Home Lifestyle Health သင့်ရဲ့မနက်ဖြန်အတွက် ဘယ်လိုအိပ်စက်အနားယူသင့်သလဲ

သင့်ရဲ့မနက်ဖြန်အတွက် ဘယ်လိုအိပ်စက်အနားယူသင့်သလဲ

0

ကျွန်တော်တို့ဟာ တစ်နေ့လုံးအလုပ်တွေလုပ် စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင် ကျော်ဖြတ်ပြီးလို့ ညဘက်အိပ်စက်အနားယူတဲ့အခါ အရမ်းပင်ပန်းနေတော့ ဖြစ်သလို အိပ်လိုက်တတ်ကြပါတယ်။

တကယ်တော့ အိပ်စက်ခြင်းဟာအရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်းမွန်စွာ အိပ်စက်ခွင့်မရခဲ့ရင် နောက်တစ်နေ့ရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ များစွာ စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်။ ဒါကိုလည်း သင်တို့ခံစားရဖူးမှာပါ။ ဒါကြောင့် အိပ်ရေး၀၀အိပ်နိုင်ဖို့ ဘာတွေလုပ်သင့်လဲဆိုတာကို ကြည့်ကြရအောင်။

၁။ ပေါ့ပါးပြီးလေဝင်လေထွက်ကောင်းမွန်သော ချည်သားဝတ်စုံ

ကျွန်တော်တို့ အိပ်စက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ဟာ အပူချိန်မြင့်တက်လာပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံ အိပ်ရာကထလာရင် ချွေးတွေ ထွက်နေတာကို တွေ့ကြုံဖူးမှာပါ။ ပေါ့ပါးတဲ့ ချည်မျှင်နဲ့ပြုလုပ်ထားတဲ့ အဝတ်ဟာ ချွေးထွက်လွန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ချည်သားဝတ်စုံကို ဝတ်တာအကောင်းဆုံးပါဘဲ။

၂။ အဝတ်အစားအကျပ်များ ဝတ်ဆင်ခြင်း ရှောင်ပါ။

Fitting ကျတဲ့ အဝတ်အစားတွေက ခန္ဓာကိုယ်ရဲ့ အချိုးအစားအလှအပကို ပေါ်လွင်စေတာ မှန်ပေမဲ့ ညအိပ်တဲ့ အခါမှာတော့ လုံး၀ မသင့်တော် မလိုက်ဖက်တဲ့ အဝတ်အစားတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ သွေးလည်ပတ်မှုနဲ့ အသက်ရှူမှုကို အခက်အခဲဖြစ်စေပါတယ်။ အဆိုးဆုံးကတော့ အိပ်နေတဲ့အချိန်မှာ ဟော်မုန်းတွေချိန်ညှိပေးတဲ့ melatonin ဖွံ့ဖြိုးမှုကို ရပ်တံ့စေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ညအိပ်ရင် ချောင်ချောင်ချိချိ ဖြစ်တဲ့ ညအိပ်ဝတ်စုံတွေကို ဝတ်တာကအကောင်းဆုံးဖြစ်ပါတယ်။

၃။ Sleep Mask ဝတ်ရန်

အိပ်စက်ချိန်မှာ အလင်းရောင်ဟာ ကောင်းမွန်စွာအိပ်စက်ဖို့အတွက် အနှောက်အယှက်တစ်ခုပါပဲ။ အဲဒါကြောင့် အိပ်ခါနီးမှာ မီးလေးတွေကိုမှိန်မှိန်လေး ထားပြီးအိပ်ဖို့လိုပါတယ်။ အကောင်းဆုံးကတော့ Sleep Mask ဝတ်ပြီးအိပ်ခြင်းပဲဖြစ်ပါတယ်။

sleeping mask

၄။ ဆံပင်ရှည်သူများကတော့ ပိုးပုဝါလေးနဲ့ ဆံပင်ကိုစည်းပြီးအိပ်ရာဝင်ရန်

ကျွန်တော်တို့ဟာ များသောအားဖြင့် ချည်သားခေါင်းစွပ်လေးဝတ်ပြီးအိပ်တတ်ကြပါတယ်။ ချည်သားခေါင်းစွပ်လေးတွေဟာ ဆံပင်ကိုဆွဲထားသလိုဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် နောက်တစ်နေ့မှာ ပွဲလမ်းသဘင် ရှိနေလို့ ခေါင်းမလျှော်ထားရင်ပေါ့(ခေါင်းမလျှော်ပဲ ဆံပင်ပြင်တာကပို၍အဆင်ပြေပါတယ်) ပိုက်ဆံကုန်သက်သာ ပြီး ကောင်းစွာအိပ်စက် နိုင်ပါတယ်။

၅။ မျက်နှာကိုသန့်စင်ပြီး အိပ်ရာဝင်ရန်

မိန်းကလေးအများစုက အလှအပပြင်ဆင်ရာတွင် မိတ်ကပ်အစရှိတဲ့အလှကုန်ပစ္စည်းများကို အသုံးပြုကြပါတယ်။ အချို့သော မိန်းကလေးများကတော့ အိပ်စက်အနားယူချိန်မှာလည်း မိတ်ကပ် ကိုမဖျက်ဘဲ အိပ်ကြတဲ့သူတွေရှိပါတယ်။ အဲ့ဒါကြောင့်လည်း မျက်နှာမှာ အမဲစက်တွေ၊ဝက်ခြံတွေ ဖြစ်ပြီး စိတ်ညစ်ရတတ်ပါတယ်။ အိပ်ယာမဝင်ခင် မျက်နှာဆေးကြောသန့်စင်ပြီးမှ အိပ်တာက ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့အပြင် မျက်နှာမှာ အမဲစက်တွေ၊ ဝက်ခြံတွေ ထွက်တာကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

Zawgyi Font : သင့္ရဲ႕မနက္ျဖန္အတြက္ ဘယ္လိုအိပ္စက္အနားယူသင့္သလဲ

ကၽြန္ေတာ္တို႔ဟာ တစ္ေန႔လံုးအလုပ္ေတြလုပ္ စိတ္ဖိစီးမႈေတြနဲ႔ရင္ဆိုင္ ေက်ာ္ျဖတ္ျပီးလို႔ ညဘက္အိပ္စက္အနားယူတဲ႔အခါ အရမ္းပင္ပန္းေနေတာ့ ျဖစ္သလို အိပ္လိုက္တတ္ၾကပါတယ္။

တကယ္ေတာ့ အိပ္စက္ျခင္းဟာအရမ္းအေရးၾကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေကာင္းမြန္စြာ အိပ္စက္ခြင့္မရခဲ့ရင္ ေနာက္တစ္ေန႔ရဲ႕ အခက္အခဲေတြကို ရင္ဆိုင္ဖို႔ မ်ားစြာ စိတ္အေႏွာက္အယွက္ျဖစ္တတ္ပါတယ္။ ဒါကိုလည္း သင္တို႔ခံစားရဖူးမွာပါ။ ဒါေၾကာင့္ အိပ္ေရး၀၀အိပ္ႏိုင္ဖို႔ ဘာေတြလုပ္သင့္လဲဆိုတာကို ၾကည့္ၾကရေအာင္။

၁။ ေပါ့ပါးျပီးေလ၀င္ေလထြက္ေကာင္းမြန္ေသာ ခ်ည္သား၀တ္စံု

ကၽြန္ေတာ္တုိ႔ အိပ္စက္ေနတဲ့အခ်ိန္မွာ ခႏၶာကိုယ္ဟာ အပူခ်ိန္ျမင့္တက္လာပါတယ္။ ဒါေၾကာင့္ တစ္ခါတစ္ရံ အိပ္ရာကထလာရင္ ေခြ်းေတြ ထြက္ေနတာကို ေတြ႕ၾကံဳဖူးမွာပါ။ ေပါ့ပါးတဲ့ ခ်ည္မွ်င္နဲ႔ျပဳလုပ္ထားတဲ့ အ၀တ္ဟာ ေခြ်းထြက္လြန္တာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တဲ့အတြက္ ခ်ည္သား၀တ္စံုကို ၀တ္တာအေကာင္းဆံုးပါဘဲ။

၂။ အ၀တ္အစားအက်ပ္မ်ား ၀တ္ဆင္ျခင္း ေရွာင္ပါ။

Fitting က်တဲ့ အ၀တ္အစားေတြက ခႏၶာကိုယ္ရဲ႕ အခ်ိဳးအစားအလွအပကို ေပၚလြင္ေစတာ မွန္ေပမဲ့ ညအိပ္တဲ့ အခါမွာေတာ့ လံုး၀ မသင့္ေတာ္ မလိုက္ဖက္တဲ့ အ၀တ္အစားတစ္မ်ိဳးျဖစ္ပါတယ္။ ခႏၶာကိုယ္မွာရွိတဲ့ ေသြးလည္ပတ္မႈနဲ႔ အသက္ရွဴမႈကို အခက္အခဲျဖစ္ေစပါတယ္။ အဆိုးဆံုးကေတာ့ အိပ္ေနတဲ့အခ်ိန္မွာ ေဟာ္မုန္းေတြခ်ိန္ညွိေပးတဲ့ melatonin ဖြံ႕ျဖိဳးမႈကို ရပ္တ့ံေစျခင္းျဖစ္ပါတယ္။ ဒါေၾကာင့္ ညအိပ္ရင္ ေခ်ာင္ေခ်ာင္ခ်ိခ်ိ ျဖစ္တဲ့ ညအိပ္၀တ္စံုေတြကို ၀တ္တာကအေကာင္းဆံုးျဖစ္ပါတယ္။

၃။ Sleep Mask ၀တ္ရန္

အိပ္စက္ခ်ိန္မွာ အလင္းေရာင္ဟာ ေကာင္းမြန္စြာအိပ္စက္ဖို႔အတြက္ အေႏွာက္အယွက္တစ္ခုပါပဲ။ အဲဒါေၾကာင့္ အိပ္ခါနီးမွာ မီးေလးေတြကိုမွိန္မွိန္ေလး ထားျပီးအိပ္ဖို႔လိုပါတယ္။ အေကာင္းဆံုးကေတာ့ Sleep Mask ၀တ္ျပီးအိပ္ျခင္းပဲျဖစ္ပါတယ္။

၄။ ဆံပင္ရွည္သူမ်ားကေတာ့ ပိုးပု၀ါေလးနဲ႕ ဆံပင္ကိုစည္းျပီးအိပ္ရာ၀င္ရန္

ကၽြန္ေတာ္တို႔ဟာ မ်ားေသာအားျဖင့္ ခ်ည္သားေခါင္းစြပ္ေလး၀တ္ျပီးအိပ္တတ္ၾကပါတယ္။ ခ်ည္သားေခါင္းစြပ္ေလးေတြဟာ ဆံပင္ကိုဆြဲထားသလိုျဖစ္ေနတတ္ပါတယ္။ အထူးသျဖင့္ ေနာက္တစ္ေန႔မွာ ပြဲလမ္းသဘင္ ရွိေနလို႔ ေခါင္းမေလွ်ာ္ထားရင္ေပါ့(ေခါင္းမေလွ်ာ္ပဲ ဆံပင္ျပင္တာကပို၍အဆင္ေျပပါတယ္) ပိုက္ဆံကုန္သက္သာ ၿပီး ေကာင္းစြာအိပ္စက္ ႏိုင္ပါတယ္။

၅။ မ်က္ႏွာကိုသန္႔စင္ၿပီး အိပ္ရာ၀င္ရန္

မိန္းကေလးအမ်ားစုက အလွအပျပင္ဆင္ရာတြင္ မိတ္ကပ္အစရွိတဲ့အလွကုန္ပစၥည္းမ်ားကို အသံုးျပဳၾကပါတယ္။ အခ်ိဳ႕ေသာ မိန္းကေလးမ်ားကေတာ့  အိပ္စက္အနားယူခ်ိန္မွာလည္း မိတ္ကပ္ ကိုမဖ်က္ဘဲ အိပ္ၾကတဲ့သူေတြရွိပါတယ္။ အဲ့ဒါေၾကာင့္လည္း မ်က္ႏွာမွာ အမဲစက္ေတြ၊၀က္ၿခံေတြ ျဖစ္ျပီး စိတ္ညစ္ရတတ္ပါတယ္။ အိပ္ယာမ၀င္ခင္ မ်က္ႏွာေဆးေၾကာသန္႕စင္ျပီးမွ အိပ္တာက က်န္းမာေရးနဲ႕လည္းညီညြတ္တဲ့အျပင္ မ်က္ႏွာမွာ အမဲစက္ေတြ၊ ၀က္ျခံေတြ ထြက္တာကိုလည္း ကာကြယ္ျပီးသား ျဖစ္သြားပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: