Home News မကြာမှီ ထွက်ရှိလာတော့မယ့် Xiaomi Mi6 Plus စမတ်ဖုန်း

မကြာမှီ ထွက်ရှိလာတော့မယ့် Xiaomi Mi6 Plus စမတ်ဖုန်း

0

Xiaomi ရဲ့ Mi 6 ကို ဧပြီလ မှာ စတင်မိတ်ဆက်ခဲ့ပြီး မျက်နှာပြင် ၅.၁၅ နဲ့ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ Mi 6 ဟာ အထင်ကြီးလေးစားစရာကောင်းလှတဲ့ Hardware တွေအပြင် အကြမ်းခံတဲ့ စမတ်ဖုန်းတစ်လုံးလဲ ဖြစ်ပါတယ်။ ဒါပေမယ့် မျက်နှာပြင်အရွယ်အစားက ၅.၁၅ လက်မ ဖြစ်နေတာကြောင့် မျက်နှာပြင်ကြီးကြီးသုံးချင်သူတွေအတွက် သုံးရတာ အားမရပါဘူး။

mi6 plus

ယခု ရရှိထားတဲ့ ပေါက်ကြားမှုသတင်းတွေအရ Xiaomi Mi6 Plus ကို ဂျူလိုင်လ မှာ မိတ်ဆက်ဖွယ်ရှိတယ်လို့ သိရပြီး မျက်နှာပြင်အရွယ်အစား ၅.၇ လက်မနဲ့ ထွက်ရှိမယ်လို့ သိရပါတယ်။ RAM 4GB, Storage 64GB , RAM 6GB, Storage 128 GB, RAM 8GB, Storage 256GB နဲ့ ထွက်ရှိမယ်လို့ သတင်းရထားပါတယ်။ Android version 7.1 Nougat နဲ့ ထွက်ရှိလာမှာဖြစ်ပြီး CPU နဲ့ ဖုန်းကိုယ်ထည်အမျိုးအစားကတော့ Mi 6 နဲ့ တူတူဘဲ ဖြစ်လိမ့်မယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ RAM 8GB , Storage 256GB အထိ ဝယ်ယူရရှိနိုင်မယ် ဆိုတာပါဘဲ။ မျက်နှာပြင်လည်း ၅.၇ လက်မရှိမယ် Hardware တွေကလည်း သိထားတဲ့အတိုင်း အလန်းစားတွေဘဲ ဆိုတော့ Mi6 Plus ဟာလည်း Xiaomi ရဲ့ အရောင်းသွက်အုံးမယ့် Flagship စမတ်ဖုန်းတစ်လုံး ဖြစ်လာမှာပါ။

Zawgyi Font : မၾကာမွီ ထြက္ရွိလာေတာ့မယ့္ Xiaomi Mi6 Plus စမတ္ဖုန္း

Xiaomi ရဲ႕ Mi 6 ကို ဧျပီလ မွာ စတင္မိတ္ဆက္ခဲ့ျပီး မ်က္ႏွာျပင္ ၅.၁၅ နဲ႕ထြက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ Mi 6 ဟာ အထင္ၾကီးေလးစားစရာေကာင္းလွတဲ့ Hardware ေတြအျပင္ အၾကမ္းခံတဲ့ စမတ္ဖုန္းတစ္လံုးလဲ ျဖစ္ပါတယ္။ ဒါေပမယ့္ မ်က္ႏွာျပင္အရြယ္အစားက ၅.၁၅ လက္မ ျဖစ္ေနတာေၾကာင့္ မ်က္ႏွာျပင္ၾကီးၾကီးသံုးခ်င္သူေတြအတြက္ သံုးရတာ အားမရပါဘူး။

ယခု ရရွိထားတဲ့ ေပါက္ၾကားမႈသတင္းေတြအရ Xiaomi Mi6 Plus ကို ဂ်ဴလိုင္လ မွ မိတ္ဆက္ဖြယ္ရွိတယ္လို႕ သိရျပီး မ်က္ႏွာျပင္အရြယ္အစား ၅.၇ လက္မနဲ႕ ထြက္ရွိမယ္လို႕ သိရပါတယ္။ RAM 4GB, Storage 64GB , RAM 6GB, Storage 128 GB, RAM 8GB, Storage 256GB နဲ႕ ထြက္ရွိမယ္လို႕ သတင္းရထားပါတယ္။ Android version 7.1 Nougat နဲ႕ ထြက္ရွိလာမွာျဖစ္ျပီး CPU နဲ႕ ဖုန္းကိုယ္ထည္အမ်ိဳးအစားကေတာ့ Mi 6 နဲ႕ တူတူဘဲ ျဖစ္လိမ့္မယ္လို႕ သိရပါတယ္။ ထူးျခားခ်က္အေနနဲ႕ကေတာ့ RAM 8GB , Storage 256GB အထိ ၀ယ္ယူရရွိႏုိင္မယ္ ဆိုတာပါဘဲ။ မ်က္ႏွာျပင္လည္း ၅.၇ လက္မရွိမယ္ Hardware ေတြကလည္း သိထားတဲ့အတိုင္း အလန္းစားေတြဘဲ ဆိုေတာ့ Mi6 Plus ဟာလည္း Xiaomi ရဲ႕ အေရာင္းသြက္အံုးမယ့္ Flagship စမတ္ဖုန္းတစ္လံုး ျဖစ္လာမွာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: