ပြင်သစ်မှာ ပြုလုပ်တဲ့ Skytrax ရဲ့လေကြောင်းပြပွဲကြီးမှာ ၂၀၁၇ခုနှစ်ရဲ့ ကမ္ဘာ့ အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် ကာတာ လေကြောင်းလိုင်းကို ရွေးချယ်ချီးမြှင့်ခဲ့ကြတယ်လို့ CNN သတင်းအရသိရပါတယ်။ ပြင်သစ်မှာပြုလုပ်တဲ့ ဒီလေကြောင်းပြပွဲဟာ ၅၂ ကြိမ်မြောက် လေကြောင်းပြပွဲလည်းဖြစ်ပါတယ်။ ကာတာလေကြောင်းလိုင်းဟာ ၂၀၁၁ ခုနှစ်ကတည်းက စပြီး လေးကြိမ်မြောက်ရရှိခဲ့တဲ့ဆုလည်းဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်မှာမှ စတင်ထူထောင်ခဲ့တဲ့ ကာတာလေကြောင်းလိုင်းဟာ အရှိန်အဟုန်နဲ့ တိုးတက်လာပြီး ကမ္ဘာ့တိုက်ကြီး ခြောက်တိုက်ကို ပတ်ကာ ဝန်ဆောင်မှုပေးနေတဲ့ လေကြောင်းလိုင်းလည်းဖြစ်ပါတယ်။ ကာတာနိုင်ငံ ဒိုဟာကနေ လေယာဉ်ပေါင်း ၁၇၄ စင်းနဲ့ ခရီးစဉ်ပေါင်း ၁၅၀ ကို ပြေးဆွဲပေးနေပါတယ်။ ဒီလိုအောင်မြင်နေတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်ပေမယ့် ပြောဆိုစရာကိစ္စရပ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် အစ္စလာမ်မစ် အကြမ်းဖက်တွေကို အထောက်အပံ့ပေးနေတယ်လို့ စွပ်စွဲခံနေရတဲ့ နိုင်ငံတွင်းက ပြဿနာတွေကြောင့် ခရီးစဉ် ၁၈ ခု ဆုံးရှုံးခဲ့ရပြီး တစ်နေ့ လေယာဉ်ခရီးစဉ် ၅၀ အထိ ရပ်နားခဲ့ရပါတယ်။
ဒုတိယ အကောင်းဆုံး လေကြောင်းလိုင်းကတော့ အာဆီယံဒေသရဲ့ အချမ်းသာဆုံးနိုင်ငံက စင်ကာပူလေကြောင်းလိုင်း (Singapore Airline)ဖြစ်ပါတယ်။ စင်ကာပူလေကြောင်းလိုင်းက အာရှမှာတော့ အကောင်းဆုံး လေကြောင်းလိုင်းဖြစ်ပါတယ်။
တတိယကတေ့ ဂျပန်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ ANA ဖြစ်ပါတယ်။ ANA ကို ကမ္ဘာ့လေဆိပ်ဝန်ဆောင်မှု အကောင်းဆုံး ဆုတစ်ဆုကိုလည်း ပေးအပ်ချီးမြှင့်ပါသေးတယ်။
စတုတ္ထမြောက် အကောင်းဆုံးလေကြောင်းလိုင်းကတော့ ဒူဘိုင်းအခြေစိုက် Emirates လေကြောင်းလိုင်းဖြစ်ပါတယ်။ ယမန်နှစ်ကလည်း ဒီဆုကိုရရှိခဲ့သလို လေယာဉ်စီး ခရီးသည်များအတွက် အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုဆုကိုလည်း ရရှိခဲ့ပါတယ်။
ဟောင်ကောင်အခြေစိုက် Cathay Pacific ကတော့ ပဉ္စမဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ခုနောက်ပိုင်းမှာ အလျင်အမြန်တိုးတက်လာနေတဲ့ ထိုင်ဝမ်ပိုင် EVA လေကြောင်းလိုင်းကတော့ ကမ္ဘာ့ ဆဌမ နေရာကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် EVA ဟာ စီးပွားရေးလုပ်ငန်းရှင်တွေစီးတဲ့ အထူးတန်း ကောင်းဆုံးဆုနဲ့ လေယာဉ်အတွင်းပိုင်း သန့်ရှင်းမှု အရှိဆုံးဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါသေးတယ်။
ဥရောပမှာ အကောင်းဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ ဂျာမဏီရဲ့ Lufthansa ကတော့ ကမ္ဘာ့အကောင်းဆုံး သတ္တမဆုကို လက်ခံရရှိခဲံပါတယ်။
ယူအေအီးပိုင် Etihad လေကြောင်းလိုင်းကတော့ ယခင်နှစ် ဆဌမနေရာကနေ အဌမမြောက်နေရာကို ကျဆင်းသွားခဲ့ပါတယ်။ ဒီလေကြောင်းလိုင်းက ပထမတန်း အကောင်းဆုံးဆုကိုလည်း ရရှိခဲ့ဖူးတဲ့ လေကြောင်းလိုင်းတစ်ခုလည်းဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး နဝမမြောက်လေကြောင်းလိုင်းကတော့ တရုတ်နိုင်ငံရဲ့ အကောင်းဆုံး လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Hainan လေကြောင်းလိုင်းဖြစ်ပါတယ်။ ယခင်က ကမ္ဘာ့အဆင့် (၂၂)ကနေ အဆင့် (၉) အဖြစ်သို့ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုးတက်လာတာဘဲ ဖြစ်ပါတယ်။
Top Ten ရဲ့ နောက်ဆုံးပိတ် လေကြောင်းလိုင်းကတော့ Garuda Indonesia လေကြောင်းလိုင်းပဲဖြစ်ပါတယ်။
Zawgyi Font : ဘယ္ေလယာဥ္ေတြစီးျပီး ခရီးႏွင္ၾကမလဲ?
ျပင္သစ္မွာ ျပဳလုပ္တဲ႔ Skytrax ရဲ႕ေလေၾကာင္းျပပြဲၾကီးမွာ ၂၀၁၇ခုႏွစ္ရဲ႕ ကမၻာ႕ အေကာင္းဆံုး ေလေၾကာင္းလိုင္းအျဖစ္ ကာတာ ေလေၾကာင္းလိုင္းကို ေရြးခ်ယ္ခီ်းျမွင္႔ခဲ႔ၾကတယ္လို႔ CNN သတင္းအရသိရပါတယ္။ ျပင္သစ္မွာျပဳလုပ္တဲ႔ ဒီေလေၾကာင္းျပပြဲဟာ ၅၂ ၾကိမ္ေျမာက္ ေလေၾကာင္းျပပြဲလည္းျဖစ္ပါတယ္။ ကာတာေလေၾကာင္းလိုင္းဟာ ၂၀၁၁ ခုႏွစ္ကတည္းက စျပီး ေလးၾကိမ္ေျမာက္ရရွိခဲ႔တဲ႔ဆုလည္းျဖစ္ပါတယ္။
၁၉၉၇ ခုႏွစ္မွာမွ စတင္ထူေထာင္ခဲ့တဲ့ ကာတာေလေၾကာင္းလိုင္းဟာ အရွိန္အဟုန္နဲ႕ တိုးတက္လာျပီး ကမၻာ႕တိုက္ၾကီး ေျခာက္တိုက္ကို ပတ္ကာ ၀န္ေဆာင္မႈေပးေနတဲ႔ ေလေၾကာင္းလိုင္းလည္းျဖစ္ပါတယ္။ ကာတာႏိုင္ငံ ဒိုဟာကေန ေလယာဥ္ေပါင္း ၁၇၄ စင္းနဲ႔ ခရီးစဥ္ေပါင္း ၁၅၀ ကို ေျပးဆြဲေပးေနပါတယ္။ ဒီလိုေအာင္ျမင္ေနတဲ့ ေလေၾကာင္းလိုင္းတစ္ခုျဖစ္ေပမယ့္ ေျပာဆိုစရာကိစၥရပ္ေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ အထူးသျဖင္႔ အစၥလာမ္မစ္ အၾကမ္းဖက္ေတြကို အေထာက္အပံ့ေပးေနတယ္လို႔ စြပ္စြဲခံေနရတဲ႔ ႏိုင္ငံတြင္းက ျပႆနာေတြေၾကာင့္ ခရီးစဥ္ ၁၈ ခု ဆံုးရံႈးခဲ့ရျပီး တစ္ေန႕ ေလယာဥ္ခရီးစဥ္ ၅၀ အထိ ရပ္နားခဲ႔ရပါတယ္။
ဒုတိယ အေကာင္းဆံုး ေလေၾကာင္းလိုင္းကေတာ႔ အာဆီယံေဒသရဲ႕ အခ်မ္းသာဆံုးႏိုင္ငံက စင္ကာပူေလေၾကာင္းလိုင္း (Singapore Airline)ျဖစ္ပါတယ္။ စင္ကာပူေလေၾကာင္းလိုင္းက အာရွမွာေတာ႔ အေကာင္းဆံုး ေလေၾကာင္းလိုင္းျဖစ္ပါတယ္။
တတိယကေတ့ ဂ်ပန္ေလေၾကာင္းလိုင္းတစ္ခုျဖစ္တဲ့ ANA ျဖစ္ပါတယ္။ ANA ကို ကမၻာ့ေလဆိပ္၀န္ေဆာင္မႈ အေကာင္းဆံုး ဆုတစ္ဆုကိုလည္း ေပးအပ္ခီ်းျမွင္႔ပါေသးတယ္။
စတုတၳေျမာက္ အေကာင္းဆံုးေလေၾကာင္းလိုင္းကေတာ႔ ဒူဘိုင္းအေျခစိုက္ Emirates ေလေၾကာင္းလိုင္းျဖစ္ပါတယ္။ ယမန္ႏွစ္ကလည္း ဒီဆုကိုရရွိခဲ႔သလို ေလယာဥ္စီး ခရီးသည္မ်ားအတြက္ အေကာင္းဆံုး ေဖ်ာ္ေျဖတင္ဆက္မႈဆုကိုလည္း ရရွိခဲ႔ပါတယ္။
ေဟာင္ေကာင္အေျခစိုက္ Cathay Pacific ကေတာ့ ပဥၥမဆုကို ဆြတ္ခူးရရွိခဲ႔ပါတယ္။
ခုေနာက္ပိုင္းမွာ အလ်င္အျမန္တိုးတက္လာေနတဲ႔ ထိုင္၀မ္ပိုင္ EVA ေလေၾကာင္းလိုင္းကေတာ႔ ကမၻာ့ ဆဌမ ေနရာကို ရရွိခဲ႔ပါတယ္။ ဒါ့အျပင္ EVA ဟာ စီးပြားေရးလုပ္ငန္းရွင္ေတြစီးတဲ႔ အထူးတန္း ေကာင္းဆံုးဆုနဲ႔ ေလယာဥ္အတြင္းပိုင္း သန္႔ရွင္းမႈ အရွိဆံုးဆုကိုလည္း ဆြတ္ခူးရရွိခဲ႔ပါေသးတယ္။
ဥေရာပမွာ အေကာင္းဆံုးေလေၾကာင္းလိုင္းတစ္ခုျဖစ္တဲ႔ ဂ်ာမဏီရဲ႕ Lufthansa ကေတာ႔ ကမၻာ့အေကာင္းဆံုး သတၱမဆုကို လက္ခံရရွိခဲံပါတယ္။
ယူေအအီးပိုင္ Etihad ေလေၾကာင္းလိုင္းကေတာ႔ ယခင္ႏွစ္ ဆဌမေနရာကေန အဌမေျမာက္ေနရာကို က်ဆင္းသြားခဲ႕ပါတယ္။ ဒီေလေၾကာင္းလိုင္းက ပထမတန္း အေကာင္းဆံုးဆုကိုလည္း ရရွိခဲ့ဖူးတဲ့ ေလေၾကာင္းလိုင္းတစ္ခုလည္းျဖစ္ပါတယ္။
ကမၻာ့အေကာင္းဆံုး န၀မေျမာက္ေလေၾကာင္းလိုင္းကေတာ႔ တရုတ္ႏိုင္ငံရဲ႔ အေကာင္းဆံုး ေလေၾကာင္းလိုင္းတစ္ခုျဖစ္တဲ႔ Hainan ေလေၾကာင္းလိုင္းျဖစ္ပါတယ္။ ယခင္က ကမၻာ့အဆင္႔ (၂၂)ကေန အဆင့္ (၉) အျဖစ္သို႕ အရွိန္အဟုန္ေကာင္းေကာင္းနဲ႕ တိုးတက္လာတာဘဲ ျဖစ္ပါတယ္။
Top Ten ရဲ႕ ေနာက္ဆံုးပိတ္ ေလေၾကာင္းလိုင္းကေတာ႔ Garuda Indonesia ေလေၾကာင္းလိုင္းပဲျဖစ္ပါတယ္။