Home News တူတော်စပ်သူကို အိမ်ရှေ့စံရာထူးမှ ဖယ်ရှားပြီး သားဖြစ်သူကို အိမ်ရှေ့စံတင်လိုက်တဲ့ ဆော်ဒီဘုရင်

တူတော်စပ်သူကို အိမ်ရှေ့စံရာထူးမှ ဖယ်ရှားပြီး သားဖြစ်သူကို အိမ်ရှေ့စံတင်လိုက်တဲ့ ဆော်ဒီဘုရင်

0

ဆော်ဒီဘုရင် ဆောလ်မန်းဟာ တူတော်စပ်သူ မိုဟာမက်ဘင်နာယက်ဖ် ကိုအိမ်ရှေ့စံရာထူးမှ ဖယ်ရှားလိုက်ပြီး သားဖြစ်သူ မိုဟာမက် ဘင် ဆာလ်မန် ကို အိမ်ရှေ့စံနေရာသို့ ပြောင်းလဲခန့်အပ် လိုက်ပါတယ်လို့သိရပါတယ်။

မိုဟာမက် ဘင် ဆာလ်မန်ဟာ အသက်၃၁နှစ် အရွယ်ရှိနေပြီး နိုင်ငံရဲ့စီးပွားရေး ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွေကို ကြီးကြပ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အိမ်ရှေ့စံရာထူးဖြစ်သွားသော်လည်း မင်းသား မိုဟာမက် ဘင်ဆာလ်မန် ကတော့ လက်ရှိတာဝန်ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ယီမင်နိုင်ငံ၏ ပြည်တွင်းစစ်တွင်လဲ စစ်ရေးအရပါဝင်ပေးနေတဲ့ ဆော်ဒီရဲ့စစ်ရေးဆောင်ရွက်ချက်တွေကို ဦးဆောင်နေသူ တစ်ဦးဆိုလဲ မမှားပါဘူး။

မိုဟာမက် ဘင် နာယက်ဖ် ဟာ အိမ်ရှေ့စံရာထူးကို ဖယ်ပေးလိုက်ရသည့်အပြင် ပြည်ထဲရေးဝန်ကြီး နေရာကနေပါ ဖယ်ရှားပေးလိုက်ရပါတယ်။ သို့သော်လည်း အိမ်ရှေ့စံဖြစ်လာသော ဆာလ်မန်အပေါ် သစ္စာခံသွားမည်ဟု ကတိပြုခဲ့ ကြောင်း ဆော်ဒီ မီဒီယာများ၏ ရေးသားထုတ်ပြန်ချက်အရ သိရှိရသည်။

Zawgyi Font : တူေတာ္စပ္သူကို အိမ္ေရွ႕စံရာထူးမွ ဖယ္ရွားျပီး သားျဖစ္သူကို အိမ္ေရွ႕စံတင္လုိက္တဲ့ ေဆာ္ဒီဘုရင္

ေဆာ္ဒီဘုရင္ ေဆာလ္မန္းဟာ တူေတာ္စပ္သူ မိုဟာမက္ဘင္နာယက္ဖ္ ကိုအိမ္ေရွ႕စံရာထူးမွ ဖယ္ရွားလိုက္ျပီး သားျဖစ္သူ မိုဟာမက္ ဘင္ ဆာလ္မန္ ကို အိမ္ေရွ႕စံေနရာသို႔ ေျပာင္းလဲခန္႔အပ္ လိုက္ပါတယ္လို႔သိရပါတယ္။

မိုဟာမက္ ဘင္ ဆာလ္မန္ဟာ အသက္၃၁ႏွစ္ အရြယ္ရွိေနျပီး ႏိုင္ငံရဲ႕စီးပြားေရး ျပဳျပင္ေျပာင္းလဲေရး စီမံကိန္းေတြကို ၾကီးၾကပ္ေနသူတစ္ဦးလည္း ျဖစ္ပါတယ္။ အိမ္ေရွ႕စံရာထူးျဖစ္သြားေသာ္လည္း မင္းသား မိုဟာမက္ ဘင္ဆာလ္မန္ ကေတာ့ လက္ရွိတာ၀န္ကို ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ ဒါ့အျပင္ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ယီမင္ႏိုင္ငံ၏ ျပည္တြင္းစစ္တြင္လဲ စစ္ေရးအရပါ၀င္ေပးေနတဲ့ ေဆာ္ဒီရဲ႕စစ္ေရးေဆာင္ရြက္ခ်က္ေတြကို ဦးေဆာင္ေနသူ တစ္ဦးဆိုလဲ မမွားပါဘူး။

မိုဟာမက္ ဘင္ နာယက္ဖ္ ဟာ အိမ္ေရွ႕စံရာထူးကို ဖယ္ေပးလိုက္ရသည့္အျပင္ ျပည္ထဲေရး၀န္ၾကီး ေနရာကေနပါ ဖယ္ရွားေပးလိုက္ရပါတယ္။ သို႕ေသာ္လည္း အိမ္ေရွ႕စံျဖစ္လာေသာ ဆာလ္မန္အေပၚ သစၥာခံသြားမည္ဟု ကတိျပဳခဲ့ ေၾကာင္း ေဆာ္ဒီ မီဒီယာမ်ား၏ ေရးသားထုတ္ျပန္ခ်က္အရ သိရွိရသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: