္အာက်မ္းကိုင္ၿပီး သစၥာဆိုခဲ့ေၾကာင္း၊ ေမာ္လ၀ီအီလီယာစ္မွ ၄င္းတို႔အား ေတာထဲတြင္ လႈပ္ရွားေနထိုင္ရန္ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ သင္တန္း ဆက္လက္တက္ေရာက္ ရမည္ျဖစ္ေၾကာင္း၊ ေမာ္လ၀ီအီလီယာစ္ ပါ (၅)ဦးမွ ေက်းရြာတြင္ မိသားစုမ်ားရွိသျဖင့္ ေခတၱ သြားေရာက္ရန္ ခြင့္ေတာင္းရာ ေက်းရြာတြင္ လူသစ္စုေဆာင္းရန္ႏွင့္ ျပန္လာလွ်င္တစ္ဦးလွ်င္ ၅၀,၀၀၀ က်ပ္စီ ယူေဆာင္ခဲ့ရန္ မွာၾကားခဲ့ေၾကာင္း၊ ေက်းရြာတြင္ ေနထိုင္စဥ္ လူငယ္မ်ားအား အၾကမ္းဖက္သင္တန္းတက္ေရာက္ရန္ စည္းရံုးလ်က္ရွိရာ လူသစ္မရရွိေသးဘဲ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္းသိရွိရသည္။

ဇြန္ ၂၀ ရက္ နံနက္ ၁ နာရီခန္႔တြင္ လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားသည္ သတင္းအရ ကြၽန္းေဂါင္းေက်းရြာအား ၀င္ေရာက္ရွင္းလင္းရာ Arakan Rohigya Salvation Army-ARSA အဖြဲ႕၏ ဘ႑ာေရးတာ၀န္ခံ ေမာ္လ၀ီဂ်ီရာဘူရာမန္အား ေနအိမ္၌ဖမ္းဆီးရမိခဲ့ၿပီး စစ္ေဆးလ်က္ရွိေၾကာင္းသိရသည္။ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာ အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္စဥ္ကို Aqua Mul Mujahidin- AMM အဖြဲ႕က ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိ
ရၿပီး ၎အဖြဲ႕အျပင္ Rohingya National Security Committee -RNSA အဖြဲ႕လည္း ရွိေၾကာင္းသိရသည္။

အဆိုပါအဖြဲ႕ႏွစ္ဖြဲ႕ေပါင္း၍ Arakan Rohigya Salvation Army-ARSA အဖြဲ႕အျဖစ္ ၂၀၁၇ ခုႏွစ္မတ္ ၁၅ ရက္တြင္ စတင္ေျပာင္းလဲဖြဲ႕စည္းခဲ့ေၾကာင္းသိရၿပီး စစ္ေရးတာ၀န္ခံမွာ AquaMul Mujahidin- AMM အဖြဲ႕မွ ဟာဗစ္ဒူဟာ ျဖစ္ေၾကာင္းသိရသည္။ ေမာင္ေတာေဒသအတြင္း အၾကမ္းဖက္နည္းျဖင့္ၿခိမ္းေျခာက္ကာ ၾသဇာလႊမ္းမိုးထိန္း ခ်ဳပ္ႏိုင္ရန္ရည္ရြယ္၍ ေက်းရြာဆယ္အိမ္မွဴး၊ ရာအိမ္မွဴးႏွင့္ စာၾကည့္တုိက္မွဴးအပါအ၀င္ အျပစ္မဲ့ျပည္သူ ၃၄ ဦးတုိ႔အား နည္းမ်ဳိးစုံျဖင့္သတ္ျဖတ္ျခင္း၊ အျပစ္မဲ့ျပည္သူ ၂၂ ဦးအား ဖမ္းဆီးေခၚေဆာင္သြားျခင္းမ်ားလည္း ျပဳလုပ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး သတင္းထုတ္ျပန္ေရးေကာ္မတီမွ သတင္း ထုတ္ျပန္ထားေၾကာင္း သတင္းရရွိသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: