Home News ဂျာမနီဝန်ကြီးချုပ်ဟောင်း Helmut Kohl ကွယ်လွန်

ဂျာမနီဝန်ကြီးချုပ်ဟောင်း Helmut Kohl ကွယ်လွန်

0

Helmut Kohl ဟာ ဇွန်လ ၁၆ ရက် သောကြာနေ့တွင် ဂျာမနီအနောက်ပိုင်း Ludwigshafen မြို့ရှိ သူ၏နေအိမ် မှာပဲကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာ သူ့ရဲ့အသက်ကတော့ ၈၇နှစ်ရှိပါပြီး။ လူကသာသေ သွားခဲ့ပေမဲ့ သူကြိုးစားခဲ့တဲ့ လုပ်ရက်တွေ ဂုဏ်သတင်းတွေနဲ့ ပြည့်နေတဲ့ သူ့နာမည်ကတော့ ဒီကမ္ဘာပေါ်မှာ ကျန်ရစ်ပြီး ဆက်လက်ရှင်သန် နေအုံးမှာဖြစ်ပါတယ်။

Helmut Kohl ဟာ အရှေ့နှင့် အနောက်ဂျာမနီနိုင်ငံ ပေါင်းစည်းရေးနှင့် ဘာလင်တံတိုင်းကြီး ဖြိုချရေးတို့ ကို ဆောင်ရွက်ခဲ့တဲ့ စစ်ပြေငြိမ်းရေး ကိုဦးဆောင်ခဲ့တဲ့ ဝန်ကြီးတစ်ပါးဖြစ်ပါတယ်။ ဒါ့အပြင် EU ဥရောပသမဂ္ဂ ဖြစ်ပေါ်လာရေးကို ဦးဆောင်ခဲ့သူဖြစ်ပြီး EU နိုင်ငံတွေမှာ ယူရိုငွေကြေးကို သုံးစွဲဖို့အတွက် အဓိကဆောင်ရွက် ခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ ဂျာမနီဝန်ကြီးချုပ်တွေထဲအနက် ရာထူးသက်တမ်းအကြာဆုံး တာဝန်ယူခဲ့ရသူ တစ်ဦးဆိုလည်းမမှားပါဘူး။ သူတာဝန်ထမ်းဆောင် ခဲ့ဲရတာကတော့ ၁၉၂၈ ခုနှစ် မှ ၁၉၉၈ ခုနှစ်အထိ ၁၆နှစ် ဖြစ်ပါတယ်။

ဥရောမသမဂ္ဂရဲ့ ဖခင်ကြီးသေဆုံးသွားခဲ့တဲ့ သောကြာနေ့မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ဥရောပသမဂ္ဂဆိုင်ရာ အဆောက်အဦးတွေမှာ အလံများကို တိုင်တစ်ဝက်လွှင့်ထူခဲ့ ပါတယ်။ “ထူးကဲကြီးမြတ်တဲ့ ဂျာမန်လူမျိုးတစ်ယောက်၊ ဥရောပတိုက်သားတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာဖြစ်တယ်” လို့ လက်ရှိဂျာမန်ဝန်ကြီးချုပ် Angela Merkel ကပြောကြားခဲ့ပါတယ်။

ထို့အပြင် ဥရောပကော်မရှင် ဥက္ကဌ Jean-Claude Jauncker ၊ ဥရောပပါလီမာန်ဥက္ကဌ Antonio Tajani နှင့် နေတိုးတပ်ဖွဲ့၏ အတွင်းရေးမှူးချုပ် Jens Stoltenberg တို့ကလည်း လူမှုကွန်ယက်မှ တစ်ဆင့်ဝမ်းနည်းမှု သဝန်လွှာများကို ပေးပို့ခဲ့ပါတယ်။ အမေရိကန် သမ္မတဟောင်း Bill Clinton က “ Helmut Kohl ဟာဒုတိယ ကမ္ဘာစစ်ပွဲ နောက်ပိုင်း ဥရောပအတွက် အရေးအကြီးဆုံးသော နိုင်ငံ့ခေါင်းဆောင် ဖြစ်တယ်” လို့ပြောကြားခဲ့ပါသေးတယ်။

Zawgyi Font : ဂ်ာမနီ၀န္ၾကီးခ်ဳပ္ေဟာင္း Helmut Kohl ကြယ္လြန္

Helmut Kohl ဟာ ဇြန္လ ၁၆ ရက္ ေသာၾကာေန႔တြင္ ဂ်ာမနီအေနာက္ပိုင္း Ludwigshafen ျမိဳ႕ရွိ သူ၏ေနအိမ္ မွာပဲကြယ္လြန္ အနိစၥေရာက္ခဲ့ပါတယ္လို႕ သိရပါတယ္။ ကြယ္လြန္္ခ်ိန္မွာ သူ႕ရဲ႕အသက္ကေတာ့ ၈၇ႏွစ္ရွိပါျပီး။ လူကသာေသ သြားခဲ့ေပမဲ့ သူၾကိဳးစားခဲ့တဲ့ လုပ္ရက္ေတြ ဂုဏ္သတင္းေတြနဲ႔ ျပည့္ေနတဲ့ သူ႕နာမည္ကေတာ့ ဒီကမၻာေပၚမွာ က်န္ရစ္ျပီး ဆက္လက္ရွင္သန္ ေနအံုးမွာျဖစ္ပါတယ္။

Helmut Kohl ဟာ အေရွ႕ႏွင့္ အေနာက္ဂ်ာမနီႏိုင္ငံ ေပါင္းစည္းေရးႏွင့္ ဘာလင္တံတိုင္းၾကီး ျဖိဳခ်ေရးတို႔ ကို ေဆာင္ရြက္ခဲ့တဲ့ စစ္ေျပျငိမ္းေရး ကိုဦးေဆာင္ခဲ့တဲ့ ၀န္ၾကီးတစ္ပါးျဖစ္ပါတယ္။ ဒါ့အျပင္ EU ဥေရာပသမဂၢ ျဖစ္ေပၚလာေရးကို ဦးေဆာင္ခဲ့သူျဖစ္ျပီး EU ႏိုင္ငံေတြမွာ ယူရိုေငြေၾကးကို သံုးစြဲဖို႔အတြက္ အဓိကေဆာင္ရြက္ ခဲ့သူတစ္ဦးလဲျဖစ္ပါတယ္။ ဂ်ာမနီ၀န္ၾကီးခ်ဳပ္ေတြထဲအနက္ ရာထူးသက္တမ္းအၾကာဆံုး တာ၀န္ယူခဲ့ရသူ တစ္ဦးဆိုလည္းမမွားပါဘူး။ သူတာ၀န္ထမ္းေဆာင္ ခဲ့ဲရတာကေတာ့ ၁၉၂၈ ခုႏွစ္ မွ ၁၉၉၈ ခုနွစ္အထိ ၁၆ႏွစ္ ျဖစ္ပါတယ္။

ဥေရာမသမဂၢရဲ႕ ဖခင္ၾကီးေသဆံုးသြားခဲ့တဲ့ ေသာၾကာေန႔မွာ ၀မ္းနည္းျခင္း အထိမ္းအမွတ္ျဖင့္ ဥေရာပသမဂၢဆိုင္ရာ အေဆာက္အဦးေတြမွာ အလံမ်ားကို တိုင္တစ္၀က္လႊင့္ထူခဲ့ ပါတယ္။ “ထူးကဲၾကီးျမတ္တဲ့ ဂ်ာမန္လူမ်ိဳးတစ္ေယာက္၊ ဥေရာပတိုက္သားတစ္ေယာက္္္ကို ဆံုးရံႈးလိုက္ရတာျဖစ္တယ္” လို႔ လက္ရွိဂ်ာမန္၀န္ၾကီးခ်ဳပ္ Angela Merkel ကေျပာၾကားခဲ့ပါတယ္။

ထို႔အျပင္ ဥေရာပေကာ္မရွင္ ဥကၠဌ Jean-Claude Jauncker ၊ ဥေရာပပါလီမာန္ဥကၠဌ Antonio Tajani ႏွင့္ ေနတိုးတပ္ဖြဲ႔၏ အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg တို႔ကလည္း လူမႈကြန္ယက္မွ တစ္ဆင့္၀မ္းနည္းမႈ သ၀န္လႊာမ်ားကို ေပးပို႔ခဲ့ပါတယ္။ အေမရိကန္ သမၼတေဟာင္း Bill Clinton က “ Helmut Kohl ဟာဒုတိယ ကမၻာစစ္ပြဲ ေနာက္ပိုင္း ဥေရာပအတြက္ အေရးအၾကီးဆံုးေသာ ႏိုင္ငံ့ေခါင္းေဆာင္ ျဖစ္တယ္” လို႔ေျပာၾကားခဲ့ပါေသးတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: