Home News ဆီးရီးယားတိုက်လေယာဉ်ကို ပစ်ချမှုနှင့်ပတ်သတ်ပြီး အမေရိကန်ကို သတိပေးလိုက်တဲ့ ရုရှား

ဆီးရီးယားတိုက်လေယာဉ်ကို ပစ်ချမှုနှင့်ပတ်သတ်ပြီး အမေရိကန်ကို သတိပေးလိုက်တဲ့ ရုရှား

0

ဇွန်လ ၁၈ရက်နေ့မှာ ဆီးရီးယား တိုက်လေယာဉ် SU-22 ကို အမေရိကန် FA-18 တိုက်လေယာဉ် မှ ဆီးရီးယား အပိုင် ရက္ကာမြို့အနီးတွင် ပစ်ချခဲ့မှုနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ အကျိုးဆက်များကြုံလာနိုင်းကြောင်း ရုရှားက အမေရိကန်ကို သတိပေးလိုက်ပါတယ်။

ဆီးရီးယားကစိုးရက မိမိတို့ လေယာဉ်ကို ပစ်ချခြင်းသည် အကြမ်းဖက်မှု နှိမ်နင်းရေး အားထုတ်ကြိုးပမ်းမှုကို ဆိုးဆိုးရွားရွား ထိပါးလာခြင်းဖြစ်သည်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ကတော့ ယင်းသို့ပစ်ချခြင်းသည် မိမိကိုယ်ကို ကာကွယ်မှုသက်သက် သာဖြစ်ကြောင်းပြန်လည် တုံ့ပြန်ခဲ့သည်။ အမေရိကန်၏မဟာမိတ်ဖြစ်တဲ့ SDF ဆီးရီးယားတော်လှန်ရေးအဖွဲ့သည် ရက္ကာမြို့စွန်ရှိ ဂျာဒင်းမြို့ကိုထိန်းချုပ်ထားပြီး အိုင်အက်စ်၏ အဓိကအခြေကုပ်စခန်းဖြစ်တဲ့ ရက္ကာကို ထိုးစစ်ဆင်တိုက်ခိုက် နေချိန်တွင် ဆီးရီးယားအစိုးရမှ အိုင်အက်စ် တို့ကိုတိုက်ခိုက်သည်ဟုဆိုကာ SDF အပါအဝင် အတိုက်အခံ သူပုန်များကိုပါ ဗုံးကြဲနေသောကြောင့် ယခုအချီမှာတော့ ပစ်ချရခြင်းဖြစ်သည်ဟု အမေရိကန်ကဆိုပါတယ်။ SU-22 ကို ပစ်မချမီ ၂နာရီခန့် အလိုမှာ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်ကို သစ္စာခံသော တပ်ဖွဲ့များ ဟာ SDF များကိုတိုက်ခိုက်ကာ ဂျာဒင်းမြို့ထဲမှမောင်းထုန်းရန်ကြိုးစားခဲ့ကြောင်း၊ SDF တပ်သား အတော်များများ ဒဏ်ရာရခဲ့ကြောင်း၊ ထို့ကြောင့် မဟာမိတ်များကိုကာကွယ်ရန် လိုအပ်သသည့် တုံ့ပြန်မှုကို ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောကြားခဲ့ပါတယ်။

ဆီးရီးယားအစိုးရဟာ ရုရှား၏မဟာမိတ်ဖြစ်သည့်အတွက် ထိုကိစ္စဟာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ဆက်ဆံရေး ကိုပိုမိုအေးခဲသွားစေပါတယ်။ ၂၀၁၁ ခုထဲကစတင်ခဲ့တဲ့ ဒီစစ်ပွဲတစ်လျှောက်မှာ ဆီးရီးယားလေယာဉ်ကို အမေရိကန်မှ ပစ်ချတာ ပထမဦးဆုံးဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ ဆီးရီးယားရှိအိုင်အက်စ်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တိုက်ခိုက်နေချိန်တွင် ထိပ်တိုက်တွေ့ဆုံမှုမဖြစ်ရအောင် အရေးပေါ်ဆက်သွယ်ရေး လိုင်းတစ်ခုကိုထားရှိထားပြီး အဆိုပါလေယာဉ်ကို ပစ်ချချိန်တွင် အမေရိကန်ကထိုလိုင်းကို အသုံးပြုပြီး ရုရှားကို ကြိုတင်အသိပေးမှုမရှိခဲ့ချေ၊ ထို့ကြောင့်ရုရှားမှ မကျေမနပ်ဖြစ်ပြီး ဆက်သွယ်ရေးကို ဆိုင်းငံ့ပိတ်ပင် ထားကြောင်းသိရသည်။

ထို့ပြင် ယူဖရေးတီးမြစ် အနောက်ပိုင်းတွင် ထောက်လှမ်းတွေ့ရှိရသည့် ပျံသန်းနေသော အရာဝတ္ထု အားလုံးသည် ရှရှားလေးကြောင်းကာကွယ်ရေး၏ ပစ်မှတ်များအဖြစ် သတ်မှတ်ခံရ လိမ့်မည်ဖြစ်ကြောင်း၊ ယူဖရေားတီးမြစ်ကို ကျော်လွန်လာသော အမေရိကန်နှင့် မဟာမိတ် လေယာဉ်အားလုံးကို လည်း ရုရားကပစ်ချမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရှိရပါသည်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်မှလည်း ရုရှားကမည်သို့ပင် ခြိမ်းခြောက်စေကာမှု ဆီးရီးယားရှိ အိုင်အက်စ်များ ကိုလေကြောင်းမှ တစ်ဆင့်ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်ကြောင်းပြန်လည် ထုတ်ပြန်ပြောဆိုခဲ့သည်။

Zawgyi Font : ဆီးရီးယားတိုက္ေလယာဥ္ကို ပစ္ခ်မႈႏွင့္ပတ္သတ္ျပီး အေမရိကန္ကို သတိေပးလိုက္တဲ့ ရုရွား

ဇြန္လ ၁၈ရက္ေန႔မွာ ဆီးရီးယား တိုက္ေလယာဥ္ SU-22 ကို အေမရိကန္ FA-18 တိုက္ေလယာဥ္ မွ ဆီးရီးယား အပိုင္ ရကၠာျမိဳ႕အနီးတြင္ ပစ္ခ်ခဲ့မႈနဲ႔ ပတ္သက္ျပီး ဆိုးရြားတဲ့ အက်ိဳးဆက္မ်ားၾကံဳလာႏိုင္းေၾကာင္း ရုရွားက အေမရိကန္ကို သတိေပးလိုက္ပါတယ္။

ဆီးရီးယားကစိုးရက မိမိတို႔ ေလယာဥ္ကို ပစ္ခ်ျခင္းသည္ အၾကမ္းဖက္မႈ ႏိွမ္နင္းေရး အားထုတ္ၾကိဳးပမ္းမႈကို ဆိုးဆိုးရြားရြား ထိပါးလာျခင္းျဖစ္သည္လို႔ ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ကေတာ့ ယင္းသို႔ပစ္ခ်ျခင္းသည္ မိမိကိုယ္ကို ကာကြယ္မႈသက္သက္ သာျဖစ္ေၾကာင္းျပန္လည္ တံု႕ျပန္ခဲ့သည္။ အေမရိကန္၏မဟာမိတ္ျဖစ္တဲ့ SDF ဆီးရီးယားေတာ္လွန္ေရးအဖြဲ႕သည္ ရကၠာျမိဳ႕စြန္ရွိ ဂ်ာဒင္းျမိဳ႕ကိုထိန္းခ်ဳပ္ထားျပီး အိုင္အက္စ္၏ အဓိကအေျခကုပ္စခန္းျဖစ္တဲ့ ရကၠာကို ထိုးစစ္ဆင္တိုက္ခိုက္ ေနခ်ိန္တြင္ ဆီးရီးယားအစိုးရမွ အိုင္အက္စ္ တို႔ကိုတိုက္ခိုက္သည္ဟုဆိုကာ SDF အပါအ၀င္ အတိုက္အခံ သူပုန္မ်ားကိုပါ ဗံုးၾကဲေနေသာေၾကာင့္ ယခုအခ်ီမွာေတာ့ ပစ္ခ်ရျခင္းျဖစ္သည္ဟု အေမရိကန္ကဆိုပါတယ္။ SU-22 ကို ပစ္မခ်မီ ၂နာရီခန္႔ အလိုမွာ ဆီးရီးယားသမၼတ ဘာရွာအယ္လ္အာဆက္ကို သစၥာခံေသာ တပ္ဖြဲ႔မ်ား ဟာ SDF မ်ားကိုတိုက္ခိုက္ကာ ဂ်ာဒင္းျမိဳ႕ထဲမွေမာင္းထုန္းရန္ၾကိဳးစားခဲ့ေၾကာင္း၊ SDF တပ္သား အေတာ္မ်ားမ်ား ဒဏ္ရာရခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ မဟာမိတ္မ်ားကိုကာကြယ္ရန္ လိုအပ္သသည့္ တံု႔ျပန္မႈကို ေဆာင္ရြက္ခဲ့တာ ျဖစ္ေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္က ေျပာၾကားခဲ့ပါတယ္။

ဆီးရီးယားအစိုးရဟာ ရုရွား၏မဟာမိတ္ျဖစ္သည့္အတြက္ ထိုကိစၥဟာ အေမရိကန္နဲ႔ ရုရွားတို႔ရဲ႕ဆက္ဆံေရး ကိုပိုမိုေအးခဲသြားေစပါတယ္။ ၂၀၁၁ ခုထဲကစတင္ခဲ့တဲ့ ဒီစစ္ပြဲတစ္ေလွ်ာက္မွာ ဆီးရီးယားေလယာဥ္ကို အေမရိကန္မွ ပစ္ခ်တာ ပထမဦးဆံုးျဖစ္ပါတယ္။ အေမရိကန္နဲ႔ ရုရွားတုိ႔ ဆီးရီးယားရွိအိုင္အက္စ္မ်ားကို ကိုယ့္နည္းကိုယ့္ဟန္ျဖင့္ တိုက္ခိုက္ေနခ်ိန္တြင္ ထိပ္တိုက္ေတြ႕ဆံုမႈမျဖစ္ရေအာင္ အေရးေပၚဆက္သြယ္ေရး လိုင္းတစ္ခုကိုထားရွိထားျပီး အဆိုပါေလယာဥ္ကို ပစ္ခ်ခ်ိန္တြင္ အေမရိကန္ကထိုလိုင္းကို အသံုးျပဳျပီး ရုရွားကို ၾကိဳတင္အသိေပးမႈမရွိခဲ့ေခ်၊ ထို႔ေၾကာင့္ရုရွားမွ မေက်မနပ္ျဖစ္ျပီး ဆက္သြယ္ေရးကို ဆိုင္းငံ့ပိတ္ပင္ ထားေၾကာင္းသိရသည္။

ထို႔ျပင္ ယူဖေရးတီးျမစ္ အေနာက္ပိုင္းတြင္ ေထာက္လွမ္းေတြ႔ရွိရသည့္ ပ်ံသန္းေနေသာ အရာ၀တၳဳ အားလံုးသည္ ရွရွားေလးေၾကာင္းကာကြယ္ေရး၏ ပစ္မွတ္မ်ားအျဖစ္ သတ္မွတ္ခံရ လိမ့္မည္ျဖစ္ေၾကာင္း၊ ယူဖေရားတီးျမစ္ကို ေက်ာ္လြန္လာေသာ အေမရိကန္ႏွင့္ မဟာမိတ္ ေလယာဥ္အားလံုးကို လည္း ရုရားကပစ္ခ်မည္ျဖစ္ေၾကာင္း ရုရွားကာကြယ္ေရး ၀န္ၾကီးဌာန၏ ေနာက္ဆံုးထုတ္ျပန္ခ်က္အရ သိရွိရပါသည္။

အေမရိကန္ ပင္တဂြန္စစ္ဌာနခ်ဳပ္မွလည္း ရုရွားကမည္သို႔ပင္ ျခိမ္းေျခာက္ေစကာမႈ ဆီးရီးယားရွိ အိုင္အက္စ္မ်ား ကိုေလေၾကာင္းမွ တစ္ဆင့္ဆက္လက္တိုက္ခိုက္ သြားမည္ျဖစ္ေၾကာင္းျပန္လည္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: