Home News မူးယစ်ဆေးသုံးစွဲမှု မြင့်တက်လာတဲ့ မွန်ပြည်နယ်

မူးယစ်ဆေးသုံးစွဲမှု မြင့်တက်လာတဲ့ မွန်ပြည်နယ်

0

မြို့နယ် ၁၀မြို့နယ်ဖြင့် ဖွဲ့စည်းထားတဲ့ မွန်ပြည်နယ်မှာ လူလတ်ပိုင်းအရွယ်တွေသာမက တက္ကသိုလ်ကျောင်းသူကျောင်းသားများနဲ့ ဆယ်ကျော်အသက် အရွယ် ကျောင်းသားလေးပါ မူးယစ်ဆေးသုံးစွဲလာတာကို တွေ့လာရပါတယ်။ အဲဒီလို မူးယစ်ဆေးသုံးစွဲမှုမြင့်တက်လာတာကြာင့် ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အလေးထားပြီး စီမံဆောင်ရွက်ပေးဖို့ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်မှာ လက်ခံဆွေးနွေးတင်ပြဖို့ ဇွန်လ ၁၃ရက်နေ့၌ မွန်ပြည်နယ်လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။

မွန်ပြည်နယ်မှာ အခြေခံကျောင်းတွေအထိ မူးယစ်ဆေးသုံးစွဲတာတွေ၊ ဖမ်းမိထားတာတွေ ရှိနေတဲ့အတွက်ကြောင့် ၎င်းတို့ကိုထိန်းကျောင်းဖို့ အဆိုတင်သွင်းခြင်းဖြစ်တာပါလို့ အဆိုတင်သွင်းသူ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။

မွန်ပြည်နယ်မှာရှိတဲ့ တက္ကသိုလ်ကျောင်းများနဲ့ အခြေခံကျောင်းများ အနီးတဝိုက်မှာ မူးယစ်ဆေးဝါးတွေ ရောင်းချနေမှု၊ ကျောင်းသားတွေကို မူးယစ်ဆေးဝါး သယ်ယူခိုင်းသူတွေရှိနေတယ်လို့ ဦးအောင်းကျော်သူက ပြောပါတယ်။ ဒါကြောင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးသုံးစွဲမှု လျော့ကျအောင် ကျောင်းသားအားကစားပွဲတော်များ ကျင်းပပေးဖို့ရန် အတွက်လည်း တိုက်တွန်းခဲ့ပါတယ်။

မူးယစ်ဆေးဝါးတွေ ဖမ်းဆီးပေမယ့် သုံးစွဲသူလူငယ်များ လျော့သွားခြင်းမရှိပဲ ၃၀%ထိ တိုးတက်လာတာကို စစ်တမ်းတွေအရ သိခဲ့ရပါတယ်။ မွန်ပြည်နယ်မှာ တစ်နှစ်အတွင်း စိတ်ကြွဆေးပြား ၁၀သိန်းကျော်၊ မူးယစ်ဆေးဝါးအမှု ပေါင်း၁၈၆မှုရှိခဲ့ပြီး တရားခံ ၄၂၉ယောက်မှာ ကျောင်းသားလေးတွေ အများဆုံးပါဝင်နေကြောင်း မွန်ပြည်နယ်အစိုးရရဲ့ တစ်နှစ်စာ ထုတ်ပြန်ချက်အရ သိရပါတယ်။

Source : RFA

Zawgyi Font : မူးယစ္ေဆးသံုးစြဲမႈ ျမင့္တက္လာတဲ့ မြန္ျပည္နယ္

ျမိဳ႔နယ္ ၁၀ျမိဳ႕နယ္ျဖင့္ ဖြဲ႔စည္းထားတဲ့ မြန္ျပည္နယ္မွာ လူလတ္ပိုင္းအရြယ္ေတြသာမက တကၠသိုလ္ေက်ာင္းသူေက်ာင္းသားမ်ားနဲ႕ ဆယ္ေက်ာ္အသက္ အရြယ္ ေက်ာင္းသားေလးပါ မူးယစ္ေဆးသံုးစြဲလာတာကို ေတြ႕လာရပါတယ္။ အဲဒီလို မူးယစ္ေဆးသံုးစြဲမႈျမင့္တက္လာတာၾကာင့္ ထိေရာက္တဲ့ နည္းလမ္းေတြနဲ႔ အေလးထားျပီး စီမံေဆာင္ရြက္ေပးဖို႔ရန္အတြက္ ျပည္နယ္အစိုးရအဖြဲ႕အား တိုက္တြန္းေၾကာင္း အဆိုကို လႊတ္ေတာ္မွာ လက္ခံေဆြးေႏြးတင္ျပဖို႔ ဇြန္လ ၁၃ရက္ေန႔၌ မြန္ျပည္နယ္လႊတ္ေတာ္မွာ ဆံုးျဖတ္လိုက္ပါတယ္။

မြန္ျပည္နယ္မွာ အေျခခံေက်ာင္းေတြအထိ မူးယစ္ေဆးသံုးစြဲတာေတြ၊ ဖမ္းမိထားတာေတြ ရွိေနတဲ့အတြက္ေၾကာင့္ ၎တို႕ကိုထိန္းေက်ာင္းဖို႔ အဆိုတင္သြင္းျခင္းျဖစ္တာပါလို႔ အဆိုတင္သြင္းသူ သထံုျမိဳ႔နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္သူက ေျပာပါတယ္။

မြန္ျပည္နယ္မွာရွိတဲ့ တကၠသိုလ္ေက်ာင္းမ်ားနဲ႔ အေျခခံေက်ာင္းမ်ား အနီးတ၀ိုက္မွာ မူးယစ္ေဆး၀ါးေတြ ေရာင္းခ်ေနမႈ၊ ေက်ာင္းသားေတြကို မူးယစ္ေဆး၀ါး သယ္ယူခိုင္းသူေတြရွိေနတယ္လို႔ ဦးေအာင္းေက်ာ္သူက ေျပာပါတယ္။ ဒါေၾကာင့္ ေက်ာင္းသားလူငယ္မ်ား မူးယစ္ေဆးသံုးစြဲမႈ ေလ်ာ့က်ေအာင္ ေက်ာင္းသားအားကစားပြဲေတာ္မ်ား က်င္းပေပးဖို႔ရန္ အတြက္လည္း တိုက္တြန္းခဲ့ပါတယ္။

မူးယစ္ေဆး၀ါးေတြ ဖမ္းဆီးေပမယ့္ သံုးစြဲသူလူငယ္မ်ား ေလ်ာ့သြားျခင္းမရွိပဲ ၃၀%ထိ တိုးတက္လာတာကို စစ္တမ္းေတြအရ သိခဲ့ရပါတယ္။ မြန္ျပည္နယ္မွာ တစ္ႏွစ္အတြင္း စိတ္ၾကြေဆးျပား ၁၀သိန္းေက်ာ္၊ မူးယစ္ေဆး၀ါးအမႈ ေပါင္း၁၈၆မႈရွိခဲ့ျပီး တရားခံ ၄၂၉ေယာက္မွာ ေက်ာင္းသားေလးေတြ အမ်ားဆံုးပါ၀င္ေနေၾကာင္း မြန္ျပည္နယ္အစိုးရရဲ႕ တစ္ႏွစ္စာ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

Source : RFA

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: