Home News ကုန်တင်သင်္ဘောတစ်စင်းနှင့် အမေရိကန် ဒုံးဖျက်သင်္ဘော တိုက်မိ

ကုန်တင်သင်္ဘောတစ်စင်းနှင့် အမေရိကန် ဒုံးဖျက်သင်္ဘော တိုက်မိ

0

ဂျပန်နိုင်ငံ ယိုကိုဆူကာ မြို့၏ အနောက်တောင်ဘက် ၅၆မိုင် (၁၀၄ကီလိုမီတာ) တွင် US ရေတပ် ဒုံးဖျက်သင်္ဘော Fitzgerald နှင့် ကုန်တင် သင်္ဘောကြီး ACX Crystal တို့ဟာ ဒေသစံတော်ချိန် ၂နာရီခွဲ ဇွန်လ ရက်နေ့ စနေနေ့တွင် တိုက်မိခဲ့ပါတယ်။

အရှည်၂၂၂မီတာ(၇၃၀ပေ) ရှိပြီး ဖိလစ်ပိုင်အလံလွှင့်ထူထားသော ACX Crystal ကုန်တင်သင်္ဘောဟာ ဂျပန်နိုင်ငံ နာဂိုရ မှ တိုကျိုသို့သွားနေစဉ် မတိုက်မိမီ ၂၅မိနစ်အလိုလမ်းခုလတ်မှာ ရုတ်တရက် အရှိန်ဖြင့် ယူပုံသဏ္ဍာန်ကွေ့ချလိုက်ရာ US အမှတ်(၇) ရေတပ် မှ ၁၅၄မီတာ(၅၀၅ပေ)အရှည်ရှိ ဖျက်သင်္ဘော Fitzgerald နှင့်ဝင်တိုက်မိကြောင်း သိရှိရသည်။

uss-ship-crash

အဆိုပါ တိုက်မှုဖြစ်ပွား ရာတွင် US ၏ မာလိမ်မှူး Cdr Bryce Benson နှင့် စစ်သားနှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့သဖြင့် ယိုကိုဆူကာမြို့ ရှိ နေဗီ ဆေးရုံသို့ ပို့ဆောင်လိုက်ရသည့်အပြင် ရေတပ်သား၈၀အနက် ၇ယောက်လည်း ပျောက်ဆုံးနေသဖြင့် ဂျပန်ကမ်းခြေစောင့် ကယ်ဆယ်ရေးအဖွဲ့များ နှင့် အမေရိကန်ရေတပ်မှ အဖွဲ့များက ရှာဖွေနေရကြောင်း သိရှိရသည်။ ဖျက်သင်္ဘော၏ လက်ယာဘက် ဦးခေါင်းပိုင်းတွင်ဆိုးရွား ထိခိုက်သွားကြောင်း လည်းသိရပါတယ်။

ကုန်တင်သင်္ဘော ACX Crystal မှာကတော့ သင်္ဘောသား အယောက်၂၀ပါပြီး တစ်ဦးမှ ထိခိုက်မှုမရှိပဲ သင်္ဘော ၏ဦးခေါင်းသာ အနည်းငယ်ပျက်စီးသွားခဲ့ပါတယ်။ ကုန်တင်သင်္ဘောဟာ US စစ်သင်္ဘောထပ် သုံးဆ ပိုလေးသောကြောင့် မဆိုစလောက်လေးပဲ ထိခိုက်သွားပါတယ်။

လက်ရှိတွင် ကုန်တင်သင်္ဘောဟာ တိုကျိုသို့ ရောက်ရှိသွားပြီး ဖျက်သင်္ဘောကတော့ အမှတ်(၇) ရေတပ်စခန်း ရှိရာ နာဂိုရ သို့ ရောက်ရှိသွားပြီဖြစ်ပါတယ်။

Zawgyi Font : ကုန္တင္သေဘၤာတစ္စင္းႏွင့္ အေမရိကန္ ဒံုးဖ်က္သေဘၤာ တိုက္မိ

ဂ်ပန္ႏိုင္ငံ ယိုကိုဆူကာ ျမိဳ႕၏ အေနာက္ေတာင္ဘက္ ၅၆မိုင္ (၁၀၄ကီလိုမီတာ) တြင္ US ေရတပ္ ဒံုးဖ်က္သေဘၤာ Fitzgerald ႏွင့္ ကုန္တင္ သေဘၤာၾကီး ACX Crystal တုိ႔ဟာ ေဒသစံေတာ္ခ်ိန္ ၂နာရီခြဲ ဇြန္လ ရက္ေန႔ စေနေန႔တြင္ တိုက္မိခဲ့ပါတယ္။

အရွည္၂၂၂မီတာ(၇၃၀ေပ) ရွိျပီး ဖိလစ္ပိုင္အလံလႊင့္ထူထားေသာ ACX Crystal ကုန္တင္သေဘၤာဟာ ဂ်ပန္ႏိုင္ငံ နာဂိုရ မွ တိုက်ိဳသို႔သြားေနစဥ္ မတိုက္မိမီ ၂၅မိနစ္အလိုလမ္းခုလတ္မွာ ရုတ္တရက္ အရွိန္ျဖင့္ ယူပံုသ႑ာန္ေကြ႕ခ်လိုက္ရာ US အမွတ္(၇) ေရတပ္ မွ ၁၅၄မီတာ(၅၀၅ေပ)အရွည္ရွိ ဖ်က္သေဘၤာ Fitzgerald ႏွင့္၀င္တိုက္မိေၾကာင္း သိရွိရသည္။

အဆိုပါ တိုက္မႈျဖစ္ပြား ရာတြင္ US ၏ မာလိမ္မွဴး Cdr Bryce Benson ႏွင့္ စစ္သားႏွစ္ေယာက္ထိခိုက္ ဒဏ္ရာရရွိခဲ့သျဖင့္ ယိုကိုဆူကာျမိဳ႕ ရွိ ေနဗီ ေဆးရံုသို႔ ပို႔ေဆာင္လိုက္ရသည့္အျပင္ ေရတပ္သား၈၀အနက္ ၇ေယာက္လည္း ေပ်ာက္ဆံုးေနသျဖင့္ ဂ်ပန္ကမ္းေျခေစာင့္ ကယ္ဆယ္ေရးအဖြဲ႔မ်ား ႏွင့္ အေမရိကန္ေရတပ္မွ အဖြဲ႔မ်ားက ရွာေဖြေနရေၾကာင္း သိရွိရသည္။ ဖ်က္သေဘၤာ၏ လက္ယာဘက္ ဦးေခါင္းပိုင္းတြင္ဆိုးရြား ထိခိုက္သြားေၾကာင္း လည္းသိရပါတယ္။

ကုန္တင္သေဘၤာ ACX Crystal မွာကေတာ့ သေဘၤာသား အေယာက္၂၀ပါျပီး တစ္ဦးမွ ထိခိုက္မႈမရွိပဲ သေဘၤာ ၏ဦးေခါင္းသာ အနည္းငယ္ပ်က္စီးသြားခဲ့ပါတယ္။ ကုန္တင္သေဘၤာဟာ US စစ္သေဘၤာထပ္ သံုးဆ ပိုေလးေသာေၾကာင့္ မဆိုစေလာက္ေလးပဲ ထိခိုက္သြားပါတယ္။
လက္ရွိတြင္ ကုန္တင္သေဘၤာဟာ တိုက်ိဳသို႔ ေရာက္ရွိသြားျပီး ဖ်က္သေဘၤာကေတာ့ အမွတ္(၇) ေရတပ္စခန္း ရွိရာ နာဂိုရ သို႔ ေရာက္ရွိသြားျပီျဖစ္ပါတယ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: