Home Knowledge Tony Goodwin သို့မဟုတ် လဲကျနေရာမှ ပြန်ထလာသူ

Tony Goodwin သို့မဟုတ် လဲကျနေရာမှ ပြန်ထလာသူ

0

သူ့နာမည်ကတော့ တိုနီ ဂွတ်ဝင်း (Tony Goodwin) ဖြစ်ပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်ကတော့ “ဈေးကွက်ထဲတွင် လိုအပ်ချက်ကို ဖော်ထုတ်ပါ” ဖြစ်ပါတယ်။ ဂွတ်ဝင်းဟာ ဆုံးရှုံးနေတဲ့ သူ့လုပ်ငန်းများကို ပြန်လည် အောင်မြင်လာအောင် ထူထောင်နိုင်ခဲ့တဲ့ အလွန်ချီးကျူး အတုယူထိုက်သူတစ်ဦးဖြစ်ပါတယ်။

၂၀၀၁ မှ ၂၀၀၃ ခုနှစ်များတွင် ကမ္ဘာ့စီးပွားပျက်ကပ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဆုံးရှုံးမှုများစွာကြောင့် ဂွတ်ဝင်း တစ်ယောက် လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းလုနီးပါး အခြေအနေထိဖြစ်ခဲ့ရပါတယ်။ အခုတော့ သူဟာ နာမည်ကြီး Antal International ကုမ္ပဏီ၏ ဒါရိုက်တာတစ်ယောက်ဖြစ်နေပါပြီး။

Tony-Goodwin

“အခြေအနေတွေက အရမ်းကို ဆိုးသွားခဲ့တာ။ Aston Martin ကိုတောင်ရောင်းဖို့ လုပ်ရတယ်။ အဲဒီအချိန်ကတော့ တကယ့်ကို သေရေးရှင်ရေး ဖြစ်ခဲ့ရတယ်။ ကျန်းမာရေးပါ ထိခိုက်လာတယ်။ ကိုယ်ထူထောင်ထားတဲ့ လုပ်ငန်းကြီးက ယိုင်တိယိုင်တိုင် ဖြစ်လာတယ်။ ပြိုလုဆဲဆဲ အခြေအနေကို ရင်ဆိုင် နေရတာ။ ကျွန်တော် အိပ်လို့လည်းမပျော်တော့ဘူး။ ယုံကြည်မှုတွေလည်း ပျောက်ဆုံးကုန်တယ်။ အဲဒီ၂နှစ်ဟာ တကယ့်ကို လမ်းပျောက်ခဲ့ရတဲ့ ကာလတွေပေါ့” ဟု ဂွတ်ဝင်းကဆိုပါတယ်။

သူဟာ အလုပ်တစ်ခုကို လက်ဆုပ်လက်ကိုင် အခိုင်အမာမရှိဘဲ ဘယ်လိုပရောဂျက်ကိုမှ မလုပ်သူဖြစ်ပါတယ်။ အဲ့ဒါကြောင့် နိုင်ငံတကာမှာ သူ့ရုံးခန်းတွေ များစွာဖွင့်ထားရခြင်းဖြစ်ပါတယ်။ ဂွတ်ဝင်းဟာ အလွန်စမတ်ကျကျ နေထိုင်တတ်သူတစ်ဦးဖြစ်ပါတယ်။ အောက်စ်ဖို့နှင့် ကင်းဘရစ်ခ် တက္ကသိုလ်လို ပညာတတ် အသိုင်းအဝိုင်းက ဆင်းသက်လာသူ တစ်ဦးလဲဖြစ်ပြီး သူဟာ စီးပွားရေး စတင်လုပ်ဆောင်ရာမှာ အောင်မြင်ခဲ့ခြင်းမရှိခဲ့ချေ။

မနိုင်မနင်းတွေဖြစ်ပြီးတော့ ယိုင်တိယိုင်တိုင်ဖြစ်ခဲ့ရပါတယ်။ အဲလိုအခြေအနေမှာ သူဟာ လုပ်ပိုင်ခွင့်တွေကို ခွဲဝေပေးတဲ့ လုပ်ငန်းခွဲများကို ထူထောင်လိုက်ပါတယ်။ သူ့အပေါ် ဝန်ပိနေဒါတွေ အတော်လေးကိုလျော့ကျသွားတဲ့အတွက် ကုမ္ပ္ပဏီ ကိုတိုးချဲ့နိုင်ခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့ Antal International ကုမ္ပ္ပဏီကြီးမှာ ဝန်ထမ်းပေါင်း ၇၅၀၊ ရုံးခန်းပေါင်း ၁၆၉ ရုံးနှင့် နိုင်ငံပေါင်း ၂၈ နိုင်ငံ မှာဖွင့်နိုင်သည့် အနေအထားကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့သူကတော့ အဲဒီရုံးတွေအားလုံးကို မကိုင်ပါဘူး။ သူ့လက်ထဲမှာရှိဒါက ရုံး ၁၂ရုံး ပဲဖြစ်ပြီး ဝန်ထမ်း ၃၅၀ ခန့်ကိုတော့ ဝန်းထမ်းများနဲ့ပဲ လွှဲအပ်ပြီး စီမံအုပ်ချုပ် ပါတယ်။

“ယနေ့ခေတ်လူငယ်တွေဟာ အသစ်အဆန်းလေးတွေကို လုပ်ချင်ကြပါတယ်။ ဒါပေမဲ့ သူတို့တီထွင်ကြတယ် ဆိုတာ တစ်ပတ်ပတ်နေတာပါ။ တကယ်အောင်မြင်ချင်ရင် ဈေးကွက်ရဲ့ လိုအပ်ချက်၊ လစ်ဟာချက်တွေကို သိရမယ်။ သူများတွေထက် ပိုကောင်းအောင် တီထွင် လုပ်ကိုင်နိုင်ရမယ်” လို့ ဂွတ်ဝင်းက လူငယ်တွေကို လမ်းညွှန်ခဲ့ပါတယ်။

“ကျွန်တော့်လုပ်ငန်းကနေ အကျိုးအမြတ်က စတာလင်ပေါင်သန်း ၃၀လောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ရလိုက်တဲ့ RP(Public Relation) အတွေ့အကြုံတွေကတော့ စတာလင်ပေါင် သန်း၃၀၀မကပါဘဲ” ဟုသူက ပြောပါတယ်။

တိုနီ ဂွတ်ဝင်းဟာ စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များအကြောင်းနှင့် ပတ်သက်ပြီး စာအုပ်တစ်အုပ်ကို ရေးသားပြုစုခဲ့ပါသေးတယ်။ “ How They Blew It” လို့ခေါ်တဲ့စာအုပ်လေးပဲဖြစ်ပါတယ်။

“ကျွန်တော်ကအောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးတွေအကြောင်း ရေးထားတဲ့စာအုပ်ကြီးတွေကို ဖတ်ပြီးတော့ နားမလည်ဘူးဆိုပြီး စာအုပ်ကိုချထားလိုက်တဲ့ လူငယ်တွေကို ပြောချင်ပါတယ်။ ကျွန်တော်လည်း အောင်မြင်သူ တွေကိုစိတ်မဝင်စားပါဘူး။ ကျွန်တော်စိတ်ဝင်စားတာက အောင်မြင်တဲ့သူတွေ ဘယ်လိုရှုံးခဲ့တယ် ဆိုတာပါ။ သူတို့ရှုံးနေရာက ဘယ်လိုပြန်ပြီး ထူထောင်နိုင်ခဲ့တယ်ဆိုတာပဲ ကျွန်တော်စိတ်ဝင်စားတယ်” ဟုလည်း ဆိုပါတယ်။ သူ့အလုပ်ကို ရိုးသားစွာ လုပ်ကိုင်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ စီးပွားရေးပညာမှာ ဂုဏ်ထူး နှင့် အောင်မြင်ခဲ့သော်လည်း သူ့အလုပ်ကိုရှင်ပြထားဒါကတော့-

“ကျွန်တော့်အလုပ်က ရှင်းရှင်းလေးပါ။ ကျွန်တော်က တစ်ခုခုကိုဝယ်ဖို့ အမြဲ စိတ်ဝင်စားနေတာ။ ဈေးတစ်ခုခုနဲ့ သတ်မှတ်ဝယ်လိုက်မယ်။ ပြန်လည်ပြင်ဆင်မွမ်းမံလိုက်မယ်။ ဝန်ဆောင်မှုလေး ထည့်လိုက်မယ်။ ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းမယ်”ဆိုဒါပါပဲ။

ကျွန်တော်တို့အားလုံးလဲ ဂွတ်ဝင်းကို အတုယူပြီးတော့ ဘဝကိုရိုးသားကြိုးစားကြမယ်ဆိုရင် တစ်နေ့မှာ သူ့လိုပဲ အောင်မြင်တဲ့လူတစ်ဖြစ်လာကြမှာပါ။

Zawgyi Font : Tony Goodwin သို႕မဟုတ္ လဲက်ေနရာမွ ျပန္ထလာသူ

သူ႔နာမည္ကေတာ့ တိုနီ ဂြတ္၀င္း (Tony Goodwin) ျဖစ္ပါတယ္။ သူ႔ရဲ႕ ေဆာင္ပုဒ္ကေတာ့ “ေစ်းကြက္ထဲတြင္ လိုအပ္ခ်က္ကို ေဖာ္ထုတ္ပါ” ျဖစ္ပါတယ္။ ဂြတ္၀င္းဟာ ဆံုးရႈံးေနတဲ့ သူ႕လုပ္ငန္းမ်ားကို ျပန္လည္ ေအာင္ျမင္လာေအာင္ ထူေထာင္ႏိုင္ခဲ့တဲ့ အလြန္ခ်ီးက်ဴး အတုယူထိုက္သူတစ္ဦးျဖစ္ပါတယ္။

၂၀၀၁ မွ ၂၀၀၃ ခုႏွစ္မ်ားတြင္ ကမၻာ႔စီးပြားပ်က္ကပ္ကို ရင္ဆိုင္ၾကံဳေတြ႔ခဲ့ရျပီး ဆံုးရႈံးမႈမ်ားစြာေၾကာင့္ ဂြတ္၀င္း တစ္ေယာက္ လုပ္ငန္းေတြအားလံုး ရပ္ဆိုင္းလုနီးပါး အေျခအေနထိျဖစ္ခဲ့ရပါတယ္။ အခုေတာ့ သူဟာ နာမည္ၾကီး Antal International ကုမၸဏီ၏ ဒါရိုက္တာတစ္ေယာက္ျဖစ္ေနပါျပီး။

 “အေျခအေနေတြက အရမ္းကို ဆိုးသြားခဲ့တာ။ Aston Martin ကိုေတာင္ေရာင္းဖို႔ လုပ္ရတယ္။ အဲဒီအခ်ိန္ကေတာ့ တကယ့္ကို ေသေရးရွင္ေရး ျဖစ္ခဲ့ရတယ္။ က်န္းမာေရးပါ ထိခိုက္လာတယ္။ ကိုယ္ထူေထာင္ထားတဲ့ လုပ္ငန္းၾကီးက ယိုင္တိယိုင္တိုင္ ျဖစ္လာတယ္။ ျပိဳလုဆဲဆဲ အေျခအေနကို ရင္ဆိုင္ ေနရတာ။ ကၽြန္ေတာ္ အိပ္လို႔လည္းမေပ်ာ္ေတာ့ဘူး။ ယံုၾကည္မႈေတြလည္း ေပ်ာက္ဆံုးကုန္တယ္။ အဲဒီ၂ႏွစ္ဟာ တကယ့္ကို လမ္းေပ်ာက္ခဲ့ရတဲ့ ကာလေတြေပါ့” ဟု ဂြတ္၀င္းကဆိုပါတယ္။

သူဟာ အလုပ္တစ္ခုကို လက္ဆုပ္လက္ကိုင္ အခိုင္အမာမရွိဘဲ ဘယ္လိုပေရာဂ်က္ကိုမွ မလုပ္သူျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ႏိုင္ငံတကာမွာ သူ႔ရံုးခန္းေတြ မ်ားစြာဖြင့္ထားရျခင္းျဖစ္ပါတယ္။ ဂြတ္၀င္းဟာ အလြန္စမတ္က်က် ေနထိုင္တတ္သူတစ္ဦးျဖစ္ပါတယ္။ ေအာက္စ္ဖို႔ႏွင့္ ကင္းဘရစ္ခ္ တကၠသိုလ္လို ပညာတတ္ အသိုင္းအ၀ိုင္းက ဆင္းသက္လာသူ တစ္ဦးလဲျဖစ္ျပီး သူဟာ စီးပြားေရး စတင္လုပ္ေဆာင္ရာမွာ ေအာင္ျမင္ခဲ့ျခင္းမရွိခဲ့ေခ်။

မႏိုင္မနင္းေတြျဖစ္ျပီးေတာ့ ယိုင္တိယိုင္တိုင္ျဖစ္ခဲ့ရပါတယ္။ အဲလိုအေျခအေနမွာ သူဟာ လုပ္ပိုင္ခြင့္ေတြကို ခြဲေ၀ေပးတဲ့ လုပ္္ငန္းခြဲမ်ားကို ထူေထာင္လိုက္ပါတယ္။ သူ႕အေပၚ ၀န္ပိေနဒါေတြ အေတာ္ေလးကိုေလ်ာ့က်သြားတဲ့အတြက္ ကုမၸၸဏီ ကိုတိုးခ်ဲ႕ႏိုင္ခဲ့ပါတယ္။ အခုဆိုရင္ သူ႔ရဲ႔ Antal International ကုမၸၸဏီၾကီးမွာ ၀န္ထမ္းေပါင္း ၇၅၀၊ ရံုးခန္းေပါင္း ၁၆၉ ရံုးႏွင့္ ႏိုင္ငံေပါင္း ၂၈ ႏိုင္ငံ မွာဖြင့္ႏိုင္သည့္ အေနအထားကို ေရာက္ရွိခဲ့ပါတယ္။ ဒါေပမဲ့သူကေတာ့ အဲဒီရံုးေတြအားလံုးကို မကိုင္ပါဘူး။ သူ႕လက္ထဲမွာရွိဒါက ရံုး ၁၂ရံုး ပဲျဖစ္ျပီး ၀န္ထမ္း ၃၅၀ ခန္႔ကိုေတာ့ ၀န္းထမ္းမ်ားနဲ႔ပဲ လႊဲအပ္ျပီး စီမံအုပ္ခ်ဳပ္ ပါတယ္။

“ယေန႔ေခတ္လူငယ္ေတြဟာ အသစ္အဆန္းေလးေတြကို လုပ္ခ်င္ၾကပါတယ္။ ဒါေပမဲ့ သူတို႔တီထြင္ၾကတယ္ ဆိုတာ တစ္ပတ္ပတ္ေနတာပါ။ တကယ္ေအာင္ျမင္ခ်င္ရင္ ေစ်းကြက္ရဲ႔ လိုအပ္ခ်က္၊ လစ္ဟာခ်က္ေတြကို သိရမယ္။ သူမ်ားေတြထက္ ပိုေကာင္းေအာင္ တီထြင္ လုပ္ကိုင္ႏိုင္ရမယ္” လို႕ ဂြတ္၀င္းက လူငယ္ေတြကို လမ္းညႊန္ခဲ့ပါတယ္။

“ကၽြန္ေတာ့္လုပ္ငန္းကေန အက်ိဳးအျမတ္က စတာလင္ေပါင္သန္း ၃၀ေလာက္ျဖစ္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ ရလိုက္တဲ့ RP(Public Relation) အေတြ႕အၾကံဳေတြကေတာ့ စတာလင္ေပါင္ သန္း၃၀၀မကပါဘဲ” ဟုသူက ေျပာပါတယ္။

တိုနီ ဂြတ္၀င္းဟာ စြန္႔ဦးတီထြင္စီးပြားေရး လုပ္ငန္းရွင္မ်ားအေၾကာင္းႏွင့္ ပတ္သက္ျပီး စာအုပ္တစ္အုပ္ကို ေရးသားျပဳစုခဲ့ပါေသးတယ္။ “ How They Blew It” လို႔ေခၚတ့ဲစာအုပ္ေလးပဲျဖစ္ပါတယ္။

“ကၽြန္ေတာ္ကေအာင္ျမင္တဲ့ လုပ္ငန္းရွင္ၾကီးေတြအေၾကာင္း ေရးထားတဲ့စာအုပ္ၾကီးေတြကို ဖတ္ျပီးေတာ့ နားမလည္ဘူးဆိုျပီး စာအုပ္ကိုခ်ထားလိုက္တဲ့ လူငယ္ေတြကို ေျပာခ်င္ပါတယ္။ ကၽြန္ေတာ္လည္း ေအာင္ျမင္သူ ေတြကိုစိတ္မ၀င္စားပါဘူး။ ကၽြန္ေတာ္စိတ္၀င္စားတာက ေအာင္ျမင္တဲ့သူေတြ ဘယ္လိုရံႈးခဲ့တယ္ ဆိုတာပါ။ သူတို႔႔ရံႈးေနရာက ဘယ္လိ္ုျပန္ျပီး ထူေထာင္ႏိုင္ခဲ့တယ္ဆိုတာပဲ ကၽြန္ေတာ္စိတ္၀င္စားတယ္” ဟုလည္း ဆိုပါတယ္။ သူ႕အလုပ္ကို ရိုးသားစြာ လုပ္ကိုင္ေနတဲ့လူတစ္ေယာက္ျဖစ္ပါတယ္။ စီးပြားေရးပညာမွာ ဂုဏ္ထူး ႏွင့္ ေအာင္ျမင္ခဲ့ေသာ္လည္း သူ႕အလုပ္ကိုရွင္ျပထားဒါကေတာ့-

“ကၽြန္ေတာ့္အလုပ္က ရွင္းရွင္းေလးပါ။ ကၽြန္ေတာ္က တစ္ခုခုကို၀ယ္ဖို႔ အျမဲ စိတ္၀င္စားေနတာ။ ေစ်းတစ္ခုခုနဲ႔ သတ္မွတ္၀ယ္လိုက္မယ္။ ျပန္လည္ျပင္ဆင္မြမ္းမံလိုက္မယ္။ ၀န္ေဆာင္မႈေလး ထည့္လိုက္မယ္။ ေစ်းေကာင္းေကာင္းနဲ႔ ျပန္ေရာင္းမယ္”ဆိုဒါပါပဲ။

ကၽြန္ေတာ္တို႔အားလံုးလဲ ဂြတ္၀င္းကို အတုယူျပီးေတာ့ ဘ၀ကိုရိုးသားၾကိဳးစားၾကမယ္ဆိုရင္ တစ္ေန႔မွာ သူ႕လိုပဲ ေအာင္ျမင္တဲ့လူတစ္ျဖစ္လာၾကမွာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: