Bitcoin ဟာ cryptocurrency အမျိုးအစားဖြစ်ပြီး စစထွက်ရှိခြင်းအချိန်မှာတော့ Bitcoin ဟာ ဈေးအရမ်းပေါခဲ့သလို လူတွေရဲ့ ယုံကြည်ခြင်းကိုလည်း မရရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၃ ခုနှစ်နောက်ပိုင်းကစပြီး Bitcoin ရဲ့ အခြေအနေဟာ တစ်ရိပ်ရိပ်ထိုးတက်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ Bitcoin ရဲ့ ပေါက်ဈေးဟာ ကမ္ဘာ့ရွှေဈေးထက် ပိုမိုမြင့်တက်လာခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ထဲမှာတော့ 1 BTC လျှင် ဒေါ်လာ ၁၆၀၀ ဝန်းကျင်အထိ မြင့်တက်လာပြီး ယနေ့မှာတော့ 1BTC ရဲ့ ပေါက်ဈေးဟာ ဒေါ်လာ ၃၀၀၀ အထိမြင့်တက်လာခဲ့ပါတယ်။ ငွေကြေးဆိုင်ရာကျွမ်းကျင်သူများရဲ့ ခန့်မှန်းချက်များအရကတော့ Bitcoin ဟာ နောင်ထပ် ၁၀ စုနှစ် ၃ခုမှာ 1BTC ကို ဒေါ်လာ ၅ သိန်းအထိပေါက်ဈေးရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။ ဒါ့အပြင် မူးယစ်ရာဇာ၊ ငွေမဲ ကိုင်သမားတွေအတွက် စိတ်ကြိုက် ငွေကြေးအမျိုးအစားလဲ ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
၂၀၁၀ ခုနှစ် ဂျူလိုင်လမှာ Bitcoin ရဲ့ ပေါက်ဈေးဟာ 1BTC ကို ဝ.၀၈ ဒေါ်လာဘဲ ရှိခဲ့ပြီး ၂၀၁၁ ခုနှစ် ဂျူလိုင်မှာတော့ 1 BTC ရဲ့ တန်ဖိုးဟာ ၃၁ ဒေါ်လာအထိ မြင့်တက်လာပါတယ်။ တစ်ဖြည်းဖြည်းနဲ့ မြင့်တက်လာတဲ့ Bitcoin ဟာ ဒီလထဲမှာတော့ ဒေါ်လာ ၃၀၀၀ အထိ မြင့်တက်လာပြီး ဒီထက်ပိုပြီး မြင့်တက်လာမယ့် အနေအထားရှိနေတာကြောင့် Bitcoin ရင်းနှီးမြှုပ်နှံသူတွေအတွက် ဝမ်းသာစရာပါဘဲ။
တစ်ချိန်ထဲမှာဘဲ Bitcoin နဲ့အလားတူ Cryptocurrency Coin အမျိုးအစားတွေ ရှိပါသေးတယ်။ အဲ့ဒါတွေကိုတော့ နောက်ထပ် ဆောင်းပါးအနေနဲ့ ထပ်မံရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
Zawgyi Font : 1 BTC လွ်င္ ေဒၚလာ ၃၀၀၀ အထိ ျမင့္တက္လာတဲ့ Bitcoin
Bitcoin ဟာ cryptocurrency အမ်ိဳးအစားျဖစ္ျပီး စစထြက္ရွိျခင္းအခ်ိန္မွာေတာ့ Bitcoin ဟာ ေစ်းအရမ္းေပါခဲ့သလို လူေတြရဲ႕ ယံုၾကည္ျခင္းကိုလည္း မရရွိခဲ့ပါဘူး။ ဒါေပမယ့္ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္းကစျပီး Bitcoin ရဲ႕ အေျခအေနဟာ တစ္ရိပ္ရိပ္ထိုးတက္ခဲ့ျပီး ၂၀၁၆ ခုႏွစ္မွာ Bitcoin ရဲ႕ ေပါက္ေစ်းဟာ ကမၻာ့ေရႊေစ်းထက္ ပိုမိုျမင့္တက္လာခဲ့ပါတယ္။
၂၀၁၇ ခုႏွစ္ထဲမွာေတာ့ 1 BTC လွ်င္ ေဒၚလာ ၁၆၀၀ ၀န္းက်င္အထိ ျမင့္တက္လာျပီး ယေန႕မွာေတာ့ 1BTC ရဲ႕ ေပါက္ေစ်းဟာ ေဒၚလာ ၃၀၀၀ အထိျမင့္တက္လာခဲ့ပါတယ္။ ေငြေၾကးဆုိင္ရာကြ်မ္းက်င္သူမ်ားရဲ႕ ခန္႕မွန္းခ်က္မ်ားအရကေတာ့ Bitcoin ဟာ ေနာင္ထပ္ ၁၀ စုႏွစ္ ၃ခုမွာ 1BTC ကို ေဒၚလာ ၅ သိန္းအထိေပါက္ေစ်းရွိႏုိင္ေၾကာင္း ခန္႕မွန္းခဲ့ပါတယ္။ ဒါ့အျပင္ မူးယစ္ရာဇာ၊ ေငြမဲ ကိုင္သမားေတြအတြက္ စိတ္ၾကိဳက္ ေငြေၾကးအမ်ိဳးအစားလဲ ျဖစ္လာႏုိင္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။
၂၀၁၀ ခုႏွစ္ ဂ်ဴလိုင္လမွာ Bitcoin ရဲ႕ ေပါက္ေစ်းဟာ 1BTC ကို ၀.၀၈ ေဒၚလာဘဲ ရွိခဲ့ျပီး ၂၀၁၁ ခုႏွစ္ ဂ်ဴလိုင္မွာေတာ့ 1 BTC ရဲ႕ တန္ဖိုးဟာ ၃၁ ေဒၚလာအထိ ျမင့္တက္လာပါတယ္။ တစ္ျဖည္းျဖည္းနဲ႕ ျမင့္တက္လာတဲ့ Bitcoin ဟာ ဒီလထဲမွာေတာ့ ေဒၚလာ ၃၀၀၀ အထိ ျမင့္တက္လာျပီး ဒီထက္ပိုျပီး ျမင့္တက္လာမယ့္ အေနအထားရွိေနတာေၾကာင့္ Bitcoin ရင္းႏွီးျမွဳပ္ႏွံသူေတြအတြက္ ၀မ္းသာစရာပါဘဲ။
တစ္ခ်ိန္ထဲမွာဘဲ Bitcoin နဲ႕အလားတူ Cryptocurrency Coin အမ်ိဳးအစားေတြ ရွိပါေသးတယ္။ အဲ့ဒါေတြကိုေတာ့ ေနာက္ထပ္ ေဆာင္းပါးအေနနဲ႕ ထပ္မံေရးသားေဖာ္ျပသြားမွာ ျဖစ္ပါတယ္။