မန်ယူအသင်းကို ပြောင်းရွှေ့ကစားဖို့ အခြေအနေတော်တော်များများဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အဲဗာရိုမိုရာတာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရီးရဲလ်အသင်း ဥက္ကဌဖြစ်သူ ဖလော်ရန်တီနိုပီရက်ဇ်က ဖြေရှင်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ဂိုးတွေတောက်လျှောက်သွင်းပေးခဲ့သူ ဆွီဒင်တိုက်စစ်မှူး ဇလာတန်အီဗရာဟီမိုဗစ်နဲ့ လမ်းခွဲခဲ့တာကြောင့် တိုက်စစ်မှူးအသစ်တစ်ယောက်ကို ခေါ်ယူဖို့ အသည်းအသန် ရှာဖွေနေတာဖြစ်ပါတယ်။ မန်ယူအသင်း ခေါ်ယူလိုနေတဲ့ တိုက်စစ်မှူးတွေထဲမှာ အဲဗာတန်တိုက်စစ်မှူး လူကာကူ ၊ တိုရီနို ဘလော့တီနဲ့ ရီးရဲလ်တိုက်စစ်မှူး မိုရာတာတို့ဖြစ်ပါတယ်။ ဒီကစားသမားသုံးယောက်ထဲကမှ မိုရာတာက မန်ယူကိုရောက်ဖို့ အနီးစပ်ဆုံးဖြစ်နေပြီး လာမယ့်တစ်ပတ်အတွင်းမှာပဲ အပြောင်းအရွှေ့ အပြီးသတ်ဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ရှိနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီသတင်းများနဲ့ပတ်သက်ပြီး ရီးရဲလ်ဥက္ကဌပီရက်ဇ်က မိုရာတာအပါအဝင် စီရိုနယ်ဒိုနဲ့ ဂျိမ်းစ်ရိုဒရီဂွက်တို့အတွက်ပါ ဘယ်အသင်းဆီကမှ ကမ်းလှမ်းမှုတွေ မရှိရသေးပါကြောင်း ရှင်းလင်းတုန့်ပြန်သွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုတစ်ရပ်အနေနဲ့ ဘင်ဖီကာအသင်းရဲ့ ဆွီဒင်နောက်ခံလူ ဗစ်တာလင်ဒီအော့ကို ပေါင်သန်းသုံးဆယ်ဝန်းကျင်နဲ့ ခေါ်ယူအားဖြည့်ခဲ့ပြီး နောက်ထပ် သန်းတစ်ရာ့ငါးဆယ်ခန့်လောက် ထပ်မံသုံးစွဲသွားဖွယ် ရှိလို့နေပါတယ်ခင်ဗျာ။
Zawgyi Font : မုိရာတာရဲ႕အေျပာင္းအေရႊ႕နဲ႕ပတ္သက္ၿပီး ရီးရဲလ္ဥကၠဌရွင္းလင္း
မန္ယူအသင္းကုိ ေျပာင္းေရႊ႕ကစားဖုိ႔ အေျခအေနေတာ္ေတာ္မ်ားမ်ားျဖစ္ေနတဲ႔ ရီးရဲလ္မက္ဒရစ္ တုိက္စစ္မွဴး အဲဗာရုိမုိရာတာရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ရီးရဲလ္အသင္း ဥကၠဌျဖစ္သူ ဖေလာ္ရန္တီႏုိပီရက္ဇ္က ေျဖရွင္းမႈေတြ ျပဳလုပ္သြားခဲ႔ပါတယ္။
မန္ယူအသင္းဟာ ၿပီးခဲ႔တဲ႔ရာသီက အသင္းအတြက္ ဂုိးေတြေတာက္ေလွ်ာက္သြင္းေပးခဲ႔သူ ဆြီဒင္တုိက္စစ္မွဴး ဇလာတန္အီဗရာဟီမုိဗစ္နဲ႔ လမ္းခြဲခဲ႔တာေၾကာင့္ တုိက္စစ္မွဴးအသစ္တစ္ေယာက္ကုိ ေခၚယူဖုိ႔ အသည္းအသန္ ရွာေဖြေနတာျဖစ္ပါတယ္။ မန္ယူအသင္း ေခၚယူလုိေနတဲ႔ တုိက္စစ္မွဴးေတြထဲမွာ အဲဗာတန္တုိက္စစ္မွဴး လူကာကူ ၊ တုိရီႏုိ ဘေလာ့တီနဲ႔ ရီးရဲလ္တုိက္စစ္မွဴး မုိရာတာတုိ႔ျဖစ္ပါတယ္။ ဒီကစားသမားသုံးေယာက္ထဲကမွ မုိရာတာက မန္ယူကုိေရာက္ဖုိ႔ အနီးစပ္ဆုံးျဖစ္ေနၿပီး လာမယ့္တစ္ပတ္အတြင္းမွာပဲ အေျပာင္းအေရႊ႕ အၿပီးသတ္ဖြယ္ရွိေနတယ္လုိ႔ သတင္းေတြထြက္ရွိေနတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီသတင္းမ်ားနဲ႔ပတ္သက္ၿပီး ရီးရဲလ္ဥကၠဌပီရက္ဇ္က မုိရာတာအပါအဝင္ စီရုိနယ္ဒုိနဲ႔ ဂ်ိမ္းစ္ရုိဒရီဂြက္တုိ႔အတြက္ပါ ဘယ္အသင္းဆီကမွ ကမ္းလွမ္းမႈေတြ မရွိရေသးပါေၾကာင္း ရွင္းလင္းတုန္႔ျပန္သြားခဲ႔ပါတယ္။
မန္ယူအသင္းဟာ ေဘာလုံးရာသီသစ္အတြက္ ျပင္ဆင္မႈတစ္ရပ္အေနနဲ႔ ဘင္ဖီကာအသင္းရဲ႕ ဆြီဒင္ေနာက္ခံလူ ဗစ္တာလင္ဒီေအာ့ကုိ ေပါင္သန္းသုံးဆယ္ဝန္းက်င္နဲ႔ ေခၚယူအားျဖည့္ခဲ႔ၿပီး ေနာက္ထပ္ သန္းတစ္ရာ့ငါးဆယ္ခန္႔ေလာက္ ထပ္မံသုံးစြဲသြားဖြယ္ ရွိလုိ႔ေနပါတယ္ခင္ဗ်ာ။