Home Knowledge သင့်ကိုယ်သင် သိမ်ငယ်စိတ်ဝင်နေသလား၊ ဒီပုံပြင်လေးကို ဖတ်ကြည့်လိုက်ပါ

သင့်ကိုယ်သင် သိမ်ငယ်စိတ်ဝင်နေသလား၊ ဒီပုံပြင်လေးကို ဖတ်ကြည့်လိုက်ပါ

0

လူဆိုတဲ့အမျိုးက မိမိရဲ့ ဘဝမှာ ဘယ်လောက်ပဲ အောင်မြင်တိုးတက်ပေမယ့် တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေအပေါ် အားမလိုအားမရဖြစ်တာမျိုး ရှိတတ်ကြတယ်။ တစ်ခါတစ်ရံမှာ လုပ်ရင်းကိုင်ရင်းနဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကျဆင်းတတ်ပါတယ်။ ဒီလိုယုံကြည်မှုတွေ ကျဆင်းလာရာကနေ သိမ်ငယ်စိတ်တွေဝင်လာတတ်ပြီး မိမိဘဝရဲ့တက်လမ်းပေါ်ကနေ ဆွဲချသွားတတ်ပါတယ်။ သိမ်ငယ်စိတ်ဟာ စိတ်ကျရောဂါရဲ့ကနဦးအခြေအနေတစ်ခုဖြစ်သလို သိမ်ငယ်စိတ်ကတဆင့် ငါဘာမှသုံးမရတော့ဘူးဆိုတဲ့ အတွေးတွေရောက်သွားပြီး ကိုယ့်ဘဝကို အဆုံးစီရင်တဲ့အထိဖြစ်သွားတတ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်လို့ဖြစ်လာပြီဆိုရင် ဘယ်လောက်ပဲ ချို့ယွင်းအားနည်းချက်တွေများနေပါစေ အားသာချက်ကလည်း အနည်းနဲ့အများရှိနေတတ်တာ အမှန်တရားတစ်ခုပါပဲ။

လူအများစုရဲ့ သဘာဝက မိမိရဲ့ ကောင်းကွက်တွေအားသာချက်တွေကို ကောင်းကောင်းမမြင်မသိတာနဲ့ သိပြီး အသုံးမချနိုင်ကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ငါ သိမ်ငယ်စိတ်ဝင်နေသလားလို့ ပြန်မေးကြည့်ပါ။ သိမ်ငယ်စိတ်ဝင်နေပြီဆိုရင်တော့ တစ်ခါတုန်းက သင့်လိုပဲ သိမ်ငယ်စိတ်၊အလိုမကျတဲ့စိတ်၊အားမရတဲ့စိတ်တွေဖြစ်နေတဲ့ ရေအိုးလေးတစ်လုံးအကြောင်းကို မိတ်ဆက်ပေးပါမယ်။

တစ်ခါတုန်းကတောင်ကုန်းပေါ်က သူဌေးအိမ်တစ်အိမ်မှာ ရေထမ်းပြီးအသက်မွေးရတဲ့ ရေထမ်းသမားတစ်ဦးရှိပါတယ်။ သူဌေးအိမ်ကလည်း တောင်ပေါ်မှာဆိုတော့ ရေထမ်းသမားဟာ တောင်အောက်ကရေတွင်းရေကို တောင်ပေါ်သူဌေးအိမ်ဆီ နေ့စဉ်ထမ်းပို့ရတာပေါ့။ ရေထမ်းသမားဟာ သူ့တာဝန်ကျေဖို့ ကိုရွှေအက်ဆိုတဲ့ ရေအိုးလေးတစ်လုံးနဲ့ ကိုရွှေပြည့်ဆိုတဲ့ ရေအိုးတစ်လုံးဆီကို ဘယ်ညာဆိုင်းပြီး ရေထမ်းတာပေါ့ ။ ကိုရွှေအက်ဆိုတဲ့ရေအိုးလေးက နည်းနည်းလေးအက်နေတော့ တောင်အောက်က သယ်လာသလောက်တောင်ပေါ်သို့ အပြည့်အဝမရောက်နိုင်ဘူးလေ။

ဒါကြောင့်ကိုရွှေအက်ဟာ သူ့သခင်အတွက်အပြည့်အဝတာဝန်မကျေဘူးဆိုပြီး စိတ်မကောင်းဘူး။ သူ့ကိုယ်သူလည်းအားမရသလို မပြည့်စုံတဲ့သူ့ဘဝအတွက် သိမ်ငယ်စိတ်တွေဝင်လို့နေပါတယ်။ သူနဲ့အတူ ဘေးချင်းယှဉ်ပြီးအလုပ်လုပ်ရတဲ့ ကိုရွှေပြည့်ဆိုတဲ့ မိတ်ဆွေရေအိုးလေးကတော့ ကွဲရာအက်ရာမရှိ အပြစ်အနာအဆာကင်းသူမို့ သူ့သခင်ခပ်ထည့် ပေးသလောက် တောင်ပေါ်သို့ အရောက်ပို့ပေးနိုင်တဲ့အတွက် သူ့ကိုယ်သူဂုဏ်ယူမော်ကြွားနိုင်တာပေါ့။ ရေထမ်းသမားကြီးကတော့ တဖက်က ကိုရွှေအက်လေးမှာ အပြစ်အနာဆာမကင်းပေမယ့် အပြစ်တင်စကားပြောမယ့်အစား သူ့တာဝန်ကိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နေ့စဉ်ထမ်းရွက်နေပါတယ်။ သခင်ကအပြစ်မမြင်လေ ကိုရွှေအက်ရင်ထဲမကောင်းလေဖြစ်ပြီး တစ်နေ့ ရေတွင်းမှာ ရေခပ်ရင်း ကိုရွှေအက်က သူ့သခင်ကိုတောင်းပန်စကားဆိုလိုက်ပါတယ်။

“သခင်ကြီးခင်ဗျာ၊ သခင်က တောင်အောက်မှာ ကျွန်ုပ်ထဲသို့ ဘယ်လောက်ပဲ ရေအပြည့်ဖြည့်ပေမယ့် ကျွန်ုပ်ရဲ့ အားနည်းချက်ကြောင့် အပေါ်ရောက်ရင် ရေကတစ်ဝက်ပဲရှိတော့တာ။ ကျွန်ုပ်သခင်ကြီးကို အားနာလှပါပြီ။ ကျွနု်ပ်ကြောင့် သခင်ကြီးက ပို ပင်ပန်း ရတဲ့ အတွက်စိတ်မကောင်း လွန်း လို့ပါ။ ကျွန်ုပ်တောင်းပန်ပါတယ်”

ရေထမ်းသမားကြီးက ကိုရွှေအက်ရဲ့တောင်းပန်စကားကို ကြားရတဲ့အခါ ဘာမှမဖြစ်သလိုအမူအရာနဲ့ ကိုရွှေအက်ကို ပြန်ပြောလိုက်ပါတယ်။

“ဒီမှာရွှေအက်၊မင်းကသာ မင်းကိုယ်မင်း မပြည့်စုံဘူး။ ငါကတာဝန်မကျေဘူးဆိုပြီး ထင်နေတာ။ အက်နေတဲ့ မင်းမှာလည်း အက်နေတာကို အကြောင်းပြုပြီး အားသာချက်တွေ၊အသုံးချလို့ရတာတွေရှိပါတယ်ကွ။ မင်းဘာမှအားငယ်စရာ၊သိမ်ငယ်စရာမလိုဘူး။မင်းဟာ လောကကို ဘယ်လောက်ကောင်းကျိုးပြုနိုင်တယ်ဆိုတာ ငါပြမယ်။လာ၊ငါတို့ တောင်ပေါ်တက်ကြစို့”လို့ပြောပြီး ရေဖြည့်ကာတောင်ပေါ်တက်လာကြတယ်။ တောင်ပေါ်လမ်း တစ်လျှောက် လှမ်းတက်ရင်း ရေထမ်းသမားက ကိုရွှေအက်ကို ပြောလိုက်ပါတယ်။

“တောင်ပေါ်တက်တဲ့ လမ်းရဲ့ တစ်ဘက်ခြမ်းကို မင်းကြည့်လိုက်စမ်း။ အင်မတန်လှပတဲ့ ပန်းရောင်စုံတွေဖူးပွင့်နေတာကိုတွေ့လား။ အဲ့ဒီပန်းတွေကို ပွင့်လန်းလာအောင် စွမ်းဆောင်ခဲ့တာကမင်းပဲလေ။ ငါကမင်းကို အဲ့ဒီဘက်မှာ အမြဲထားပြီး မင်းဆီကစိမ့်ကျလာတဲ့ရေတွေကို အလကားမဖြစ်အောင် ဒီပန်းတွေကို ပျိုးခဲ့တာကွ။ မင်းငါ့သူဌေးအိမ်ရောက်ရင်မြင်ရပါလိမ့်မယ်”

ပြောရင်းနဲ့ တောင်ပေါ်က သူဌေးအိမ်ကိုရောက်လာကြတယ်။ ရေဖြည့်ပြီးတဲ့အခါမှာတော့ ကိုရွှေအက်ကို သူဌေးရဲ့ ဧည့်ခန်းစားပွဲဆီခေါ်လာပြီးပြလိုက်ပါတယ်။

“ကဲရွှေအက်ရေ၊အခုမင်းမြင်နေရတဲ့ ဧည့်ခန်းရဲ့ကျက်သရေကို လှပဝေဆာအောင်၊ တိုးပွားအောင်လုပ်ခဲ့တာလည်း မင်းပါပဲကွာ။ ဒါတင်ဘယ်ကမလဲ ဘုရားစင်ပေါ်မှာ ပူဇော်ထားတဲ့ ပန်းအလှတွေကလည်း မင်းကြောင့် ဖြစ်တည်လာတာပဲ။ ဒါကြောင့်မင်းသိထားရမှာက မပြည့်စုံပါဘူးဆိုတဲ့ လူတိုင်းမှာလည်း အားသာချက်တွေရှိတယ်။ ကိုယ့်ဘဝကိုယ့်အခြေကိုဘယ်တော့မှ လျှော့မတွက်ရဘူး။ အားနည်းချက်ထဲက အားသာချက်ကိုတွေ့အောင်ရှာပြီး အသုံးချတတ်ဖို့ပဲလိုတယ်ကွ။ တကယ်တော့ မင်းမှာ လောကကို အလှဆင်နိုင်တဲ့အရည်အချင်းရှိပါတယ်ကွ”

ရေထမ်းသမားရဲ့ စကားကြောင့် ကိုရွှေအက်လည်း နောက်ပိုင်းမှာ သိမ်ငယ်စိတ်လုံးဝမရှိတော့ပဲ သူလုပ်ရမယ့်၊သူ့တာဝန်တွေကို အားတက်သရောဆောင်ရွက်ပါတော့တယ်။

ကဲစာဖတ်ပရိတ်သတ်များမှာလည်း အရာရာပြည့်စုံသူဆိုတာမရှိလောက်ပါဘူး။ ကိုယ့်ရဲ့အားနည်းချက်တွေကို စဉ်းစားပြီး သိမ်ငယ်နေမယ့်အစား မိမိမှာရှိတဲ့ အားသာချက်တွေနဲ့ လောကကို အကျိုးပြုလိုက်ကြရအောင်လားခင်ဗျာ။ လောကကြီးငြိမ်းချမ်းသာယာပါစေ။

Zawgyi Font : သင့္ကိုယ္သင္ သိမ္ငယ္စိတ္၀င္ေနသလား၊ ဒီပုံျပင္ေလးကို ဖတ္ၾကည့္လုိက္ပါ

လူဆိုတဲ့အမ်ိဳးက မိမိရဲ႕ ဘ၀မွာ ဘယ္ေလာက္ပဲ ေအာင္ျမင္တိုးတက္ေပမယ္႔ တစ္ခါတစ္ရံမွာ ကိုယ္႔ရဲ႕လုပ္ေဆာင္ခ်က္ေတြအေပၚ အားမလိုအားမရျဖစ္တာမ်ိဳး ရွိတတ္ၾကတယ္။ တစ္ခါတစ္ရံမွာ လုပ္ရင္းကိုင္ရင္းနဲ႔ကိုယ့္ကိုယ္ကို ယံုၾကည္မႈေတြက်ဆင္းတတ္ပါတယ္။ ဒီလိုယံုၾကည္မႈေတြ က်ဆင္းလာရာကေန သိမ္ငယ္စိတ္ေတြ၀င္လာတတ္ျပီး မိမိဘ၀ရဲ႕တက္လမ္းေပၚကေန ဆြဲခ်သြားတတ္ပါတယ္။ သိမ္ငယ္စိတ္ဟာ စိတ္က်ေရာဂါရဲ႕ကနဦးအေျခအေနတစ္ခုျဖစ္သလို သိမ္ငယ္စိတ္ကတဆင္႔ ငါဘာမွသံုးမရေတာ႔ဘူးဆိုတဲ့ အေတြးေတြေရာက္သြားျပီး ကိုယ့္ဘ၀ကို အဆံုးစီရင္တဲ႔အထိျဖစ္သြားတတ္ၾကပါတယ္။ တကယ္ေတာ႔ လူတစ္ေယာက္လို႔ျဖစ္လာျပီဆိုရင္ ဘယ္ေလာက္ပဲ ခ်ိဳ႔ယြင္းအားနည္းခ်က္ေတြမ်ားေနပါေစ အားသာခ်က္ကလည္း အနည္းနဲ႔အမ်ားရွိေနတတ္တာ အမွန္တရားတစ္ခုပါပဲ။

လူအမ်ားစုရဲ႕ သဘာ၀က မိမိရဲ႕ ေကာင္းကြက္ေတြအားသာခ်က္ေတြကို ေကာင္းေကာင္းမျမင္မသိတာနဲ႕ သိျပီး အသံုးမခ်ႏိုင္ၾကတာပဲျဖစ္ပါတယ္။ ဒါေၾကာင္႔ သင္႔ကိုယ္သင္ ငါ သိမ္ငယ္စိတ္၀င္ေနသလားလို႔ ျပန္ေမးၾကည္႔ပါ။ သိမ္ငယ္စိတ္၀င္ေနျပီဆိုရင္ေတာ႔ တစ္ခါတုန္းက သင္႔လိုပဲ သိမ္ငယ္စိတ္၊အလိုမက်တဲ႔စိတ္၊အားမရတဲ႔စိတ္ေတြျဖစ္ေနတဲ့ ေရအိုးေလးတစ္လံုးအေၾကာင္းကို မိတ္ဆက္ေပးပါမယ္။

တစ္ခါတုန္းကေတာင္ကုန္းေပၚက သူေဌးအိမ္တစ္အိမ္မွာ  ေရထမ္းျပီးအသက္ေမြးရတဲ႔ ေရထမ္းသမားတစ္ဦးရွိပါတယ္။ သူေဌးအိမ္ကလည္း ေတာင္ေပၚမွာဆိုေတာ႔ ေရထမ္းသမားဟာ ေတာင္ေအာက္ကေရတြင္းေရကို ေတာင္ေပၚသူေဌးအိမ္ဆီ ေန႔စဥ္ထမ္းပို႔ရတာေပါ့။ ေရထမ္းသမားဟာ သူ႔တာ၀န္ေက်ဖို႔ ကိုေရႊအက္ဆိုတဲ႔ ေရအိုးေလးတစ္လံုးနဲ႔ ကိုေရႊျပည္႔ဆိုတဲ႔ ေရအိုးတစ္လံုးဆီကို ဘယ္ညာဆိုင္းျပီး ေရထမ္းတာေပါ႔ ။ ကိုေရႊအက္ဆိုတဲ့ေရအိုးေလးက နည္းနည္းေလးအက္ေနေတာ႔ ေတာင္ေအာက္က သယ္လာသေလာက္ေတာင္ေပၚသို႔ အျပည္႔အ၀မေရာက္ႏိုင္ဘူးေလ။

ဒါေၾကာင္႔ကိုေရႊအက္ဟာ သူ႕သခင္အတြက္အျပည္႔အ၀တာ၀န္မေက်ဘူးဆိုျပီး စိတ္မေကာင္းဘူး။ သူ႕ကိုယ္သူလည္းအားမရသလို မျပည္႕စံုတဲ႔သူ႕ဘ၀အတြက္ သိမ္ငယ္စိတ္ေတြ၀င္လို႕ေနပါတယ္။ သူနဲ႔အတူ ေဘးခ်င္းယွဥ္ျပီးအလုပ္လုပ္ရတဲ႔ ကိုေရႊျပည္႔ဆိုတဲ့ မိတ္ေဆြေရအိုးေလးကေတာ့ ကြဲရာအက္ရာမရွိ အျပစ္အနာအဆာကင္းသူမို႔ သူ႕သခင္ခပ္ထည္႕ ေပးသေလာက္ ေတာင္ေပၚသို႔ အေရာက္ပို႔ေပးႏိုင္တဲ႔အတြက္ သူ႕ကိုယ္သူဂုဏ္ယူေမာ္ၾကြားႏိုင္တာေပါ႔။ ေရထမ္းသမားၾကီးကေတာ႔ တဖက္က ကိုေရႊအက္ေလးမွာ အျပစ္အနာဆာမကင္းေပမယ္႔ အျပစ္တင္စကားေျပာမယ္႔အစား သူ႕တာ၀န္ကိုပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕ ေန႔စဥ္ထမ္းရြက္ေနပါတယ္။ သခင္ကအျပစ္မျမင္ေလ ကိုေရႊအက္ရင္ထဲမေကာင္းေလျဖစ္ျပီး တစ္ေန႔ ေရတြင္းမွာ ေရခပ္ရင္း ကိုေရႊအက္က သူ႔သခင္ကိုေတာင္းပန္စကားဆိုလိုက္ပါတယ္။

“သခင္ၾကီးခင္ဗ်ာ၊ သခင္က ေတာင္ေအာက္မွာ ကြ်ႏ္ုပ္ထဲသို႔ ဘယ္ေလာက္ပဲ ေရအျပည္႔ျဖည္႔ေပမယ္႔ ကြ်ႏ္ုပ္ရဲ႕ အားနည္းခ်က္ေၾကာင္႔ အေပၚေရာက္ရင္ ေရကတစ္၀က္ပဲရွိေတာ႔တာ။ ကၽြႏ္ုပ္သခင္ၾကီးကို အားနာလွပါျပီ။ ကၽြႏု္ပ္ေၾကာင့္ သခင္ၾကီးက ပို ပင္ပန္း ရတဲ႔ အတြက္စိတ္မေကာင္း လြန္း လို႔ပါ။ ကၽြန္ုပ္ေတာင္းပန္ပါတယ္”

ေရထမ္းသမားၾကီးက ကိုေရႊအက္ရဲ႔ေတာင္းပန္စကားကို ၾကားရတဲ႔အခါ ဘာမွမျဖစ္သလိုအမူအရာနဲ႕ ကိုေရႊအက္ကို ျပန္ေျပာလိုက္ပါတယ္။

“ဒီမွာေရႊအက္၊မင္းကသာ မင္းကိုယ္မင္း မျပည္႔စံုဘူး။ ငါကတာ၀န္မေက်ဘူးဆိုျပီး ထင္ေနတာ။ အက္ေနတဲ့ မင္းမွာလည္း အက္ေနတာကို အေၾကာင္းျပဳျပီး အားသာခ်က္ေတြ၊အသံုးခ်လို႕ရတာေတြရွိပါတယ္ကြ။ မင္းဘာမွအားငယ္စရာ၊သိမ္ငယ္စရာမလိုဘူး။မင္းဟာ ေလာကကို ဘယ္ေလာက္ေကာင္းက်ိဳးျပဳႏိုင္တယ္ဆိုတာ ငါျပမယ္။လာ၊ငါတို႔ ေတာင္ေပၚတက္ၾကစို႔”လို႔ေျပာျပီး ေရျဖည္႔ကာေတာင္ေပၚတက္လာၾကတယ္။ ေတာင္ေပၚလမ္း တစ္ေလွ်ာက္ လွမ္းတက္ရင္း ေရထမ္းသမားက ကိုေရႊအက္ကို ေျပာလိုက္ပါတယ္။

“ေတာင္ေပၚတက္တဲ့ လမ္းရဲ႕ တစ္ဘက္ျခမ္းကို မင္းၾကည္႔လိုက္စမ္း။ အင္မတန္လွပတဲ႔ ပန္းေရာင္စံုေတြဖူးပြင္႔ေနတာကိုေတြ႔လား။ အဲ့ဒီပန္းေတြကို ပြင္႔လန္းလာေအာင္ စြမ္းေဆာင္ခဲ႔တာကမင္းပဲေလ။ ငါကမင္းကို အဲ႔ဒီဘက္မွာ အျမဲထားျပီး မင္းဆီကစိမ္႔က်လာတဲ႔ေရေတြကို အလကားမျဖစ္ေအာင္ ဒီပန္းေတြကို ပ်ိဳးခဲ႔တာကြ။ မင္းငါ႕သူေဌးအိမ္ေရာက္ရင္ျမင္ရပါလိမ္႔မယ္”

ေျပာရင္းနဲ႔ ေတာင္ေပၚက သူေဌးအိမ္ကိုေရာက္လာၾကတယ္။ ေရျဖည္႔ျပီးတဲ႔အခါမွာေတာ႔ ကိုေရႊအက္ကို သူေဌးရဲ႕ ဧည္႔ခန္းစားပြဲဆီေခၚလာျပီးျပလိုက္ပါတယ္။

“ကဲေရႊအက္ေရ၊အခုမင္းျမင္ေနရတဲ႔ ဧည္႔ခန္းရဲ႕က်က္သေရကို လွပေ၀ဆာေအာင္၊ တိုးပြားေအာင္လုပ္ခဲ႔တာလည္း မင္းပါပဲကြာ။ ဒါတင္ဘယ္ကမလဲ ဘုရားစင္ေပၚမွာ ပူေဇာ္ထားတဲ႔ ပန္းအလွေတြကလည္း မင္းေၾကာင့္ ျဖစ္တည္လာတာပဲ။ ဒါေၾကာင္႔မင္းသိထားရမွာက မျပည္႔စံုပါဘူးဆိုတဲ႔ လူတိုင္းမွာလည္း အားသာခ်က္ေတြရွိတယ္။ ကိုယ္႔ဘ၀ကိုယ္႔အေျခကိုဘယ္ေတာ႔မွ ေလွ်ာ႔မတြက္ရဘူး။ အားနည္းခ်က္ထဲက အားသာခ်က္ကိုေတြ႔ေအာင္ရွာျပီး အသံုးခ်တတ္ဖို႔ပဲလိုတယ္ကြ။ တကယ္ေတာ႔ မင္းမွာ ေလာကကို အလွဆင္ႏိုင္တဲ႔အရည္အခ်င္းရွိပါတယ္ကြ”

ေရထမ္းသမားရဲ႕ စကားေၾကာင္႔ ကိုေရႊအက္လည္း ေနာက္ပိုင္းမွာ သိမ္ငယ္စိတ္လံုး၀မရွိေတာ႔ပဲ သူလုပ္ရမယ္႔၊သူ႔တာ၀န္ေတြကို အားတက္သေရာေဆာင္ရြက္ပါေတာ႔တယ္။

ကဲစာဖတ္ပရိတ္သတ္မ်ားမွာလည္း အရာရာျပည္႔စံုသူဆိုတာမရွိေလာက္ပါဘူး။ ကိုယ္႔ရဲ႕အားနည္းခ်က္ေတြကို စဥ္းစားျပီး သိမ္ငယ္ေနမယ္႔အစား မိမိမွာရွိတဲ႔ အားသာခ်က္ေတြနဲ႔ ေလာကကို အက်ိဳးျပဳလိုက္ၾကရေအာင္လားခင္ဗ်ာ။ ေလာကၾကီးျငိမ္းခ်မ္းသာယာပါေစ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: