ဇွန်လ ၁၀ ရက်နေ့မှာ Samsung ကနေပြီးတော့ Gamer တွေအတွက် CHG90 Curved မော်နီတာကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင်အကျယ် ၄၉ လက်မရှိပြီး HDR နည်းပညာကိုအသုံးပြုထားတဲ့အတွက် ရုပ်ထွက်ကတော့ တစ်ကယ့်ကို အလန်းစားပါဘဲ။
Curved Display အမျိုးအစားဖြစ်ပြီး Aspect Ratio ကတော့ 32:9 ရှိပါတယ်။ ၁၇၈ ဒီဂရီ မြင်ကွင်းကျယ် Display Type ဖြစ်တာကြောင့် Game ကစားတဲ့အခါ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကစားနေရတဲ့ ခံစားမှုမျိုးရရှိမှာပါ။ လက်ရှိမှာ Preorder အနေနဲ့ ကြိုတင်မှာယူနိုင်ပြီး ၄၉ လက်မ မျက်နှာပြင်အတွက် အမေရိကန်ဒေါ်လာ ၁၄၉၉ ကျသင့်မှာ ဖြစ်ပါတယ်။ ၃၂ လက်မ မျက်နှာပြင်ကိုတော့ အမေရိကန်ဒေါ်လာ ၆၉၉ ကျသင့်မှာ ဖြစ်ပြီး ၂၇ လက်မ မျက်နှာပြင်အတွက်ကိုတော့ ၅၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။
Source :Mashable
Zawgyi Font : Gamer တွေအတွက် Samsung ရဲ့အလန်းစား Curved Display Monitor
Source :Mashable