Home News မြန်မာတစ်ပြည်လုံးတွင် ငြိမ်းချမ်းရေးဂီတသီချင်းဆိုပြိုင်ပွဲ ကျင်းပမည်

မြန်မာတစ်ပြည်လုံးတွင် ငြိမ်းချမ်းရေးဂီတသီချင်းဆိုပြိုင်ပွဲ ကျင်းပမည်

0

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ မြန်မာပြည်သူတွေအားလုံးပါဝင် ယှဉ်ပြိုင်လို့ရတဲ့ ‘ငြိမ်းချမ်းရေးဂီတပွဲတော်’ Peace Music Festival ပွဲကြီးလာပါပြီး။ ၎င်းပွဲတော်ကြီးကို ဇူလိုင်လ ပထမအပတ်မှစတင်ပြီး ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ အဆိုပါပြိုင်ပွဲမှာ ရရှိမဲ့အခွင့်အရေးကတော့ ပထမဆုရရှိသူကို ကျပ်သိန်း ၃၀၀၊ ဒုတိယဆုရရှိသူကို ကျပ်သိန်း ၂၀၀၊ တတိယဆုရရှိသူကို ကျပ်သိန်း၁၀၀ နှင့် နှစ်သိမ့်ဆု နဲ့ အထူးဆုကိုတော့ ကျပ်သိန်း၃၀ ချီးမြှင့်မယ်လို သိရပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့ကြီးများဖြစ်ကြတဲ့ တောင်ကြီး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ လားရှိုး၊ ပုသိမ်၊ ကလေး၊ ရန်ကုန်၊ စစ်တွေ၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများမှာ ပဏာမ အသံစစ်ဆေးမှုများကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ၎င်း ပဏာမအသံစစ်ဆေးတဲ့အဆင့်မှာ မြို့တစ်မြို့ကို ပြိုင်ပွဲဝင် ၂ဦးမှ ၅ဦး အထိ ရွေးချယ်သွားမှာဖြစ်ပါတယ်။

peace-bird

ဒုတိယအဆင့်အနေဖြင့် တီးဝိုင်းနဲ့အတူ မိမိကြိုက်နှစ်သက်ရာ သီချင်းကိုသီဆိုယှဉ်ပြိုင်ရမှာဖြစ်ပြီး ၎င်းယှဉ်ပြိုင်မှုကို MRTV ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်များဟာ အဆင့်၃ ဆင့်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် မိမိကြိုက်နှစ်သက်ရာ သီချင်းအနည်းဆုံး ၆ပုဒ်လောက်ကိုတော့ အသေအခြာ ပြင်ဆင်လေ့ကျင့်ထားရင်ဖြင့် ရလဒ်ကောင်းတွေကိုရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ပြိုင်ပွဲဝင်လျှောက်လွှာတွေကိုတော့ ဇွန်လ ၂ရက်နေ့မှစတင်ပြီး ရုံးချိန်အတွင်း သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးခွဲများတွင် အခမဲ့ထုတ်ယူလျှောက်ထားနိုင်ပါတယ်။

အသေးစိတ်ကို အင်္ဂလိပ်ဘာသာဖြင့် http://www.globalnewlightofmyanmar.com/peace-music-festival-competition-to-be-held/ မှာ ကြည့်ရှုနိုင်ပါတယ်။

Zawgyi Font : ျမန္မာတစ္ျပည္လံုးတြင္ ျငိမ္းခ်မ္းေရးဂီတသီခ်င္းဆိုျပိဳင္ပြဲ က်င္းပမည္

ျမန္မာတစ္ႏိုင္ငံလုံးမွာ ရွိတဲ့ ျမန္မာျပည္သူေတြအားလုံးပါဝင္ ယွဥ္ၿပိဳင္လို႔ရတဲ့ ‘ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္’ Peace Music Festival ပြဲႀကီးလာပါၿပီး။ ၎ပြဲေတာ္ႀကီးကို ဇူလိုင္လ ပထမအပတ္မွစတင္ၿပီး က်င္းပျပဳလုပ္သြားမယ္လို႔သိရပါတယ္။ အဆိုပါၿပိဳင္ပြဲမွာ ရရွိမဲ့အခြင့္အေရးကေတာ့ ပထမဆုရရွိသူကို က်ပ္သိန္း ၃၀၀၊ ဒုတိယဆုရရွိသူကို က်ပ္သိန္း ၂၀၀၊ တတိယဆုရရွိသူကို က်ပ္သိန္း၁၀၀ ႏွင့္ ႏွစ္သိမ့္ဆု နဲ႔ အထူးဆုကိုေတာ့ က်ပ္သိန္း၃၀ ခ်ီးျမႇင့္မယ္လို သိရပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ၿမိဳ႕ႀကီးမ်ားျဖစ္ၾကတဲ့ ေတာင္ႀကီး၊ ျမစ္ႀကီးနား၊ ေမာ္လၿမိဳင္၊ လားရႈိး၊ ပုသိမ္၊ ကေလး၊ ရန္ကုန္၊ စစ္ေတြ၊ ေနျပည္ေတာ္၊ မႏၲေလးၿမိဳ႕ႀကီးမ်ားမွာ ပဏာမ အသံစစ္ေဆးမႈမ်ားကို ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ၎ ပဏာမအသံစစ္ေဆးတဲ့အဆင့္မွာ ၿမိဳ႕တစ္ၿမိဳ႕ကို ၿပိဳင္ပြဲဝင္ ၂ဦးမွ ၅ဦး အထိ ေ႐ြးခ်ယ္သြားမွာျဖစ္ပါတယ္။

ဒုတိယအဆင့္အေနျဖင့္ တီးဝိုင္းနဲ႔အတူ မိမိႀကိဳက္ႏွစ္သက္ရာ သီခ်င္းကိုသီဆိုယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ၎ယွဥ္ၿပိဳင္မႈကို MRTV ႐ုပ္သံလိုင္းမွ တိုက္႐ိုက္ထုတ္လႊင့္ျပသမွာျဖစ္ပါတယ္။

ၿပိဳင္ပြဲဝင္မ်ားဟာ အဆင့္၃ ဆင့္ယွဥ္ၿပိဳင္ရမွာျဖစ္တဲ့အတြက္ မိမိႀကိဳက္ႏွစ္သက္ရာ သီခ်င္းအနည္းဆုံး ၆ပုဒ္ေလာက္ကိုေတာ့ အေသအျခာ ျပင္ဆင္ေလ့က်င့္ထားရင္ျဖင့္ ရလဒ္ေကာင္းေတြကိုရယူႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ၿပိဳင္ပြဲဝင္ေလွ်ာက္လႊာေတြကိုေတာ့ ဇြန္လ ၂ရက္ေန႔မွစတင္ၿပီး ႐ုံးခ်ိန္အတြင္း သက္ဆိုင္ရာၿမိဳ႕နယ္အသီးသီးရွိ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာန ႐ုံးခြဲမ်ားတြင္ အခမဲ့ထုတ္ယူေလွ်ာက္ထားႏိုင္ပါတယ္။

အေသးစိတ္ကို အဂၤလိပ္ဘာသာျဖင့္ http://www.globalnewlightofmyanmar.com/peace-music-festival-competition-to-be-held/ မွာ ၾကည့္ရႈႏိုင္ပါတယ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: