Home News တရုတ်နိုင်ငံ မူလတန်းကျောင်း ဗုံးခွဲခံရ၊ သေဆုံးမှုများရှိ

တရုတ်နိုင်ငံ မူလတန်းကျောင်း ဗုံးခွဲခံရ၊ သေဆုံးမှုများရှိ

0

တရုတ်နိုင်ငံ ကျန်းဆု ပြည်နယ်ရှိ kindergarten မူလတန်းကျောင်းကို ကျောင်းဆင်းချိန်မှာ ဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဖောက်ခွဲမှုကြောင့် ကလေးငယ်တွေကို လာကြိုတဲ့ မိဘအပါအဝင် လူ (၈) ဦးသေဆုံးခဲ့တဲ့လို့ CNN သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။

၂ ဦးကတော့ ဖြစ်ဖြစ်ချင်းနေရာမှာဘဲ သေဆုံးခဲ့ပြီး ၆ ဦးကတော့ ဆေးရုံရောက်မှ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူပေါင်း ၇၀ ကျော်ခန့်ကိုလည်း ဆေးရုံတင်ထားရပြီး အခြေအနေကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ဖောက်ခွဲတဲ့ အကြမ်းဖက်အဖွဲ့အစည်းကိုလည်း အစိုးရအနေနဲ့ ထုတ်ပြန်ထားခြင်းမရှိသေးသလို ဆက်လက်စုံစမ်းဆောင်ရွက်နေဆဲလို့ သိရပါတယ်။

Zawgyi Font : တရုတ်နိုင်ငံ မူလတန်းကျောင်း ဗုံးခွဲခံရ၊ သေဆုံးမှုများရှိ



LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: