Home News ရာဇဝတ်မှုတွေနည်းလာလို့ အကျဉ်းထောင်တွေကို နှစ်စဉ်ပိတ်ချနေရတဲ့ နယ်သာလန်

ရာဇဝတ်မှုတွေနည်းလာလို့ အကျဉ်းထောင်တွေကို နှစ်စဉ်ပိတ်ချနေရတဲ့ နယ်သာလန်

0

ဒီသတင်းက နယ်သာလန်နိုင်ငံအတွက် အရမ်းဂုဏ်ယူရမယ့် သတင်းတစ်ပုဒ်လို့ဘဲ မှတ်ချက်ချမိပါတယ်။ နယ်သာလန်နိုင်ငံမှာ ရာဇဝတ်မှုတွေ အရမ်းရှားပါးလာတဲ့အတွက်ကြောင့် ထောင်တွေမှာ အကျဉ်းသားမရှိသလောက် နည်းပါးလာပြီး အကျဉ်းစခန်းတွေကို တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး ပိတ်ပစ်နေရပါတယ်။

၂၀၀၉ ခုနှစ်မှာ ၈ခု၊ ၂၀၁၄ ခုနှစ်မှာ ၁၉ ခု၊ ၂၀၁၆ ခုနှစ်မှာ အကျဉ်းထောင် ၅ခု စသည်ဖြင့် အသီးသီးပိတ်ခဲ့ရပါတယ်။ အဲလို အကျဉ်းထောင်တွေအများအပြား ပိတ်ခြင်းဟာနိုင်ငံရဲ့ အသုံးစရိတ်တွေကို လျှော့ချနိုင်သလို အကျဉ်းစခန်းတွေအပေါ်မှာ အသုံးပြုရတဲ့ငွေတွေကိုလည်း အခြားတစ်နေရာမှာ လှည့်ပြောင်းအသုံးပြုနိုင်တဲ့အတွက် နယ်သာလန်အတွက်ကတော့ အရမ်းကောင်းမွန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကျဉ်းသားတစ်ယောက်အတွက် အသုံးပြုရတဲ့စရိတ်ဟာ မြန်မာငွေနဲ့ တွက်ကြည့်မယ်ဆိုရင် တစ်နှစ်ကို သိန်း ၈၀၀ နဲ့ သိန်း ၁၀၀၀ ကြားစရိတ်ရှိပါတယ်။

prison

ဆိုးတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ ဒီလိုအကျဉ်းထောင်တွေ ပိတ်လိုက်ရတဲ့အတွက် အကျဉ်းထောင်ဝန်ထမ်း ၁၉၀၀ကျော်ခန့်ဟာ နောက်ထပ်အလုပ်အသစ်ကို ရှာရမယ့်အနေအထားရောက်နေပါတယ်။ ၂၀၂၁ခုနှစ်မှာတော့ ထောင်ခန်း ၃၀၀၀ခန့်နဲ့ လူငယ်ပြုပြင်ရေးစခန်း ၃၀၀ခန့်ကို ထပ်မံ၍ပိတ်ရဖို့ အခြေအနေရှိကြောင်း နယ်သာလန်မှ တာဝန်ရှိပုဂ္ဂိုလ်များကခန့်မှန်းထားကြပါတယ်။

Zawgyi Font : ရာဇ၀တ္မႈေတြနည္းလာလို႕ အက်ဥ္းေထာင္ေတြကို ႏွစ္စဥ္ပိတ္ခ်ေနရတဲ့ နယ္သာလန္

ဒီသတင္းက နယ္သာလန္ႏုိင္ငံအတြက္ အရမ္းဂုဏ္ယူရမယ့္ သတင္းတစ္ပုဒ္လုိ႕ဘဲ မွတ္ခ်က္ခ်မိပါတယ္။ နယ္သာလန္ႏိုင္ငံမွာ ရာဇ၀တ္မႈေတြ အရမ္းရွားပါးလာတဲ့အတြက္ေၾကာင့္ ေထာင္ေတြမွာ အက်ဥ္းသားမရွိသေလာက္ နည္းပါးလာျပီး အက်ဥ္းစခန္းေတြကို တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုပိုျပီး ပိတ္ပစ္ေနရပါတယ္။

၂၀၀၉ ခုႏွစ္မွာ ၈ခု၊ ၂၀၁၄ ခုႏွစ္မွာ ၁၉ ခု၊ ၂၀၁၆ ခုႏွစ္မွာ အက်ဥ္းေထာင္ ၅ခု စသည္ျဖင့္ အသီးသီးပိတ္ခဲ့ရပါတယ္။ အဲလို အက်ဥ္းေထာင္ေတြအမ်ားအျပား ပိတ္ျခင္းဟာႏုိင္ငံရဲ႕ အသံုးစရိတ္ေတြကို ေလွ်ာ့ခ်ႏိုင္သလို အက်ဥ္းစခန္းေတြအေပၚမွာ အသံုးျပဳရတဲ့ေငြေတြကိုလည္း အျခားတစ္ေနရာမွာ လွည့္ေျပာင္းအသံုးျပဳႏိုင္တဲ့အတြက္ နယ္သာလန္အတြက္ကေတာ့ အရမ္းေကာင္းမြန္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အက်ဥ္းသားတစ္ေယာက္အတြက္ အသံုးျပဳရတဲ့စရိတ္ဟာ ျမန္မာေငြနဲ႕ တြက္ၾကည့္မယ္ဆိုရင္ တစ္ႏွစ္ကို သိန္း ၈၀၀ နဲ႕ သိန္း ၁၀၀၀ ၾကားစရိတ္ရွိပါတယ္။

ဆိုးတဲ့ဘက္ကၾကည့္မယ္ဆိုရင္ေတာ့ ဒီလိုအက်ဥ္းေထာင္ေတြ ပိတ္လိုက္ရတဲ့အတြက္ အက်ဥ္းေထာင္၀န္ထမ္း ၁၉၀၀ေက်ာ္ခန္႔ဟာ ေနာက္ထပ္အလုပ္အသစ္ကို ရွာရမယ့္အေနအထားေရာက္ေနပါတယ္။ ၂၀၂၁ခုႏွစ္မွာေတာ့ ေထာင္ခန္း ၃၀၀၀ခန္႔နဲ႔ လူငယ္ျပဳျပင္ေရးစခန္း ၃၀၀ခန္႔ကို ထပ္မံ၍ပိတ္ရဖို႔ အေျခအေနရွိေၾကာင္း နယ္သာလန္မွ တာ၀န္ရွိပုဂိၢဳလ္မ်ားကခန္႔မွန္းထားၾကပါတယ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: