Home Knowledge သင်မသိသေးတဲ့ ကျောက်မျက်ရတနာတို့၏ အစွမ်းသတ္တိများ

သင်မသိသေးတဲ့ ကျောက်မျက်ရတနာတို့၏ အစွမ်းသတ္တိများ

0

လူအတော်များများဟာ ကျောက်မျက်ရတနာတွေကို အဓိကအားဖြင့် အလှအပအတွက် ဝတ်ဆင်ကြသော်လည်း အချို့တွေကတော့ လောကီရေးရာမှာ ပြီးပြည့်စုံဖို့အတွက် အစွမ်းထက်သော အဆောင်အယောင်ပစ္စည်းအနေဖြင့် အသုံးပြုကြပါတယ်။ ကျောက်မျက်ရတနာတွေမှာ ကိုယ်စီကိုယ်စီ အစွမ်းတွေရှိကြတယ်လို့ ရှေးပဝေသဏီကပင် လက်ခံယုံကြည်ခဲ့ကြပါတယ်။ အဓိကအနေနဲ့ကတော့ လောကီရေးရာမှာ အဆင်ပြေ အောင်မြင်မှုအတွက် ကျောက်မျက်ရတနာတွေကို ဆောင်ထားလေ့ရှိကြပါတယ်။

မဏိသျှတ္တရခေါ် ရတနာကျမ်းများမှာ ကျောက်မျက်ရတနာရဲ့တန်ခိုးအာနိသင်ကို “ပတ္တမြား ဘုန်းတောက်၊ မြကျောက်အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကား သိဒ္ဓိ၊ မဏိနီလာ မေတ္တာလွန်စိတ်၊ ဂေါ်မိတ်ခွန်အား၊ ဥဿဖရားကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ ဆိပ်ပြေမဟူရာ၊ မင်္ဂလာကျောက်စိမ်း၊ မူးမိုက်တိမ်းက ပယင်းကိုသာရှုရှိုက်ရာ၏” လို့ဖော်ပြထားပါတယ်။

ပတ္တမြား

‘ပတ္တမြား’ ဟာ မကောင်းတဲ့စိတ်ကိုပယ်တယ်၊ ကျန်းမာရေးကိုအထူးကောင်းမွန်စေတယ်၊ မိတ်ဆွေစစ်၊ အချစ်စစ်ကိုရရှိစေ ပြီးတော့ စီပွားရေးတိုးတက်စေတဲ့ အာနိသင်ရှိတယ်။

ruby

မြ

‘မြ’ ကတော့ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာစေတယ်၊ မှတ်ဉာဏ်အထူးကောင်းမွန်စေတယ်၊ အရူးရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ဝက်ရူးပြန်ရောဂါ နဲ့ အဆိပ်ရှိ သတ္တဝါများ ကိုက်ခံရတဲ့ ဝေဒနာ အမျိုးမျိုးကိုပျောက်ကင်းစေနိုင်တယ်လို့သိရပါတယ်။

mya

ပုလဲ

‘ပုလဲ’ ကိုတော့ အတွေးအခေါ် အနေအထိုင် အပြောအဆိုများကို သန့်ရှင်းစင်ကြယ်စေဖို့ နဲ့သွေးလေချောက်ခြားပြီး စိတ်နှလုံး ပျက်ပြားနေသူများကို ကုစားဖို့ အသုံးပြုကြပါတယ်။

pearl

စိန်

‘စိန်’ ကဖြင့် ဂုဏ်ရှိစေပြီးတော့ ပျော်ရွှင်ချမ်းမြေ့ လာဘ်လာဘ ရွှင်စေမှာဖြစ်ပါတယ် ။အဆိပ်အတောက်များကို ပပျောက်စေတဲ့အပြင် အမျိုးသမီးများ မီးဖွားရာမှာလဲ မွေးဖွားရလွယ်ကူစေတယ်လို ဆိုပါတယ်။

diamond

ကျောက်စိမ်း

‘ကျောက်စိမ်း’ အနေနဲ့ကတော့ မင်္ဂလာရှိစေပြီး ကြောက်ရွံ့ထိတ်လန့်ခြင်း ကိုကာကွယ်ပေးမှာဖြစ်ပါတယ်။

jade

ပယင်း

မူးဝေလာရင်တော့ ‘ပယင်း’ ကိုရှုရှိုက်လိုက်ယုံဖြင့် ပျောက်ကင်းစေပါတယ်။

amber

မဟူရာ

‘မဟူရာ’ ကျောက်ဟာ ဉာဏ်ပညာနှင့်ပတ်သက်ပြီး အားကောင်းစေပါတယ်။ ဒါကြောင့် အတတ်ပညာ ထူးခြား တိုးတက်စေပါတယ်။ အသားနဲ့ထိပြီး ဆောင်ထားပါက အဆိပ်ရှိ သတ္တဝါများ ကိုက်ခံရပါစ အဆိပ်မတက် ၊သောက်ရေအိုးထဲ ထည့်ထားမယ်ဆိုရင် ပြင်ပမှ အဆိပ်ခပ်ခြင်း၊ ဆေးခပ်ခြင်း တို့ကိုပျောက်ကင်းစေ နိုင်ပါတယ်။

black gem

သန္တာ

‘သန္တာ’ကတော့ သတ္တိကို ဖြစ်စေတဲ့အတွက် စုန်းပယောဂများကို ကာကွယ်ပေးနိုင်ပြီး ကပ်ရောဂါများကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။ မိုးကြိုးပစ်ခံရတောင်မှ မိုးကြိုးစက်ကွင်းမှ လွတ်ကင်းနိုင်တယ်လို့ဆိုကြပါတယ်။

သလင်း

‘သလင်း’ ကျောက်ဟာ မျက်စိရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

crystalline

ကြောင်

‘ကြောင်’ ကျတော့ ပဋိပက္ခများ ကိုအောင်မြင်စေပြီး မိတ်ဆွေကောင်းများကို ခိုင်မြဲစေတယ်လို့ယူဆကြပါတယ်။

ပေါ်မုတ်

‘ဂေါ်မုတ်’ ကို အရောင်းအဝယ်ကောင်းစေဖို့၊ ရောဂါဘယနဲ့ အဆိပ်အတောက်များကို ကာကွယ်ဖို့ အသုံးပြုကြပါတယ်။

ဥဿဖရား

နောက်ဆုံးကတော့ ‘ဥဿဖရား’ ကျောက်မျက်ဖြစ်ပါတယ်။ ၎င်း ကျောက်မျက်ကို ဆောင်ထားတဲ့သူဟာ ချမ်းသာကြွယ်ဝပြီး စိတ်ပျော်ရွှင်မှုကို ရရှိစေနိုင်ပါတယ်လို့ ဆိုကြပါတယ်။

Topaz

Zawgyi Font : သင္မသိေသးတဲ့ ေက်ာက္မ်က္ရတနာတို႔၏ အစြမ္းသတၱိမ်ား

လူအေတာ္မ်ားမ်ားဟာ ေက်ာက္မ်က္ရတနာေတြကို အဓိကအားျဖင့္ အလွအပအတြက္ ၀တ္ဆင္ၾကေသာ္လည္း အခ်ို႕ေတြကေတာ့ ေလာကီေရးရာမွာ ျပီးျပည့္စံုဖို႔အတြက္ အစြမ္းထက္ေသာ အေဆာင္အေယာင္ပစၥည္းအေနျဖင့္ အသံုးျပဳၾကပါတယ္။ ေက်ာက္မ်က္ရတနာေတြမွာ ကိုယ္စီကိုယ္စီ အစြမ္းေတြရွိၾကတယ္လို႔ ေရွးပေ၀သဏီကပင္ လက္ခံယံုၾကည္ခဲ့ၾကပါတယ္။ အဓိကအေနနဲ႔ကေတာ့ ေလာကီေရးရာမွာ အဆင္ေျပ ေအာင္ျမင္မႈအတြက္ ေက်ာက္မ်က္ရတနာေတြကို ေဆာင္ထားေလ့ရွိၾကပါတယ္။

မဏိသွ်တၱရေခၚ ရတနာက်မ္းမ်ားမွာ ေက်ာက္မ်က္ရတနာရဲ႕တန္ခိုးအာနိသင္ကို “ပတၱျမား ဘုန္းေတာက္၊ ျမေက်ာက္ေအးခ်မ္း၊ စိန္စြမ္းဂုဏ္ေရာင္၊ ေၾကာင္ကား သိဒိၶ၊ မဏိနီလာ ေမတၱာလြန္စိတ္၊ ေဂၚမိတ္ခြန္အား၊ ဥႆဖရားက်န္းမာ၊ သႏၱာၾကီးကဲ၊ ပုလဲက်က္သေရ၊ ဆိပ္ေျပမဟူရာ၊ မဂၤလာေက်ာက္စိမ္း၊ မူးမိုက္တိမ္းက ပယင္းကိုသာရႈရႈိက္ရာ၏” လို႔ေဖာ္ျပထားပါတယ္။

ပတၱျမား

‘ပတၱျမား’ ဟာ မေကာင္းတဲ့စိတ္ကိုပယ္တယ္၊ က်န္းမာေရးကိုအထူးေကာင္းမြန္ေစတယ္၊ မိတ္ေဆြစစ္၊ အခ်စ္စစ္ကိုရရွိေစ ျပီးေတာ့ စီပြားေရးတိုးတက္ေစတဲ့ အာနိသင္ရွိတယ္။

ျမ

‘ျမ’ ကေတာ့ ကိုယ္စိတ္ႏွစ္ပါး ေအးခ်မ္းသာယာေစတယ္၊ မွတ္ဥာဏ္အထူးေကာင္းမြန္ေစတယ္၊ အရူးေရာဂါ၊ ၀မ္းကိုက္ေရာဂါ၊ ၀က္ရူးျပန္ေရာဂါ နဲ႔ အဆိပ္ရွိ သတၱ၀ါမ်ား ကိုက္ခံရတဲ့ ေ၀ဒနာ အမ်ိဳးမ်ိဳးကိုေပ်ာက္ကင္းေစႏိုင္တယ္လို႔သိရပါတယ္။

ပုလဲ

‘ပုလဲ’ ကိုေတာ့ အေတြးအေခၚ အေနအထိုင္ အေျပာအဆိုမ်ားကို သန္႔ရွင္းစင္ၾကယ္ေစဖို႔ နဲ ႔ေသြးေလေခ်ာက္ျခားျပီး စိတ္ႏွလံုး ပ်က္ျပားေနသူမ်ားကို ကုစားဖို႔ အသံုးျပဳၾကပါတယ္။

စိန္

‘စိန္’ ကျဖင့္ ဂုဏ္ရွိေစျပီးေတာ့ ေပ်ာ္ရႊင္ခ်မ္းေျမ႕ လာဘ္လာဘ ရႊင္ေစမွာျဖစ္ပါတယ္ ။အဆိပ္အေတာက္မ်ားကို ပေပ်ာက္ေစတဲ့အျပင္ အမ်ိဳးသမီးမ်ား မီးဖြားရာမွာလဲ ေမြးဖြားရလြယ္ကူေစတယ္လို ဆိုပါတယ္။

ေက်ာက္စိမ္း

 ‘ေက်ာက္စိမ္း’ အေနနဲ႔ကေတာ့ မဂၤလာရွိေစျပီး ေၾကာက္ရြံ႕ထိတ္လန္႔ျခင္း ကိုကာကြယ္ေပးမွာျဖစ္ပါတယ္။

ပယင္း

မူးေ၀လာရင္ေတာ့ ‘ပယင္း’ ကိုရႈရႈိက္လိုက္ယံုျဖင့္ ေပ်ာက္ကင္းေစပါတယ္။

မဟူရာ

‘မဟူရာ’ ေက်ာက္ဟာ ဥာဏ္ပညာႏွင့္ပတ္သက္ျပီး အားေကာင္းေစပါတယ္။ ဒါေၾကာင့္ အတတ္ပညာ ထူးျခား တိုးတက္ေစပါတယ္။ အသားနဲ႔ထိျပီး ေဆာင္ထားပါက အဆိပ္ရွိ သတၱ၀ါမ်ား ကိုက္ခံရပါစ အဆိပ္မတက္ ၊ေသာက္ေရအိုးထဲ ထည့္ထားမယ္ဆိုရင္ ျပင္ပမွ အဆိပ္ခပ္ျခင္း၊ ေဆးခပ္ျခင္း တို႔ကိုေပ်ာက္ကင္းေစ ႏိုင္ပါတယ္။

သႏၱာ

‘သႏၱာ’ကေတာ့ သတၱိကို ျဖစ္ေစတဲ့အတြက္ စုန္းပေယာဂမ်ားကို ကာကြယ္ေပးႏိုင္ျပီး ကပ္ေရာဂါမ်ားကိုလဲ ကာကြယ္ေပးႏိုင္ပါတယ္။ မိုးၾကိဳးပစ္ခံရေတာင္မွ မိုးၾကိဳးစက္ကြင္းမွ လြတ္ကင္းႏိုင္တယ္လို႔ဆိုၾကပါတယ္။

သလင္း

 ‘သလင္း’ ေက်ာက္ဟာ မ်က္စိေရာဂါကို ကာကြယ္ေပးႏိုင္ပါတယ္။

ေၾကာင္

 ‘ေၾကာင္’ က်ေတာ့ ပဋိပကၡမ်ား ကိုေအာင္ျမင္ေစျပီး မိတ္ေဆြေကာင္းမ်ားကို ခိုင္ျမဲေစတယ္လို႔ယူဆၾကပါတယ္။

ေပၚမုတ္

 ‘ေဂၚမုတ္’ ကို အေရာင္းအ၀ယ္ေကာင္းေစဖို႔၊ ေရာဂါဘယနဲ႔ အဆိပ္အေတာက္မ်ားကို ကာကြယ္ဖို႔ အသံုးျပဳၾကပါတယ္။

ဥႆဖရား

ေနာက္ဆံုးကေတာ့ ‘ဥႆဖရား’ ေက်ာက္မ်က္ျဖစ္ပါတယ္။ ၄င္း ေက်ာက္မ်က္ကို ေဆာင္ထားတဲ့သူဟာ ခ်မ္းသာၾကြယ္၀ျပီး စိတ္ေပ်ာ္ရႊင္မႈကို ရရွိေစႏိုင္ပါတယ္လို႔ ဆိုၾကပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: