Home News မြေအောက် ဂူသင်္ချိုင်းတွင် ၃ရက်ခန့်ပိတ်မိနေသည့် ဆယ်ကျော်သက် ၂ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့

မြေအောက် ဂူသင်္ချိုင်းတွင် ၃ရက်ခန့်ပိတ်မိနေသည့် ဆယ်ကျော်သက် ၂ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့

0

ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ သေခြင်းတရားတို့၏ ဧကရာဇ် လို့ အမည်တွင်သော ဂူသင်္ချိုင်းတစ်ခုမှာ ၃ရက်ကြာပိတ်မိနေတဲ့ လူငယ် ၂ယောက်ကို ကယ်ဆယ်နိုင်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ဂူသင်္ချိုင်းမှာ ပိတ်ပင်ထားသော နေရာတစ်ခုဖြစ်ပြီး ဥမင်ပေါင်းများစွာရှိကာ ကွန်ရက်ကဲ့သို့ဖြန့်ကျက်ထားတဲ့ မြေအောက်သင်္ချိုင်းအမျိုးအစားဖြစ်ပါတယ်။ ၁၈ ရာစုထဲက မြေအောက်ဂူသင်္ချိုင်းဖြစ်ပြီး လူပေါင်း ၆သန်းကျော်ရဲ့ ရုပ်ကြွင်းများ မြှုပ်နှံရာနေရာလည်း ဖြစ်ပါတယ်။

death emperor
ဂူသင်္ချိုင်းအတွင်းဘက်ကို မြင်တွေ့စဉ်

အဆိုပါနေရာကို ပြင်သစ်နိုင်ငံမှ ဝင်ရောက်ခွင့်ပိတ်ပင်ထားသော်လည်း ဆယ်ကျော်သက် ၂ ဦးကတော့ လူငယ်သဘာ၀ စူးစမ်းလိုစိတ်နဲ့ စပ်စုပြီး ခိုးဝင်သွားပြီးမှ ပြန်ထွက်မရဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့များ၊ မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များဖြင့် ဥမင်အတွင်းထိ ဝင်ရောက်ရှာဖွေခဲ့ရပြီးမှ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ခွေးများကို အသုံးပြု၍ ရှာဖွေစေခဲ့ပြီး လက်ရှိမှာတော့ အဆိုပါ လူငယ် ၂ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေပြီး ထိတ်လန့်သွေးပျက်နေတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ အဆိုပါ ဂူသင်္ချိုင်းမှာ ဝင်ရောက်ခွင့်ပိတ်ထားပြီး ခိုးဝင်သူများကိုလည်း အပြစ်ပေးဒဏ်ရိုက်သော်လည်း ခိုးဝင်သူများရှိနေဆဲပင် ဖြစ်သည်။

death-underground

Source : AFP

Zawgyi Font : ေျမေအာက္ ဂူသခၤ်ိဳင္းတြင္ ၃ရက္ခန္႕ပိတ္မိေနသည့္ ဆယ္ေက်ာ္သက္ ၂ ဦးကို ျပန္လည္ကယ္ဆယ္ႏုိင္ခဲ့

ျပင္သစ္ႏိုင္ငံ ပါရီျမိဳ႕မွာရွိတဲ့ ေသျခင္းတရားတို႕၏ ဧကရာဇ္ လို႕ အမည္တြင္ေသာ ဂူသခၤ်ိဳင္းတစ္ခုမွာ ၃ရက္ၾကာပိတ္မိေနတဲ့ လူငယ္ ၂ေယာက္ကို ကယ္ဆယ္ႏုိင္လိုက္တယ္လို႕ သိရပါတယ္။ အဆိုပါ ဂူသခၤ်ိဳင္းမွာ ပိတ္ပင္ထားေသာ ေနရာတစ္ခုျဖစ္ျပီး ဥမင္ေပါင္းမ်ားစြာရွိကာ ကြန္ရက္ကဲ့သို႕ျဖန္႕က်က္ထားတဲ့ ေျမေအာက္သခၤ်ိဳင္းအမ်ိဳးအစားျဖစ္ပါတယ္။ ၁၈ ရာစုထဲက ေျမေအာက္ဂူသခၤ်ိဳင္းျဖစ္ျပီး လူေပါင္း ၆သန္းေက်ာ္ရဲ႕ ရုပ္ၾကြင္းမ်ား ျမွဳပ္ႏွံရာေနရာလည္း ျဖစ္ပါတယ္။

အဆိုပါေနရာကို ျပင္သစ္ႏုိင္ငံမွ ၀င္ေရာက္ခြင့္ပိတ္ပင္ထားေသာ္လည္း ဆယ္ေက်ာ္သက္ ၂ ဦးကေတာ့ လူငယ္သဘာ၀ စူးစမ္းလုိစိတ္နဲ႕ စပ္စုျပီး ခိုး၀င္သြားျပီးမွ ျပန္ထြက္မရျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ရဲတပ္ဖြဲ႕မ်ား၊ မီးသတ္ႏွင့္ ကယ္ဆယ္ေရးတပ္ဖြဲ႕မ်ားျဖင့္ ဥမင္အတြင္းထိ ၀င္ေရာက္ရွာေဖြခဲ့ရျပီးမွ ျပန္လည္ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။ ေခြးမ်ားကို အသံုးျပဳ၍ ရွာေဖြေစခဲ့ျပီး လက္ရွိမွာေတာ့ အဆိုပါ လူငယ္ ၂ ဦးကို ေဆးရံုသို႕ ပို႕ေဆာင္ထားရပါတယ္။ ကိုယ္အပူခ်ိန္ အလြန္အမင္းက်ဆင္းေနျပီး ထိတ္လန္႕ေသြးပ်က္ေနတဲ့ အေနအထားကို ေရာက္ရွိေနပါတယ္။ အဆိုပါ ဂူသခၤ်ိဳင္းမွာ ၀င္ေရာက္ခြင့္ပိတ္ထားျပီး ခိုး၀င္သူမ်ားကိုလည္း အျပစ္ေပးဒဏ္ရိုက္ေသာ္လည္း ခိုး၀င္သူမ်ားရွိေနဆဲပင္ ျဖစ္သည္။

Source : AFP

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: