Home Knowledge အနာဂတ် မြန်မာလူငယ်တို့ တိုးတက်စေဖို့

အနာဂတ် မြန်မာလူငယ်တို့ တိုးတက်စေဖို့

0

တိုးတက် ပြောင်းလဲလာတဲ့ ယနေ့ခေတ်မှာ အချိန်ဆိုတာ အရမ်းကိုတန်ဖိုးကြီးလာတယ်ဆိုတာ လူတိုင်းသိကြပေမယ့် တကယ်အလုပ်လုပ်တဲ့ လူတစ်ယောက်ဟာ ၂၄နာရီဆိုတဲ့ အချိန်ဆိုတာ ဘယ်လိုမှကို မလုံလောက်ပါဘူး။ Time Management လို့ခေါ်တဲ့ အချိန်ကို အကျိုးရှိရှိ ခွဲဝေအသုံးချခြင်းကို သဘောမပေါက်ရင်တော့ အလုပ်ဘယ်လောက် လုပ်လုပ် အောင်မြင်မှုနဲ့ ဝေးနေပါအုံးမယ်။ ဒါကြောင့် သိထားရမှာက အလုပ်ကြိုးစားတိုင်း အောင်မြင်ရမယ်လို့ ဘယ်သူမှ အာမခံချက်မပေးနိုင်ပါဘူး။ ကြိုးစားခြင်းရဲ့ နောက်ကွယ်မှာ ရွေးချယ်ခြင်းနဲ့ အစီအမံကောင်းတစ်ခုလိုတယ်ဆိုတာ သိထားရပါမယ်။ ဒီပိုစ့်မှာတော့ အခြေခံ လိုအပ်ချက် ၇ ခုလောက်ကို ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

၁။ ရည်မှန်းချက် ပန်းတိုင်ပျောက်ဆုံးနေခြင်း

ယနေ့ခေတ် လူငယ်တွေ အများစုဟာ မိဘတွေ၊ အုပ်ထိန်းသူတွေ၊ ဆွေမျိုးတွေရဲ့ လောင်းရိပ်တွေကြောင့် မရှင်သန်နိုင်ပဲ ရည်ရွယ်ချက်တွေ၊ အိမ်မက်တွေပျောက်ဆုံးနေကြရပါတယ်။ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်စေဖို့ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေ အိမ်မက်တွေကို ချမှတ်ပြီး ဘယ်သူ့အပေါ်မှ မမှီခိုပဲ ကိုယ့်အားကိုယ်ကိုး ပြီး လက်တွေ့အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ဒီကနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတစ်ခုကတော့ လူငယ်အတော်များများဟာ ရည်မှန်းချက်ပန်းတိုင်ပျောက်ဆုံးနေတာပါ။

future

၂။ မလိုအပ်ပဲ သုံးဖြုန်းခြင်း

ယနေ့ခေတ် လူငယ်အများစုဟာ မိဘအုပ်ထိန်းသူထံမှာ လက်ဖြန့်လိုက်တာနဲ့ ငွေဆိုတာဖြစ်နေတော့ ငွေရဲ့ တန်ဖိုးကို နားမလည်ကြတော့ပါဘူး။ ဒါဟာ အလွန်ဆိုးရွားတဲ့ ကိစ္စတစ်ခုပါပဲ။ လူငယ်ဆိုတဲ့ သဘာဝအရ အသစ်အစမ်း လှလှလေးတွေတွေ့ရင် လိုချင်ကြပါတယ်။ ယခုခေတ်မှာ အဓိကလူငယ်တွေ သုံးဖြုန်းနေတာက smart phone တွေ၊ Laptop Computer တွေပဲဖြစ်ပါတယ်။ မော်ဒယ်အသစ်တစ်ခု ထွက်ပြီကြားတာနဲ့ အဟောင်းကို ပစ်ချင်ကြတော့တာပါပဲ။ ဒါဟာ မလိုအပ်ပဲကုန်နေရတဲ့ ထွက်ငွေတွေဖြစ်ပါတယ်။ လက်ဖြန့်လို့ မရတော့တဲ့ တစ်နေ့မှာတော့ ဒါတွေအတွက် နောင်တရနေပါလိမ့်မယ်။ ငွေကိုချစ်မှ ငွေကလည်းကိုယ့်ကို ပြန်ချစ်မယ်ဆိုတာကို သတိထားဖို့လိုအပ်ပါတယ်။

money-poor

၃။ အာရုံစူးစိုက်မှု နည်းခြင်း

အာရုံစူးစိုက်မှုဆိုတာက လုပ်ယူလို့ ရတဲ့အလေ့အကျင့်ပဲ ဖြစ်ပါတယ်။ ဘယ်အလုပ်ကိုပဲ လုပ်လုပ် အာရုံမရှိရင် အဲဒီအလုပ်ဟာ မှားယွင်းမှုများစွာနဲ့ ဆုံးရှုံမှုတွေဖြစ်နေရမှာပါ။ ဒါကြောင့် ဘယ်အရာကိုမှ ပေါ့ပေါ့တန်တန် မထားပဲ အရာတိုင်းကို ဂရုတစိုက်နားထောင် လုပ်ဆောင်လိုက်ပါ။ အရာရာတိုင်းမှာ ပညာ ဒါမှမဟုတ်ရင် ဗဟုသုတဆိုတာရှိပါတယ်။ ဘယ်အရာကိုမှ ပေါ့ပေါ့တန်တန် မလုပ်မိပါစေနဲ့။

focus

၄။ တပြိုင်တည်းအလုပ်တွေ အများကြီးလုပ်ခြင်း

အလုပ်တစ်ခုကို မြန်မြန်လုပ်ဆောင်နိုင်တာက ကောင်းပါတယ်။ သို့သော် မြန်တိုင်းလဲ အဆင်မပြေပါဘူး မှန်ကန် တိကျဖို့လဲ လိုအပ်ပါတယ်။ မြန်တော့မြန်ပါတယ် ဒါပေမဲ့ အမှားတွေ နဲ့ တလွဲတွေကြီးပဲဖြစ်နေရင်တော့ သဲထဲ ရေသွန်သလိုပဲ ဘာမှသုံးမရပါဘူး။ တချို့တွေက မြန်မြန်ပြီးချင်လွန်းလို့ အလုပ်၂ခုသုံးခုကို တစ်ပြိုင်တည်း လုပ်တတ်ကြပါတယ်။ အဲလိုလုပ်တဲ့အခါမှာ အာရုံတွေက အရမ်းကိုရှုပ်ထွေးလာတတ်ပြီးတော့ အမှားများစွာနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒါကြောင့် အလုပ်ကိုမြန်မြန် ပြီးချင်ရင်တော့ တစ်ခုပြီးမှတစ်ခု သေချာ အာရုံထည့်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။

multi-business

၅။ မပြတ်သားခြင်း

ကျွန်တော်တို့တွေမှာ လမ်း၂လမ်းကို ရွေးချယ်တဲ့ choice လေးတွေရှိတတ်ပါတယ်။ အဲလိုဖြစ်နေတဲ့ အချိန်မှာ အများစုဟာ တစ်ပါးသူတစ်ယောက်ရဲ့စကားတွေကို နားဝင်ပြီး ထိုသူပြောသလို လိုက်လုပ်တတ်ပါတယ်။ ဒါဟာ အရည်အချင်းမရှိသူတွေရဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ အဲလိုရွေးချယ်စရာတွေနဲ့ ကြုံတွေ့လာတဲ့အခါ အဓိကက မိမိကိုယ်ကို ယုံကြည်ချက်အပြည့်ထားရမှာဖြစ်ပြီး ရွေးချယ်စရာ ၂ခု ဒါမှမဟုတ် ၃ခု စသဖြင့် ရွေးရမဲ့ အရာတွေရဲ့ အကောင်းအဆိုး အကျိုးအပြစ်ကို သေချာနားလည်အောင် လုပ်ရမှာဖြစ်ပါတယ်။ အကယ်၍ တစ်ခုခုကိုရွေးချယ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး ဆိုပါက မတွန့်ဆုတ်ပဲ မဖြစ်ဖြစ်အောင်လုပ်ပါ။ ဘယ်လိုအကြောင်းကြာင့်နဲ့မှ ဇဝေဇဝါဖြစ်ပြီး နောက်မဆုတ်မိပါစေနှင့်။ ဘာလို့လဲ ဆိုတော့ တစ်ခါနောက်ဆုတ်ဖူးသွားရင် နောက်အခါတွေမှာ ကိုယ့်ကိုယ်ကိုမယုံ ကြည်တော့ပဲ အမြဲသူများနောက်လိုက်ဖြစ်သွားပါလိမ့်မယ်။

decision

၆။ ရလဒ်အပေါ် ကျေနပ်နိုင်ရမယ်

အပေါ်ကပြောခဲ့တဲ့ အချက်တွေကိုပြုပြင်ပြီး လုပ်ဆောင်သွားနိုင်ပြီးပဲထားပါတော့။ အဲလိုလုပ်ခဲ့ပြီးမှ တကယ်တမ်း ရလာတဲ့ရလဒ်တွေက ကိုယ်ထင်ထားသလောက် ဖြစ်မလာဘူးဆိုရင် စိတ်ဓာတ်ကျတတ်ပါတယ်။ လူတစ်ယောက်မှာ စိတ်ကအရမ်း အရေးကြီးပါတယ်။ စိတ်ဓာတ်ကျသွားပြီးဆိုရင် အဲဒီလူဟာ ဘဝရဲ့၈၀%ကို ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ မမှားသောရှေ့နေ၊ မသေသောဆေးသမား ဆိုတာ မရှိပါဘူး။ အားလုံးပြီးပြည့်စုံ နေရမယ်ဆိုဒါဟာ တကယ်တမ်းတော့ အရမ်းကိုမလွယ်တဲ့ ကိစ္စပါ။ ဒါကြောင့် မိမိကြိုးစားပြီးတော့ ရလာတဲ့ ရလဒ်တွေ အပေါ်မှာ ကျေနပ် ပျော်ရွှင်လိုက်ပါ။ ထင်သလိုမဖြစ်လာသေးပါက ငါကြိုးစားဖို့ လိုနေသေးလို့၊ ငါဘယ်နေရာမှားသွားလို့လဲ ဆိုတဲ့အတွေးလေးဝင်ပြီး ဆက်ကြိုးစားသွားရင်တော့ အောင်မြင်တဲ့လူတစ်ယောက် ဖြစ်ကိုဖြစ်လာမှာပါ။

satisfied

၇။ ကျန်းမာရေးကို အလေးထားခြင်း

ကျန်းမာခြင်းဟာ လာဘ်တစ်ပါးပါပဲ။ ကျန်းမာရေးမကောင်းရင် ဘာမှလုပ်နိုင်မှာမဟုတ်ပဲ အိပ်ရာထဲမှာပဲ အချိန်တွေကုန်သွားရမှာဖြစ်ပါတယ်။ ကျန်းမာမှ ချမ်းသာနိုင်မှာ ဖြစ်သလို တစ်ကယ်လက်တွေ့ဘဝမှာ အလုပ်ကြိုးစားနေသူအတွက်ကတော့ အားကစားကတော့ မဖြစ်မနေလိုအပ်ပါတယ်။ မဟုတ်ရင်တော့ သင် ရှာထားသမျှ ပိုက်ဆံတွေဟာ ဆေးရုံဖိုးအတွက် ဖြစ်နေမှာ မလွဲပါဘူး။

health

Zawgyi Font : အနာဂတ္ ျမန္မာလူငယ္တို႕ တိုးတက္ေစဖို႔

တိုးတက္ ေျပာင္းလဲလာတဲ့ ယေန႔ေခတ္မွာ အခ်ိန္ဆိုတာ အရမ္းကိုတန္ဖိုးၾကီးလာတယ္ဆိုတာ လူတိုင္းသိၾကေပမယ့္ တကယ္အလုပ္လုပ္တဲ့ လူတစ္ေယာက္ဟာ ၂၄နာရီဆိုတ့ဲ အခ်ိန္ဆိုတာ ဘယ္လိုမွကို မလံုေလာက္ပါဘူး။ Time Management လို႕ေခၚတဲ့ အခ်ိန္ကို အက်ိဳးရွိရွိ ခြဲေ၀အသံုးခ်ျခင္းကို သေဘာမေပါက္ရင္ေတာ့ အလုပ္ဘယ္ေလာက္ လုပ္လုပ္ ေအာင္ျမင္မႈနဲ႕ ေ၀းေနပါအံုးမယ္။ ဒါေၾကာင့္ သိထားရမွာက အလုပ္ၾကိဳးစားတိုင္း ေအာင္ျမင္ရမယ္လို႕ ဘယ္သူမွ အာမခံခ်က္မေပးႏုိင္ပါဘူး။ ၾကိဳးစားျခင္းရဲ႕ ေနာက္ကြယ္မွာ ေရြးခ်ယ္ျခင္းနဲ႕ အစီအမံေကာင္းတစ္ခုလိုတယ္ဆိုတာ သိထားရပါမယ္။ ဒီပိုစ့္မွာေတာ့ အေျခခံ လိုအပ္ခ်က္ ၇ ခုေလာက္ကို ေရးသားေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

၁။ ရည္မွန္းခ်က္ ပန္းတိုင္ေပ်ာက္ဆံုးေနျခင္း

ယေန႔ေခတ္ လူငယ္ေတြ အမ်ားစုဟာ မိဘေတြ၊ အုပ္ထိန္းသူေတြ၊ ေဆြမ်ိဳးေတြရဲ႕ ေလာင္းရိပ္ေတြေၾကာင့္ မရွင္သန္ႏိုင္ပဲ ရည္ရြယ္ခ်က္ေတြ၊ အိမ္မက္ေတြေပ်ာက္ဆံုးေနၾကရပါတယ္။ ေအာင္ျမင္တဲ့လူတစ္ေယာက္ျဖစ္ေစဖို႔ ကိုယ္ပိုင္ ရည္မွန္းခ်က္ေတြ ရည္ရြယ္ခ်က္ေတြ အိမ္မက္ေတြကို ခ်မွတ္ျပီး ဘယ္သူ႕အေပၚမွ မမွီခိုပဲ ကိုယ့္အားကိုယ္ကိုး ျပီး လက္ေတြ႕အေကာင္အထည္ေဖာ္ရမွာျဖစ္ပါတယ္။ ဒီကေန႕ ျမန္မာျပည္မွာ ျဖစ္ေနတဲ့ ျပႆနာတစ္ခုကေတာ့ လူငယ္အေတာ္မ်ားမ်ားဟာ ရည္မွန္းခ်က္ပန္းတိုင္ေပ်ာက္ဆံုးေနတာပါ။

၂။ မလိုအပ္ပဲ သံုးျဖဳန္းျခင္း

ယေန႔ေခတ္ လူငယ္အမ်ားစုဟာ မိဘအုပ္ထိန္းသူထံမွာ လက္ျဖန္႔လိုက္တာနဲ႔ ေငြဆိုတာျဖစ္ေနေတာ့ ေငြရဲ႕ တန္ဖိုးကို နားမလည္ၾကေတာ့ပါဘူး။ ဒါဟာ အလြန္ဆိုးရြားတဲ့ ကိစၥတစ္ခုပါပဲ။ လူငယ္ဆိုတဲ့ သဘာ၀အရ အသစ္အစမ္း လွလွေလးေတြေတြ႕ရင္ လုိခ်င္ၾကပါတယ္။ ယခုေခတ္မွာ အဓိကလူငယ္ေတြ သံုးျဖဳန္းေနတာက smart phone ေတြ၊ Laptop Computer ေတြပဲျဖစ္ပါတယ္။ ေမာ္ဒယ္အသစ္တစ္ခု ထြက္ျပီၾကားတာနဲ႔ အေဟာင္းကို ပစ္ခ်င္ၾကေတာ့တာပါပဲ။ ဒါဟာ မလိုအပ္ပဲကုန္ေနရတဲ့ ထြက္ေငြေတြျဖစ္ပါတယ္။ လက္ျဖန္႔လို႔ မရေတာ့တဲ့ တစ္ေန႔မွာေတာ့ ဒါေတြအတြက္ ေနာင္တရေနပါလိမ့္မယ္။ ေငြကိုခ်စ္မွ ေငြကလည္းကိုယ့္ကို ျပန္ခ်စ္မယ္ဆိုတာကို သတိထားဖို႔လိုအပ္ပါတယ္။

၃။ အာရံုစူးစိုက္မႈ နည္းျခင္း

အာရံုစူးစိုက္မႈဆိုတာက လုပ္ယူလို႔ ရတဲ့အေလ့အက်င့္ပဲဲ ျဖစ္ပါတယ္။ ဘယ္အလုပ္ကိုပဲ လုပ္လုပ္ အာရံုမရွိရင္ အဲဒီအလုပ္ဟာ မွားယြင္းမႈမ်ားစြာနဲ႔ ဆံုးရံႈမႈေတြျဖစ္ေနရမွာပါ။ ဒါေၾကာင့္ ဘယ္အရာကိုမွ ေပါ့ေပါ့တန္တန္ မထားပဲ အရာတိုင္းကို ဂရုတစိုက္နားေထာင္ လုပ္ေဆာင္လိုက္ပါ။ အရာရာတိုင္းမွာ ပညာ ဒါမွမဟုတ္ရင္ ဗဟုသုတဆိုတာရွိပါတယ္။ ဘယ္အရာကိုမွ ေပါ့ေပါ့တန္တန္ မလုပ္မိပါေစနဲ႔။

၄။ တျပိဳင္တည္းအလုပ္ေတြ အမ်ားၾကီးလုပ္ျခင္း

အလုပ္တစ္ခုကို ျမန္ျမန္လုပ္ေဆာင္ႏိုင္တာက ေကာင္းပါတယ္။ သို႔ေသာ္ ျမန္တိုင္းလဲ အဆင္မေျပပါဘူး မွန္ကန္ တိက်ဖို႔လဲ လိုအပ္ပါတယ္။ ျမန္ေတာ့ျမန္ပါတယ္ ဒါေပမဲ့ အမွားေတြ နဲ႔ တလြဲေတြၾကီးပဲျဖစ္ေနရင္ေတာ့ သဲထဲ ေရသြန္သလိုပဲ ဘာမွသံုးမရပါဘူး။ တခ်ိဳ႕ေတြက ျမန္ျမန္ျပီးခ်င္လြန္းလို႔ အလုပ္၂ခုသံုးခုကို တစ္ျပိဳင္တည္း လုပ္တတ္ၾကပါတယ္။ အဲလိုလုပ္တဲ့အခါမွာ အာရံုေတြက အရမ္းကိုရႈပ္ေထြးလာတတ္ျပီးေတာ့ အမွားမ်ားစြာနဲ႔ ရင္ဆိုင္ရတတ္ပါတယ္။ ဒါေၾကာင့္ အလုပ္ကိုျမန္ျမန္္ ျပီးခ်င္ရင္ေတာ့ တစ္ခုျပီးမွတစ္ခု ေသခ်ာ အာရံုထည့္ျပီး လုပ္ေဆာင္ရမွာျဖစ္ပါတယ္။

၅။ မျပတ္သားျခင္း

ကၽြန္ေတာ္တို႔ေတြမွာ လမ္း၂လမ္းကို ေရြးခ်ယ္တဲ့ choice ေလးေတြရွိတတ္ပါတယ္။ အဲလိုျဖစ္ေနတဲ့ အခ်ိန္မွာ အမ်ားစုဟာ တစ္ပါးသူတစ္ေယာက္ရဲ႕စကားေတြကို နား၀င္ျပီး ထိုသူေျပာသလို လိုက္လုပ္တတ္ပါတယ္။ ဒါဟာ အရည္အခ်င္းမရွိသူေတြရဲ႕ လုပ္ရပ္တစ္ခုျဖစ္ပါတယ္။ အဲလိုေရြးခ်ယ္စရာေတြနဲ႔ ၾကံဳေတြ႕လာတဲ့အခါ အဓိကက မိမိကိုယ္ကို ယံုၾကည္ခ်က္အျပည့္ထားရမွာျဖစ္ျပီး ေရြးခ်ယ္စရာ ၂ခု ဒါမွမဟုတ္ ၃ခု စသျဖင့္ ေရြးရမဲ့ အရာေတြရဲ႕ အေကာင္းအဆိုး အက်ိဳးအျပစ္ကို ေသခ်ာနားလည္ေအာင္ လုပ္ရမွာျဖစ္ပါတယ္။ အကယ္၍ တစ္ခုခုကိုေရြးခ်ယ္ဖို႕ ဆံုးျဖတ္ခ်က္ခ်လိုက္ျပီး ဆိုပါက မတြန္႔ဆုတ္ပဲ မျဖစ္ျဖစ္ေအာင္လုပ္ပါ။ ဘယ္လိုအေၾကာင္းၾကာင့္နဲ႔မွ ဇေ၀ဇ၀ါျဖစ္ျပီး ေနာက္မဆုတ္မိပါေစႏွင့္။ ဘာလို႔လဲ ဆိုေတာ့ တစ္ခါေနာက္ဆုတ္ဖူးသြားရင္ ေနာက္အခါေတြမွာ ကိုယ့္ကိုယ္ကိုမယံု ၾကည္ေတာ့ပဲ အျမဲသူမ်ားေနာက္လိုက္ျဖစ္သြားပါလိမ့္မယ္။

၆။ ရလဒ္အေပၚ ေက်နပ္ႏိုင္ရမယ္

အေပၚကေျပာခဲ့တဲ့ အခ်က္ေတြကိုျပဳျပင္ျပီး လုပ္ေဆာင္သြားႏိုင္ျပီးပဲထားပါေတာ့။ အဲလိုလုပ္ခဲ့ျပီးမွ တကယ္တမ္း ရလာတဲ့ရလဒ္ေတြက ကိုယ္ထင္ထားသေလာက္ ျဖစ္မလာဘူးဆိုရင္ စိတ္ဓာတ္က်တတ္ပါတယ္။ လူတစ္ေယာက္မွာ စိတ္ကအရမ္း အေရးၾကီးပါတယ္။ စိတ္ဓာတ္က်သြားျပီးဆိုရင္ အဲဒီလူဟာ ဘ၀ရဲ႕၈၀%ကို ဆံုးရႈံးလိုက္ရတာျဖစ္ပါတယ္။ မမွားေသာေရွ႕ေန၊ မေသေသာေဆးသမား ဆိုတာ မရွိပါဘူး။ အားလံုးျပီးျပည့္စံု ေနရမယ္ဆိုဒါဟာ တကယ္တမ္းေတာ့ အရမ္းကိုမလြယ္တဲ့ ကိစၥပါ။ ဒါေၾကာင့္ မိမိၾကိဳးစားျပီးေတာ့ ရလာတဲ့ ရလဒ္ေတြ အေပၚမွာ ေက်နပ္ ေပ်ာ္ရႊင္လိုက္ပါ။ ထင္သလိုမျဖစ္လာေသးပါက ငါၾကိဳးစားဖို႔ လိုေနေသးလို႔၊ ငါဘယ္ေနရာမွားသြားလို႔လဲ ဆိုတဲ့အေတြးေလး၀င္ျပီး ဆက္ၾကိဳးစားသြားရင္ေတာ့ ေအာင္ျမင္တဲ့လူတစ္ေယာက္ ျဖစ္ကိုျဖစ္လာမွာပါ။

၇။ က်န္းမာေရးကို အေလးထားျခင္း

က်န္းမာျခင္းဟာ လာဘ္တစ္ပါးပါပဲ။ က်န္းမာေရးမေကာင္းရင္ ဘာမွလုပ္ႏိုင္မွာမဟုတ္ပဲ အိပ္ရာထဲမွာပဲ အခ်ိန္ေတြကုန္သြားရမွာျဖစ္ပါတယ္။ က်န္းမာမွ ခ်မ္းသာႏုိင္မွာ ျဖစ္သလို တစ္ကယ္လက္ေတြ႕ဘ၀မွာ အလုပ္ၾကိဳးစားေနသူအတြက္ကေတာ့ အားကစားကေတာ့ မျဖစ္မေနလိုအပ္ပါတယ္။ မဟုတ္ရင္ေတာ့ သင္ ရွာထားသမွ် ပိုက္ဆံေတြဟာ ေဆးရံုဖိုးအတြက္ ျဖစ္ေနမွာ မလြဲပါဘူး။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: