Home Lifestyle Food အာလူးချောင်းကြော်က လူ့အသက်ကိုနှုတ်ယူနိုင်တယ်ဆိုတာ သင်သိပါသလား

အာလူးချောင်းကြော်က လူ့အသက်ကိုနှုတ်ယူနိုင်တယ်ဆိုတာ သင်သိပါသလား

0

အာလူးချောင်းကြော်များများ စားသုံးခြင်းဟာ ကျွန်တော်တို့ရဲ့ အသက်ကိုတိုစေတယ်ဆိုတာ သင်သိပါသလား။ ယောကျာ်းလေးတွေထက် မိန်းကလေးတွေက အာလူးချောင်းကြော်ကို ပိုပြီးစားသုံးတာကို သုတေသီများက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံထုတ် ကျန်းမာရေးဂျာနယ်ဖြစ်တဲ့ Clinical Nutrition ကတော့ အာလူးကြော်ကို တစ်ပတ်မှာ နှစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်နဲ့အထက် စားသုံးတဲ့လူတွေဟာ မစားဘဲ ရှောင်ရှားတဲ့ လူတွေထက် နှစ်ဆပိုပြီး စောစော သေစေတယ်လို့ရေးထားပါတယ်။

အာလူးကြော်တွေကသန့်ရှင်းလတ်ဆက်ရဲ့လား

အီတလီနိုင်ငံ Padova ရှိ အမျိုးသားသုတေတီကောင်စီမှ သိပ္ပံပညာရှင်တစ်ယောက်နဲ့ Dr.Nicola Veronese တို့က ကမ္ဘာတစ်ဝှမ်းလုံးမှာ အာလူးကြော်စားသုံးတဲ့ လူတွေများလာပါတယ်လို့ သတိပေးခဲ့ပါတယ်။ National Potato ကော်စီမှ ထုတ်ပြန်ချက်အရ ၂၀၁၄ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ လူတစ်ယောက်ရဲ့အာလူးစားသုံးမှု နှုန်း ၁၁၂.၁ ပေါင်ရှိပါတယ်။ အဲဒီအနက် ၃၃.၅ပေါင်ဟာ လတ်ဆက်ပြီး ကျန်တဲ့ ၇၈.၅ ပေါင်ကတော့ တာရှည်ခံဆေးတွေပါဝင်နေပါတယ်လို့ သိရပါတယ်။ အမေရိကန်မှာ စားသုံးနေတဲ့ အာလူးကြော်အများစုဟာ ကြာရှည်ခံဆေးတွေနဲ့ လုပ်ထားတာဖြစ်ပါတယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနကပြောကြားခဲ့ပါတယ်။

potato-snack

Veronese ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ အာလူးစားသုံးခြင်းကြောင့် အရိုးအဆစ်တွေရောင်ရမ်းတဲ့ ရောဂါ ဖြစ်ရတယ်ဆိုတာ အသက် ၄၅နဲ့၇၉ နှစ်ကြားရှိတဲ့ လူပေါင်း၄၄၄၀ယောက်ကို ရှစ်နှစ်ကြာစောင့်ကြည့် လေ့လာပြီး အချိန်တိုအတွင်းမှာပဲ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အာလူးကို ဘယ်လိုစားသင့်သလဲ

တကယ်တော့ အာလူးဟာ ကျန်းမာရေးအတွက်အရမ်း အားထားရတဲ့ သစ်သီးသစ်ဥ တစ်မျိုးပဲဖြစ်ပါတယ်။ အလယ်အလတ် အရွယ်အစားရှိတဲ့ အားလူးတစ်လုံးမှာ ၁၁၀ကယ်လ်လိုရီပါရှိပါတယ်၊ အဆီမရှိပါဘူး၊ ဆိုလ်ဒီယမ်ဓာတ်မပါပါဘူး၊ ကိုလက်စရောလဲမပါတဲ့အပြင် တစ်နေ့တာရဲ့သုံးပုံတစ်ပုံမှာ လိုအပ်တဲ့ ဗီတာမင်စီ ကို လည်းထိန်းသိမ်းပေးပါတယ်လို့ National Potato ကောင်စီမှ John Keeling ကရှင်းပြထားပါတယ်။

potato-pure

ဒါကြောင့်ကျွန်တော်တို့တွေဟာ သဘာဝမှ အမှန်တကယ်ထွက်လာတဲ့ သန့်ရှင်းလတ်ဆက်တဲ့ အာလူးတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ အဆင်သင့်ပြုလုပ်ထားသော ကြာရှည်ခံဆေးတွေပါဝင်တဲ့ ready made အာလူးချောင်းတွေ အာလူးချောင်းကြော်တွေကိုတော့ လုံးဝရှောင်ရှားရမှာဖြစ်ပါတယ်။ မသိတဲ့အချိန်ကတော့ ကျွန်တော်တို့တွေအားလုံး စားမိခဲ့ပါတယ်။ အခုသိသွားကြပြီးဆိုတော့ ဒါတွေကိုရှောင်ရှားပြီး ကျန်းမာတဲ့ ဘဝလေးကိုတည်ဆောက်ကြဖို့ တိုက်တွန်းပါတယ်။

Zawgyi Font : အာလူးေခ်ာင္းေၾကာ္က လူ႕အသက္ကိုႏႈတ္ယူႏိုင္တယ္ဆိုတာ သင္သိပါသလား

အာလူးေခ်ာင္းေၾကာ္မ်ားမ်ား စားသံုးျခင္းဟာ ကၽြန္ေတာ္တို႔ရဲ႕ အသက္ကိုတိုေစတယ္ဆိုတာ သင္သိပါသလား။ ေယာက်ာ္းေလးေတြထက္ မိန္းကေလးေတြက အာလူးေခ်ာင္းေၾကာ္ကို ပိုျပီးစားသံုးတာကို သုေတသီမ်ားက ရွာေဖြ ေတြ႕ရွိခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံထုတ္ က်န္းမာေရးဂ်ာနယ္ျဖစ္တဲ့ Clinical Nutrition ကေတာ့ အာလူးေၾကာ္ကို တစ္ပတ္မွာ ႏွစ္ၾကိမ္ သို႕မဟုတ္ ႏွစ္ၾကိမ္နဲ႔အထက္ စားသံုးတဲ့လူေတြဟာ မစားဘဲ ေရွာင္ရွားတဲ့ လူေတြထက္ ႏွစ္ဆပိုျပီး ေစာေစာ ေသေစတယ္လို႔ေရးထားပါတယ္။

အာလူးေၾကာ္ေတြကသန္႔ရွင္းလတ္ဆက္ရဲ႕လား

အီတလီႏိုင္ငံ Padova ရွိ အမ်ိဳးသားသုေတတီေကာင္စီမွ သိပၸံပညာရွင္တစ္ေယာက္နဲ႔ Dr.Nicola Veronese တို႔က ကမၻာတစ္၀ွမ္းလံုးမွာ အာလူးေၾကာ္စားသံုးတဲ့ လူေတြမ်ားလာပါတယ္လို႔ သတိေပးခဲ့ပါတယ္။ National Potato ေကာ္စီမွ ထုတ္ျပန္ခ်က္အရ ၂၀၁၄ခုႏွစ္မွာ အေမရိကန္ႏိုင္ငံမွာ လူတစ္ေယာက္ရဲ႕အာလူးစားသံုးမႈ ႏႈန္းမွာ ၁၁၂.၁ ေပါင္ရွိပါတယ္။ အဲဒီအနက္ ၃၃.၅ေပါင္ဟာ လတ္ဆက္ျပီး က်န္တဲ့ ၇၈.၅ ေပါင္ကေတာ့ တာရွည္ခံေဆးေတြပါ၀င္ေနပါတယ္လို႔ သိရပါတယ္။ အေမရိကန္မွာ စားသံုးေနတ့ဲ အာလူးေၾကာ္အမ်ားစုဟာ ၾကာရွည္ခံေဆးေတြနဲ႔ လုပ္ထားတာျဖစ္ပါတယ္လို႔ အေမရိကန္စိုက္ပ်ိဳးေရးဌာနကေျပာၾကားခဲ့ပါတယ္။

Veronese ဦးေဆာင္တ့ဲ သုေတသနအဖြဲ႕ဟာ အာလူးစားသံုးျခင္းေၾကာင့္ အရိုးအဆစ္ေတြေရာင္ရမ္းတဲ့ ေရာဂါ ျဖစ္ရတယ္ဆိုတာ အသက္ ၄၅နဲ႔၇၉ ႏွစ္ၾကားရွိတဲ့ လူေပါင္း၄၄၄၀ေယာက္ကို ရွစ္ႏွစ္ၾကာေစာင့္ၾကည့္ ေလ့လာျပီး အခ်ိန္တိုအတြင္းမွာပဲ ဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္။

အာလူးကို ဘယ္လိုစားသင့္သလဲ

တကယ္ေတာ့ အာလူးဟာ က်န္းမာေရးအတြက္အရမ္း အားထားရတဲ့ သစ္သီးသစ္ဥ တစ္မ်ိဳးပဲျဖစ္ပါတယ္။ အလယ္အလတ္ အရြယ္အစားရွိတ့ဲ အားလူးတစ္လံုးမွာ ၁၁၀ကယ္လ္လိုရီပါရွိပါတယ္၊ အဆီမရွိပါဘူး၊ ဆိုလ္ဒီယမ္ဓာတ္မပါပါဘူး၊ ကိုလက္စေရာလဲမပါတဲ့အျပင္ တစ္ေန႔တာရဲ႕သံုးပံုတစ္ပံုမွာ လိုအပ္တဲ့ ဗီတာမင္စီ ကို လည္းထိန္းသိမ္းေပးပါတယ္လို႔ National Potato ေကာင္စီမွ John Keeling ကရွင္းျပထားပါတယ္။

ဒါေၾကာင့္ကၽြန္ေတာ္တို႔ေတြဟာ သဘာ၀မွ အမွန္တကယ္ထြက္လာတဲ့ သန္႔ရွင္းလတ္ဆက္တဲ့ အာလူးေတြကို ေရြးခ်ယ္စားသံုးသင့္ပါတယ္။ အဆင္သင့္ျပဳလုပ္ထားေသာ ၾကာရွည္ခံေဆးေတြပါ၀င္တ့ဲ ready made အာလူးေခ်ာင္းေတြ အာလူးေခ်ာင္းေၾကာ္ေတြကိုေတာ့ လံုး၀ေရွာင္ရွားရမွာျဖစ္ပါတယ္။ မသိတဲ့အခ်ိန္ကေတာ့ ကၽြန္ေတာ္တို႔ေတြအားလံုး စားမိခ့ဲပါတယ္။ အခုသိသြားၾကျပီးဆိုေတာ့ ဒါေတြကိုေရွာင္ရွားျပီး က်န္းမာတဲ့ ဘ၀ေလးကိုတည္ေဆာက္ၾကဖို႔ တိုက္တြန္းပါတယ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: