Home Knowledge အီသီယိုးပီးယား ကော်ဖီက ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့နောက်ဆုံး သားကောင်လား

အီသီယိုးပီးယား ကော်ဖီက ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့နောက်ဆုံး သားကောင်လား

0

ရာသီဥတုပြောင်းလဲမှုက အနာဂတ်မှာ သင့် ရဲ့ ယားယံမှုရောဂါကို ပို၍ ဆိုးရွားစေပါလိမ့်မယ်။ ဆိုလိုတာက ကမ်းခြေမှာ ရှိနေတဲ့ သင့် အိမ်ရဲ့မြေအောက်ခန်းကို ရေလွှမ်းသလိုမျိုး၊ ပြီးတော့ ပြန်လည် အစားထိုးလို့ မရနိုင်တဲ့ သင့် မနက် ခင်းရဲ့ ကဖိန်းဓာတ် တွေကို တစ်စစီ ဖဲ့ခြွေခံရသလိုမျိုးပေါ့။ အကယ်၍များ ကော်ဖီတွေကို အီသီယိုးပီးယားက ရနေဦးမယ်ဆိုရင်ပေါ့။

black_gold_coffee_ethiopia

ဒီရာစုနှစ် အကုန်လောက်မှာ နိုင်ငံတော်တော်များများ ရဲ့တစ်ဝက်လောက်က ကော်ဖီစိုက်ပျိုးဖို့ အတွက် ဖြစ်နိုင်ခြေ အလွန်နည်းပါးသွားပါလိမ့်မယ် လို့ Nature Plants ကို ထုတ်ဝေတဲ့ လေ့လာသူတွေကဆို ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အာဗရီက ကော်ဖီတွေကို စိုက်ပျိုးဖို့အတွက် သင့်တင့်ပူနွေး သော ရာသီဥတုကို အလိုရှိနေလို့ ဖြစ်ပါတယ်။ အများအားဖြင့် ကော်ဖီပင်ဖြစ်ထွန်းလာဖို့ အပူချိန် ၅၉ ဒီဂရီ ကနေ ၇၅ ဒီဂရီ လောက် လိုပါတယ်။ လေ့လာသူတွေ ပြောကြတာကတော့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် အီသီယိုးပီးယား ရဲ့ မြေအနေအထား ဟာ ပိုပြီးခြောက်သွေ့ လာပါတယ်။ ဆိုလိုတာက ၄၀ ကနေ ၆၀ % သော ကော်ဖီစိုက်ခင်းတွေက ပဲပင် တွေ စိုက်ပျိုးဖို့ အတွက်တောင် မဖြစ်နိုင် တော့ပါဘူး။

အမှန်တော့ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ဟာ ကော်ဖီ စိုက်တဲ့ တောင်သူတွေကို ဒုက္ခပေးပြီးလောက်ပါပြီ။ နေ့ နဲ့ ညတွေဟာ ပိုပူလာပြီး ရာသီဥတုကလည်း ခန့်မှန်းလို့မရလောက် အောင် ဆိုးရွားနေပါတယ်။ ပူတဲ့နေ့ တွေက ပိုပူလာပြီးတော့ မိုးရွာတဲ့နေ့တွေဆိုရင် မိုး ပိုရွာလာပါတယ်။ ဒါဟာ ကော်ဖီထွက် နှုန်းကို ကမောက်ကမ ဖြစ်စေပြီး ပြည်တွင်းစီးပွားရေးကို ထိခိုက်လာစေပါတယ်။ အီသီယိုးပီးယားဟာ အာဖရိကရဲ့ အကြီးမားဆုံး ကော်ဖီ ထုတ်လုပ်ရာနေရာဖြစ်ပြီး တင်ပို့မှု အများဆုံးနိုင်ငံတွေ ထဲမှာ နံပါတ် ၅ ချိတ်ပါတယ်။ ၁၅ သန်းသော အီသီယိုးပီးယား လူမျိုးတွေဟာ ကော်ဖီ စိုက်ပျိုး မှုအပေါ်မှီခိုနေရ ပါတယ်။ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ဟာ အီသီယိုးပီးယား ရဲ့ အနာဂတ်ကို အန္တရာယ်ပေးနေပါပြီ။

ဒါပေမယ့် ဒီအတွက် နည်းလမ်းရှိပါတယ်။ လေ့လာသူတွေပြောကြတာက အပူချိန် မြင့်တက် ခြင်းကြောင့် မြေတွေကို နေရာမှန်မှန် နဲ့ အပူချိန် ထိန်းညှိပေး မယ်ဆိုရင် အနာဂတ်မှာ ကော်ဖီ စိုက်ပျိုးဖို့ ဖြစ်နိုင်လောက်မယ်လို့ ဆို ပါတယ်။ အမှန်ဆိုရင် စိုက်ခင်း တွေသာ များ များစားစာစား ရှိရင် ကော်ဖီခင်းတွေ ဟာလည်း လေးဆလောက် များပြားလာဖွယ် ရှိတယ် လို့လေ့လာသူတွေက ဆိုပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဖို့အတွက် နိုင်ငံအနေနဲ့ ပြင်ဆင်ဖို့လို ပါတယ်။ သန်းပေါင်းများစွာသာ လယ်သမားတွေက သူတို့ရဲ့ ကောက်ပဲသီးနှံတွေကို သူတို့ မပိုင်တဲ့ လယ် ကွက် တွေ မှာ စိုက်ဖို့ က မဖြစ်နိုင်ပြန်ပါဘူး။ အဲ့လို သာ လုပ် မယ်ဆိုရင်တော့ သေချာ အစီအစဉ် ရေးဆွဲဖို့ိုလိုပါတယ်။

သင်ယူမှုတွေ မှာ ကန့် သတ် ချက်တွေ ရှိ ပါတယ်။ ဒါကတော့ ရာသီဥတု ပြောင်းလဲမှု ပုံစံ နဲ့ ဆက်နွယ် နေပြီး ကုန်ကျစရိတ် တွေ အပေါ်အခြေခံ ပြီး မသေချာ မှု တံခါးတွေလည်း ပွင့်နေပါတယ်။ ဒါပေမယ့် လည်း ဒါက အီသီယိုးပီးယား ကုမ္ပဏီတွေကို ကယ်တင်နိုင်မယ် ဆိုတာ ကို ပြနေပါတယ်။ ပထမဆုံး လုပ်ဆောင် ရမယ့် သိသာတဲ့ ခြေလှမ်းကတော့ ဖန်လုံအိမ် ဖြစ်စေတဲ့ ဓါတ်ငွေ့ ကို လျှော့ ချပြီး ရာသီဥတုပြောင်းလဲမှုကို သတိမူနေ ဖို့ ပဲဖြစ် ပါတယ်။ လတ်တလော မှာ တော့ ဒီလေ့လာ မှု တွေ ပြနေတာကတော့ နိုင်ငံကို အဆိုးထဲ ကနေ အကောင်းဘက် ရောက်အောင် ဘယ်လို ပြင်ဆင်ရမယ် ဆိုတာပါပဲ။

Zawgyi Font : အီသီယိုးပီးယား ေကာ္ဖီက ရာသီဥတုေျပာင္းလဲမႈကို ျဖစ္ေစတဲ့ေနာက္ဆံုး သားေကာင္လား

ရာသီဥတုေျပာင္းလဲမႈက အနာဂတ္မွာ သင့္ ရဲ႕ ယားယံမႈေရာဂါကို ပို၍ ဆုိးရြားေစပါလိမ့္မယ္။ ဆိုလိုတာက ကမ္းေျခမွာ ရွိေနတဲ့ သင့္ အိမ္ရဲ႕ေျမေအာက္ခန္းကို ေရလႊမ္းသလိုမ်ိဳး၊ ၿပီးေတာ့ ျပန္လည္ အစားထိုးလို႔ မရနိုင္တဲ့ သင့္ မနက္ ခင္းရဲ႕ ကဖိန္းဓာတ္ ေတြကို တစ္စစီ ဖဲ့ေျခြခံရသလိုမ်ိဳးေပါ့။ အကယ္၍မ်ား ေကာ္ဖီေတြကို အီသီယိုးပီးယားက ရေနဦးမယ္ဆိုရင္ေပါ့။

ဒီရာစုႏွစ္ အကုန္ေလာက္မွာ နိုင္ငံေတာ္ေတာ္မ်ားမ်ား ရဲ႕တစ္၀က္ေလာက္က ေကာ္ဖီစိုက္ပ်ိဳးဖို႔ အတြက္ ျဖစ္နိုင္ေျခ အလြန္နည္းပါးသြားပါလိမ့္မယ္ လုိ႔  Nature Plants ကို ထုတ္ေ၀တဲ့ ေလ့လာသူေတြကဆို ပါတယ္။ ဒီလိုျဖစ္ရတဲ့ အေၾကာင္းအရင္းကေတာ့ အာဗရီက ေကာ္ဖီေတြကို စိုက္ပ်ိဳးဖို႔အတြက္ သင့္တင့္ပူေႏြး ေသာ ရာသီဥတုကို အလိုရွိေနလို႕ ျဖစ္ပါတယ္။ အမ်ားအားျဖင့္ ေကာ္ဖီပင္ျဖစ္ထြန္းလာဖို႔ အပူခ်ိန္ ၅၉ ဒီဂရီ ကေန ၇၅ ဒီဂရီ ေလာက္ လိုပါတယ္။ ေလ့လာသူေတြ ေျပာၾကတာကေတာ့ ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္ေၾကာင့္ အီသီယိုးပီးယား ရဲ႕ ေျမအေနအထား ဟာ ပိုၿပီးေျခာက္ေသြ႔ လာပါတယ္။ ဆိုလိုတာက ၄၀ ကေန ၆၀ % ေသာ ေကာ္ဖီစိုက္ခင္းေတြက ပဲပင္ ေတြ စိုက္ပ်ိဳးဖို႔ အတြက္ေတာင္ မျဖစ္နိုင္ ေတာ့ပါဘူး။

အမွန္ေတာ့ ရာသီဥတု ေျပာင္းလဲမႈ ျဖစ္စဥ္ဟာ ေကာ္ဖီ စိုက္တဲ့ ေတာင္သူေတြကို ဒုကၡေပးျပီးေလာက္ပါၿပီ။ ေန႔ နဲ႔ ညေတြဟာ ပိုပူလာၿပီး ရာသီဥတုကလည္း ခန္႔မွန္းလို႔မရေလာက္ ေအာင္ ဆိုးရြားေနပါတယ္။ ပူတဲ့ေန႔ ေတြက ပိုပူလာၿပီးေတာ့ မိုးရြာတဲ့ေန႕ေတြဆိုရင္ မုိုး ပိုရြာလာပါတယ္။ ဒါဟာ ေကာ္ဖီထြက္ ႏႈန္းကို ကေမာက္ကမ ျဖစ္ေစၿပီး ျပည္တြင္းစီးပြားေရးကို ထိခိုက္လာေစပါတယ္။ အီသီယိုးပီးယားဟာ အာဖရိကရဲ႕ အႀကီးမားဆုံး ေကာ္ဖီ ထုတ္လုပ္ရာေနရာျဖစ္ၿပီး တင္ပို႔မႈ အမ်ားဆုံးႏုိင္ငံေတြ ထဲမွာ နံပါတ္ ၅ ခ်ိတ္ပါတယ္။ ၁၅ သန္းေသာ အီသီယိုးပီးယား လူမ်ိဳးေတြဟာ ေကာ္ဖီ စိုက္ပိ်ဳး မႈအေပၚမွီခုိေနရ ပါတယ္။ ရာသီဥတု ေျပာင္းလဲမႈ ျဖစ္စဥ္ဟာ အီသီယိုးပီးယား ရဲ႕ အနာဂတ္ကို အႏ ၱရာယ္ေပးေနပါၿပီ။

ဒါေပမယ့္ ဒီအတြက္ နည္းလမ္းရွိပါတယ္။ ေလ့လာသူေတြေျပာၾကတာက အပူခ်ိန္ ျမင့္တက္ ျခင္းေၾကာင့္ ေျမေတြကို ေနရာမွန္မွန္ နဲ႔ အပူခ်ိန္ ထိန္းညိွေပး မယ္ဆိုရင္ အနာဂတ္မွာ ေကာ္ဖီ စိုက္ပိ်ဳးဖို႔ ျဖစ္နိုင္ေလာက္မယ္လို႕ ဆို ပါတယ္။ အမွန္ဆိုရင္ စုိက္ခင္း ေတြသာ မ်ား မ်ားစားစာစား ရွိရင္ ေကာ္ဖီခင္းေတြ ဟာလည္း ေလးဆေလာက္ မ်ားျပားလာဖြယ္ ရွိတယ္ လို႔ေလ့လာသူေတြက ဆုိပါတယ္။ ဒါေပမယ့္ ဒီလိုလုပ္ဖို႔အတြက္ ႏုိင္ငံအေနနဲ႔ ျပင္ဆင္ဖို႔လို ပါတယ္။ သန္းေပါင္းမ်ားစြာသာ လယ္သမားေတြက သူတုိ႔ရဲ႕ ေကာက္ပဲသီးႏွံေတြကို သူတို႔ မပိုင္တဲ့ လယ္ ကြက္ ေတြ မွာ စိုက္ဖို႔ က မျဖစ္နုိင္ျပန္ပါဘူး။ အဲ့လို သာ လုပ္ မယ္ဆိုရင္ေတာ့ ေသခ်ာ အစီအစဥ္ ေရးဆြဲဖုိ႔ိုလုိပါတယ္။

သင္ယူမႈေတြ မွာ ကန္႔ သတ္ ခ်က္ေတြ ရိွ ပါတယ္။ ဒါကေတာ့ ရာသီဥတု ေျပာင္းလဲမႈ ပံုစံ နဲ႔ ဆက္ႏြယ္ ေနၿပီး ကုန္က်စရိ္တ္ ေတြ အေပၚအေျခခံ ၿပီး မေသခ်ာ မႈ တံခါးေတြလည္း ပြင့္ေနပါတယ္။ ဒါေပမယ့္ လည္း ဒါက အီသီယိုးပီးယား ကုမၸဏီေတြကို ကယ္တင္နုိင္မယ္ ဆိုတာ ကို ျပေနပါတယ္။ ပထမဆုံး လုပ္ေဆာင္ ရမယ့္ သိသာတဲ့ ေျခလွမ္းကေတာ့ ဖန္လုံအိမ္ ျဖစ္ေစတဲ့ ဓါတ္ေငြ႔ ကို ေလွ်ာ့ ခ်ၿပီး ရာသီဥတုေျပာင္းလဲမႈကို သတိမူေန ဖို႔ ပဲျဖစ္ ပါတယ္။ လတ္တေလာ မွာ ေတာ့ ဒီေလ့လာ မႈ ေတြ ျပေနတာကေတာ့ နုိင္ငံကို အဆိုးထဲ ကေန အေကာင္းဘက္ ေရာက္ေအာင္ ဘယ္လို ျပင္ဆင္ရမယ္ ဆိုတာပါပဲ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: