Home News လီဗာဘူးကို ပြောင်းရွှေ့ကစားဖို့ နီးစပ်လျက်ရှိနေတဲ့ အူဘာမီယန်း

လီဗာဘူးကို ပြောင်းရွှေ့ကစားဖို့ နီးစပ်လျက်ရှိနေတဲ့ အူဘာမီယန်း

0

ဒေါ့မွန်အသင်းရဲ့ဂါဘွန်လူမျိုး တိုက်စစ်မှူး အူဘာမီယန်းဟာ အသင်းကနေ ထွက်ခွာသွားဖို့ အခြေအနေများနေလျက်ရှိပြီး နည်းပြဟောင်း ဂျာဂင်ကလော့ရှိရာ လီဗာဘူးအသင်းကို ပြောင်းရွှေ့ကစားဖို့ နီးစပ်လျက်ရှိနေပါတယ်။

အသက် ၂၇နှစ်အရွယ်ရှိ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီအတွင်း ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၄၁ ပါဝင်ကစားထားခဲ့ပြီး ၃၈ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ ဘွန်ဒက်လီဂါရဲ့ ဂိုးသွင်းချန်ပီယံဆုကိုပါ ရရှိခဲ့ပါတယ်။ ဒီလို လျှမ်းလျှမ်းတောက် ခြေစွမ်းပြသနိုင်ခဲ့ခြင်းကြောင့် အူဘာမီယန်းကို ခေါ်ယူချင်နေတဲ့ ဥရောပအသင်းတွေ များစွာပေါ်ထွက်ခဲ့လာပြီး မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတို့ကတော့ အထူးတလည်ကို စိတ်ဝင်စားလျက်ရှိနေပါတယ်။ ဒါပေမယ့် အူဘာမီယန်းကတော့ သူရဲ့နည်းပြဟောင်း ဂျာဂင်ကလော့ ကိုင်တွယ်နေတဲ့ လီဗာဘူးအသင်းကို ပြောင်းရွှေ့ကစားလိုနေပြီး လီဗာဘူးအသင်းဘက်ကနေလည်း ပေါင် ၆၁သန်းခန့်လောက်နဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

အူဘာမီယန်းဟာ ၂၀၁၃ခုနှစ်က ပြင်သစ်ကလပ် စိန့်အက်တီယန်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၈၉ပွဲ ကစားပေးထားခဲ့ကာ ဂိုး ၁၂၀အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အူဘာမီယန်းအနေနဲ့ ရာသီကုန်မှာ အသင်းကနေထွက်ခွာပြီး ထိပ်သီးကလပ်အသင်းတစ်ခုကို ပြောင်းရွှေ့ချင်နေတာကြောင့် လီဗာဘူးအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စဟာ အထမြောက်သွားနိုင်ပေမယ့် ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာကတော့ အူဘာမီယန်းအတွက် ကမ်းလှမ်းမှုတွေ မရရှိသေးကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်ခင်ဗျာ။

Zawgyi Font : လီဗာဘူးကုိ ေျပာင္းေရႊ႕ကစားဖုိ႔ နီးစပ္လ်က္ရွိေနတဲ႔ အူဘာမီယန္း

ေဒါ့မြန္အသင္းရဲ႕ဂါဘြန္လူမ်ိဳး တုိက္စစ္မွဴး အူဘာမီယန္းဟာ အသင္းကေန ထြက္ခြာသြားဖုိ႔ အေျခအေနမ်ားေနလ်က္ရွိၿပီး နည္းျပေဟာင္း ဂ်ာဂင္ကေလာ့ရွိရာ လီဗာဘူးအသင္းကုိ ေျပာင္းေရႊ႕ကစားဖုိ႔ နီးစပ္လ်က္ရွိေနပါတယ္။

အသက္ ၂၇ႏွစ္အရြယ္ရွိ ဂါဘြန္လက္ေရြးစင္တုိက္စစ္မွဴး အူဘာမီယန္းဟာ ၿပီးခဲ့တဲ့ႏွစ္ ေဘာလုံးရာသီအတြင္း ေဒါ့မြန္အသင္းအတြက္ ၿပိဳင္ပြဲစုံပြဲေပါင္း ၄၁ ပါဝင္ကစားထားခဲ႔ၿပီး ၃၈ဂုိးအထိ သြင္းယူထားႏုိင္ခဲ႔ကာ ဘြန္ဒက္လီဂါရဲ႕ ဂုိးသြင္းခ်န္ပီယံဆုကုိပါ ရရွိခဲ႔ပါတယ္။ ဒီလုိ လွ်မ္းလွ်မ္းေတာက္ ေျခစြမ္းျပသႏုိင္ခဲ႔ျခင္းေၾကာင့္ အူဘာမီယန္းကုိ ေခၚယူခ်င္ေနတဲ႔ ဥေရာပအသင္းေတြ မ်ားစြာေပၚထြက္ခဲ့လာၿပီး မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီအသင္းတုိ႔ကေတာ့ အထူးတလည္ကုိ စိတ္ဝင္စားလ်က္ရွိေနပါတယ္။ ဒါေပမယ့္ အူဘာမီယန္းကေတာ့ သူရဲ႕နည္းျပေဟာင္း ဂ်ာဂင္ကေလာ့ ကုိင္တြယ္ေနတဲ႔ လီဗာဘူးအသင္းကုိ ေျပာင္းေရႊ႕ကစားလုိေနၿပီး လီဗာဘူးအသင္းဘက္ကေနလည္း ေပါင္ ၆၁သန္းခန္႔ေလာက္နဲ႔ ကမ္းလွမ္းထားတယ္လုိ႔ သတင္းေတြ ထြက္ေပၚလုိ႔ေနပါတယ္။

အူဘာမီယန္းဟာ ၂၀၁၃ခုႏွစ္က ျပင္သစ္ကလပ္ စိန္႔အက္တီယန္ကေန ေဒါ့မြန္ကုိ ေျပာင္းေရႊ႕လာခဲ႔တာျဖစ္ၿပီး ပြဲေပါင္း ၁၈၉ပြဲ ကစားေပးထားခဲ႔ကာ ဂုိး ၁၂၀အထိ သြင္းယူေပးႏုိင္ခဲ႔ပါတယ္။ အူဘာမီယန္းအေနနဲ႔ ရာသီကုန္မွာ အသင္းကေနထြက္ခြာၿပီး ထိပ္သီးကလပ္အသင္းတစ္ခုကုိ ေျပာင္းေရႊ႕ခ်င္ေနတာေၾကာင့္ လီဗာဘူးအသင္းနဲ႔ အေျပာင္းအေရႊ႕ကိစၥဟာ အထေျမာက္သြားႏုိင္ေပမယ့္ ေဒါ့မြန္အသင္းရဲ႕ အားကစားဒါရုိက္တာကေတာ့ အူဘာမီယန္းအတြက္ ကမ္းလွမ္းမႈေတြ မရရွိေသးေၾကာင္း ထုတ္ျပန္ထားခဲ႔ပါတယ္ခင္ဗ်ာ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: