Home News IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို ရုရှားမှ သတ်လိုက်ပြီဟု ကြေငြာ

IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို ရုရှားမှ သတ်လိုက်ပြီဟု ကြေငြာ

0

IS အကြမ်းဖက်ခေါင်းဆောင် Abu Bakr al-Baghdadi နဲ့ အခြားသော အကြမ်းဖက်ခေါင်းဆောင်တွေကို သတ်လိုက်ပြီဟု ရုရှားမှ ကြေငြာလိုက်သည်။ IS အကြမ်းဖက်ခေါင်းဆောင်သည် တစ်ကမ္ဘာလုံးမှ အလိုရှိဆုံးသော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အဆိုပါ ခေါင်းဆောင်အား မေလအကုန်လောက်တွင် သတ်လိုက်ပြီဟု ရုရှားမှ ကြေငြာလိုက်ခြင်းဖြစ်သည်။

သို့သော်လည်း Fox သတင်းဌာနမှ အဆိုပါ သတင်းရရှိသော်လည်း လုံးဝအတိအကျမှန်ကန်မှုကို မဆုံးဖြတ်နိုင်သေးကြောင်း ထုတ်ပြန်ထားသည်။ မေလ ၂၈ ရက်နေ့မှာ ဆီးရီးယားနိုင်ငံတွင် IS အကြမ်းဖက်များကို နှိမ်နှင်းခဲ့ပြီး IS အကြမ်းဖက်အဖွဲ့သား ၃၀၀ ခန့် နှင့် အရာရှိ အယောက် ၃၀ ခန့်ကို ဖမ်းဆီးရမိတယ်လို့ ရုရှားတို့က ထုတ်ပြန်ထားပါတယ်။

IS အကြမ်းဖက်ခေါင်းဆောင် Abu Bakr al-Baghdadi ၏ တည်နေရာကို အမေရိကန်တို့ကလည်း အပူတစ်ပြင်းရှာဖွေလျက်ရှိပြီး ယခုအချိန်ထိ လက်ရဖမ်းဆီးမမိနိုင်သေးချေ။ သို့သော်လည်း ယခုအချိန်တွင် ထုတ်ပြန်ထားသော ရုရှားတို့၏ သတင်းအရ IS အကြမ်းဖက်ခေါင်းဆောင် Abu Bakr al-Baghdadi ကို ရှင်းလင်းလိုက်ပြီဆိုသည့်အတွက် အဆိုပါ သတင်းမှာ မှန်ကန်ကြောင်းကို အမေရိကန်တို့မှ အတည်မပြုသေးချေ။

Zawgyi Font : IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို ရုရှားမှ သတ်လိုက်ပြီဟု ကြေငြာ




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: