Home News ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့မှ IS အကြမ်းဖက်များစတင်ဆုတ်ခွာ၊ စစ်တပ်မှ အသာစီးရထား

ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့မှ IS အကြမ်းဖက်များစတင်ဆုတ်ခွာ၊ စစ်တပ်မှ အသာစီးရထား

0

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့တော်ကို IS အကြမ်းဖက်များကို သိမ်းပိုက်ထားသော်လည်း ဖိလစ်ပိုင်စစ်တပ်မှ ပြန်လည်သိမ်းယူလျက်ရှိပြီး ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။ ဖိလစ်ပိုင်စစ်တပ်မှ စနိုက်ပါများဖြင့် အသုံးပြုခဲ့သည့်အပြင် ဗလီတွင် ခြေကုပ်ယူထားသော IS အကြမ်းဖက် တပ်ဖွဲ့များမှာ မာရာဝီမြို့၏ အရှေ့ပိုင်း ကာဂါယန်း၊ အီလီဂန်မြို့ဘက်သို့ ဆုတ်ခွာလျက်ရှိရသည်။

တိုက်ပွဲပြင်းထန်လျက်ရှိပြီး လမ်းမထက်တွေ လူသေအလောင်းများပြန့်ကြဲနေကာ အရပ်သား ၂၆ ဦး၊ စစ်သား ၅၉ ဦး နှင့် အကြမ်းဖက်သမား ၂၂၅ ဦးသေဆုံးကြောင်းသိရှိရသည်။ စစ်လေယာဉ်များအသုံးပြုခဲ့ရသည်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အမေရိကန်နိုင်ငံမှ နည်းပညာကူညီကြောင်း သိရှိရသည်။

IS အကြမ်းဖက်အဖွဲ့တို့သည် အရှေ့အလယ်ပိုင်းဒေသတွင် ရှုံးနိမ့်မှုများ ကြုံတွေ့ခဲ့ရပြီး အာရှသို့ ခြေကုပ်ယူနိုင်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့တော်ကို စတင်သိမ်းပိုက်ခြင်း ဖြစ်သည်။ လက်ရှိတွင် အာရှကို ခြိမ်းခြောက်လာနိုင်သည့် IS အကြမ်းဖက်အဖွဲ့ကိစ္စအတွက် ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။

Zawgyi Font : ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့မှ IS အကြမ်းဖက်များစတင်ဆုတ်ခွာ၊ စစ်တပ်မှ အသာစီးရထား




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: