Home Featured သင် သိထားရမယ့် ကျောက်စိမ်းအကြောင်း

သင် သိထားရမယ့် ကျောက်စိမ်းအကြောင်း

0

အားလုံးသိထားကြတာကတော့ ကျောက်စိမ်းဆိုတာ အစိမ်းရောင်အစင်းရှိတဲ့ ကျောက်ကို ကျောက်စိမ်းလို့သိထားကြပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းလို့ခေါ်တဲ့ ကျောက်မျက်မှာ အစိမ်းရောင်အပြင် တခြားသော အရောင်တွေလဲရှိပါသေးတယ်။ အာရှဒေသမှာဆိုရင် ကျောက်စိမ်းကို အထွဋ်အမြတ်ရတနာအနေနဲ့ အဓိက သုံးတဲ့ နိုင်ငံကို ပြပါဆိုရင် တရုတ်နိုင်ငံလို့ပြောရမှာပါ။ ရှေးဘုရင်လက်ထက်အဆက်ဆက်ထဲက အမိန့်အာဏာကို ကိုယ်စားပြုတဲ့ တံဆိပ်တုံးတွေကအစ ကျောက်စိမ်းနဲ့ပြုလုပ်တာ ဖြစ်ပြီး အစီအရင်လက်ဖွဲ့အနေနဲ့လည်း အသုံးပြုကြပါသေးတယ်။

jade

တရုတ်ရိုးရာရဲ့ အယူအဆအရ ကျောက်စိမ်းကို ဆောင်ထားရင် မကောင်းတဲ့ အတတ်ပညာနဲ့ပြုစားလို့မရဘူး၊ ယောက်ျားလေးတွေဆိုရင် မျက်နှာပွင့်လန်းတယ်၊ အခုခေတ် စကားပြောအရဆိုရင်တော့ စော်ကြည်တာပေါ့ဗျာ။ 😛 စာရေးသူဆို ကျောက်စိမ်းဆောင်လို့လားမသိဘူး စော်ကြည်လွန်းလို့ ခါချနေရတယ်။ ဒါက ကြားဖြတ်ကြေငြာတာ။ 😛

jade for men

နောက်တစ်ခုက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ မကောင်းတဲ့ ဓာတ်တွေ၊ အပူအအေးမမျှတမှုတွေကို ကျောက်စိမ်းကုထုံးနဲ့လည်း ကုသလို့ရပါသေးတယ်။ ကျောက်စိမ်းရဲ့ အသုံးပြုပုံတွေတော့သိပြီ၊ ဒါပေမယ့် ကျောက်စိမ်း အမျိုးအစားကို ခွဲခြားတတ်ဖို့လိုပါသေးတယ်။

ကျောက်စိမ်း(၂)မျိုး

ယေဘုယျအားဖြင့် ကျောက်စိမ်းလို့ခေါ်ဆိုနေကြတဲ့ ကျောက်မျက်မှာ ခပ်ဆင်ဆင် တူတဲ့ ဂျေဒိုက် ကျောက်စိမ်း နဲ့ နက်ဖရိုက် ကျောက်စိမ်းဆိုပြီး ၂ မျိုးရှိနေပြန်ပါတယ်။ အဲဒီကျောက်စိမ်း (၂)မျိုးလုံးက အသွင်ပြောင်း ကျောက်မျက်များရှိရာ ဝန်းကျင်မှာ ဖြစ်ပေါ်ကြသော်လည်း ခြားနားချက်များစွာရှိနေတာကို တွေ့ရပါတယ်။ အဲဒီ (၂)မျိုးထဲမှာ ဂျေဒိုက်ကျောက်စိမ်းက ပိုပြီးတော့ သာလွန်ကောင်းမွန်လှပြီး ရှားပါးပစ္စည်းတစ်ခုလဲဖြစ်ပါတယ်။

ဂျေဒိုက်နှင့်နက်ဖရိုက်တို့၏ခြားနားချက်များ

၁။ တွင်းထွက်အုပ်စု

တွင်းထွက်အုပ်စုချင်းမတူပဲ ဂျေးဒိုက်ကျောက်စိမ်းက ပိုင်ရော့ဆင်း တွင်းထွက်အုပ်စုမှာပါဝင်ပြီး နက်ဖရိုက်ကတော့ အမ်ဖီဗိုး တွင်းထွက်အုပ်စုဖြစ်ပါတယ်။

၂။ ဓာတ်ဖွဲ့စည်းမှု

ဂျေဒိုက် ကျောက်စိမ်းရဲ့ ဓာတ်ဖွဲ့စည်းမှုက ဆိုဒီယမ် နဲ့ အလူမီနီယမ် ပါဝင်တဲ့ ဆီလီကိတ် တွင်းထွက်ဖြစ်ပြီးတော့ အခြားသော ဒြပ်စင်တွေလဲ အနည်းငယ်ပါဝင်တတ်ပါတယ်။ နက်ဖရိုက်ကျောက်စိမ်းမှာကတော့ ကယ်လ်ဆီယမ်၊ မဂ္ဂနီစီယမ်၊ သံနဲ့ရေပါတဲ့ ဆီလီကိတ်တွင်းထွက်ဖြစ်ပြီး အခြားသော ဒြပ်စင်များလဲပါဝင်တတ်ပါတယ်။

၃။ မျက်နှာပြင်အသားဖွဲ့စည်းမှု

ဂျေဒိုက်ကျောက်စိမ်း ဟာလက်ယှက်ထိုးအနေအထားမှာရှိတဲ့ ပုံဆောင်ခဲလေးတွေနဲ့ ဖွဲ့စည်းထားဒါဖြစ်ပြီး မျက်နှာပြင်ကို အဏုကြည့်ကိရိယာနဲ့ကြည့်မယ်ဆိုရင် ကျောက်ပေါက်မာလိုမျိုး ချိုင့်ခွက်ကလေးတွေ အဖုအထစ်လေးတွေနဲ့ ပြည့်နေပါလိမ့်မယ်။

jade-geo

နက်ဖရိုက်ကျောက်စိမ်းကတော့ လက်ယှက်ထိုးအနေထားရှိတဲ့ အမျှင်ကလေးတွေနဲ့ ဖွဲ့စည်းထားပြီးအဏုကြည့်ကိရိယာနဲ့ကြည့်ရင် အမျှင်လိုက်အနေအထားကိုတွေ့ရပြီး အမဲရောင်တောက်နေတဲ့ အရောင်လက်လေးတွေကိုတွေ့ရမှာဖြစ်ပါတယ်။

၄။ မတူညီသောအရောင်

ဂျေဒိုက်ကျောက်စိမ်းမှာ ခရမ်း၊အနက်၊အညို၊အနီ၊လိမ္မာ်၊အဝါ၊အဖြူ၊နို့နှစ်ရောင်နဲ့ အစိမ်းရောင်အမျိုးမျိုးရှိပါတယ်။

နက်ဖရိုက်ကျောက်စိမ်းမှာကတော့ သစ်ရွက်စိမ်းရောင်အမျိုးမျိုး၊မီးခိုးရောင်နဲ့ အစိမ်းရောင်အမျိုးမျိုးရှိပါတယ်။

၅။ ကွဲလွဲသောမာခြင်းအဆင့်

မိုး၏မာဆင့်စကေးအရ ဂျေဒိုက်ကျောက်စိမ်းဟာ မာဆင့်(၇)ရှိပြီးတော့ နက်ဖရိုက်ကျောက်စိမ်းကတော့ မာဆင့်(၆ ၁/၂)ရှိပြီး ပြောင်းလဲမှုရှိဒါတွေ့ရပါတယ်။

၆။ ထွက်ရှိသောအရပ်ဒေသ

ဂျေဒိုက်ကျောက်စိမ်းကိုတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ ဖားကန့်ဒေသ ၊တောမှော်ဒေသတို့မှာ အကောင်းဆုံးနဲ့ အများဆုံးထွက်ရှိပါတယ်။

burmese jade

နက်ဖရိုက်ကျောက်စိမ်းကိုတော့ ပါကစ္စတန်အရှေ့ပိုင်း ခိုတန်ဒေသ၊ ဆိုက်ဗေးရီးယားမှ ဗိုင်ကယ်အိုင်၊ ပိုလန်နိုင်ငံက ဂျော်ဒန်မြူး ဒေသ၊တရုတ်ပြည်တောင်ပိုင်း၊ တိဗက်၊ မက္ကဆီကို၊ နယူးဇီလန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု တို့မှထွက်ရှိပါတယ်။

Zawgyi Font : သင္ သိထားရမယ့္ ေက်ာက္စိမ္းအေၾကာင္း

အားလံုးသိထားၾကတာကေတာ့ ေက်ာက္စိမ္းဆိုတာ အစိမ္းေရာင္အစင္းရွိတဲ့ ေက်ာက္ကို ေက်ာက္စိမ္းလို႔သိထားၾကပါတယ္။ ဒါေပမဲ့ ေက်ာက္စိမ္းလို႔ေခၚတဲ့ ေက်ာက္မ်က္မွာ အစိမ္းေရာင္အျပင္ တျခားေသာ အေရာင္ေတြလဲရွိပါေသးတယ္။ အာရွေဒသမွာဆိုရင္ ေက်ာက္စိမ္းကိူ အထြဋ္အျမတ္ရတနာအေနနဲ႕ အဓိက သံုးတဲ့ ႏုိင္ငံကို ျပပါဆိုရင္ တရုတ္ႏုိင္ငံလို႕ေျပာရမွာပါ။ ေရွးဘုရင္လက္ထက္အဆက္ဆက္ထဲက အမိန္႕အာဏာကို ကိုယ္စားျပဳတဲ့ တံဆိပ္တံုးေတြကအစ ေက်ာက္စိမ္းနဲ႕ျပဳလုပ္တာ ျဖစ္ျပီး အစီအရင္လက္ဖြဲ႕အေနနဲ႕လည္း အသံုးျပဳၾကပါေသးတယ္။

 jade-men

တရုတ္ရိုးရာရဲ႕ အယူအဆအရ ေက်ာက္စိမ္းကို ေဆာင္ထားရင္ မေကာင္းတဲ့ အတတ္ပညာနဲ႕ျပဳစားလို႕မရဘူး၊ ေယာက္်ားေလးေတြဆိုရင္ မ်က္ႏွာပြင့္လန္းတယ္၊ အခုေခတ္ စကားေျပာအရဆိုရင္ေတာ့ ေစာ္ၾကည္တာေပါ့ဗ်ာ။ 😛 စာေရးသူဆို ေက်ာက္စိမ္းေဆာင္လို႕လားမသိဘူး ေစာ္ၾကည္လြန္းလို႕ ခါခ်ေနရတယ္။ ဒါက ၾကားျဖတ္ေၾကျငာတာ။ 😛

ေနာက္တစ္ခုက ခႏၶာကိုယ္အတြင္းမွာရွိတဲ့ မေကာင္းတဲ့ ဓာတ္ေတြ၊ အပူအေအးမမွ်တမႈေတြကို ေက်ာက္စိမ္းကုထံုးနဲ႕လည္း ကုသလို႕ရပါေသးတယ္။ ေက်ာက္စိမ္းရဲ႕ အသံုးျပဳပံုေတြေတာ့သိျပီ၊ ဒါေပမယ့္ ေက်ာက္စိမ္း အမ်ိဳးအစားကုိ ခြဲျခားတတ္ဖို႕လိုပါေသးတယ္။

ေက်ာက္စိမ္း(၂)မ်ိဳး

ေယဘုယ်အားျဖင့္ ေက်ာက္စိမ္းလို႔ေခၚဆိုေနၾကတဲ့ ေက်ာက္မ်က္မွာ ခပ္ဆင္ဆင္ တူတဲ့ ေဂ်ဒိုက္ ေက်ာက္စိမ္း နဲ႔ နက္ဖရိုက္ ေက်ာက္စိမ္းဆိုျပီး ၂ မ်ိဳးရွိေနျပန္ပါတယ္။ အဲဒီေက်ာက္စိမ္း (၂)မ်ိဳးလံုးက အသြင္ေျပာင္း ေက်ာက္မ်က္မ်ားရွိရာ ၀န္းက်င္မွာ ျဖစ္ေပၚၾကေသာ္လည္း ျခားနားခ်က္မ်ားစြာရွိေနတာကို ေတြ႔ရပါတယ္။ အဲဒီ (၂)မ်ိဳးထဲမွာ ေဂ်ဒိုက္ေက်ာက္စိမ္းက ပိုျပီးေတာ့ သာလြန္ေကာင္းမြန္လွျပီး ရွားပါးပစၥည္းတစ္ခုလဲျဖစ္ပါတယ္။

ေဂ်ဒိုက္ႏွင့္နက္ဖရိုက္တို႔၏ျခားနားခ်က္မ်ား

၁။ တြင္းထြက္အုပ္စု

တြင္းထြက္အုပ္စုခ်င္းမတူပဲ ေဂ်းဒိုက္ေက်ာက္စိမ္းက ပိုင္ေရာ့ဆင္း တြင္းထြက္အုပ္စုမွာပါ၀င္ျပီး နက္ဖရိုက္ကေတာ့ အမ္ဖီဗိုး တြင္းထြက္အုပ္စုျဖစ္ပါတယ္။

၂။ ဓာတ္ဖြဲ႔စည္းမႈ

ေဂ်ဒိုက္ ေက်ာက္စိမ္းရဲ႕ ဓာတ္ဖြဲ႕စည္းမႈက ဆိုဒီယမ္ နဲ႔ အလူမီနီယမ္ ပါ၀င္တဲ့ ဆီလီကိတ္ တြင္းထြက္ျဖစ္ျပီးေတာ့ အျခားေသာ ျဒပ္စင္ေတြလဲ အနည္းငယ္ပါ၀င္တတ္ပါတယ္။ နက္ဖရိုက္ေက်ာက္စိမ္းမွာကေတာ့ ကယ္လ္ဆီယမ္၊ မဂၢနီစီယမ္၊ သံနဲ႔ေရပါတဲ့ ဆီလီကိတ္တြင္းထြက္ျဖစ္ျပီး အျခားေသာ ျဒပ္စင္မ်ားလဲပါ၀င္တတ္ပါတယ္။

၃။ မ်က္ႏွာျပင္အသားဖြဲ႕စည္းမႈ

ေဂ်ဒိုက္ေက်ာက္စိမ္း ဟာလက္ယွက္ထို္းအေနအထားမွာရွိတဲ့ ပံုေဆာင္ခဲေလးေတြနဲ႔ ဖြဲ႕စည္းထားဒါျဖစ္ျပီး မ်က္ႏွာျပင္ကို အဏုၾကည့္ကိရိယာနဲ႔ၾကည့္မယ္ဆိုရင္ ေက်ာက္ေပါက္မာလိ္ုမ်ိဳး ခ်ိဳင့္ခြက္ကေလးေတြ အဖုအထစ္ေလးေတြနဲ႔ ျပည့္ေနပါလိမ့္မယ္။

နက္ဖရိုက္ေက်ာက္စိမ္းကေတာ့ လက္ယွက္ထို္းအေနထားရွိတဲ့ အမွ်င္ကေလးေတြနဲ႔ ဖြဲ႕စည္းထားျပီးအဏုၾကည့္ကိရိယာနဲ႔ၾကည့္ရင္ အမွ်င္လိုက္အေနအထားကိုေတြ႕ရျပီး အမဲေရာင္ေတာက္ေနတဲ့ အေရာင္လက္ေလးေတြကိုေတြ႕ရမွာျဖစ္ပါတယ္။

၄။ မတူညီေသာအေရာင္

ေဂ်ဒိုက္ေက်ာက္စိမ္းမွာ ခရမ္း၊အနက္၊အညိဳ၊အနီ၊လိမၼာ္၊အ၀ါ၊အျဖဴ၊ႏို႕ႏွစ္ေရာင္နဲ႔ အစိမ္းေရာင္အမ်ိဳးမ်ိဳးရွိပါတယ္။

နက္ဖရိုက္ေက်ာက္စိမ္းမွာကေတာ့ သစ္ရြက္စိမ္းေရာင္အမ်ိဳးမ်ိဳး၊မီးခိုးေရာင္နဲ႔ အစိမ္းေရာင္အမ်ိဳးမ်ိဳးရွိပါတယ္။

၅။ ကြဲလြဲေသာမာျခင္းအဆင့္

မိုး၏မာဆင့္စေကးအရ ေဂ်ဒိုက္ေက်ာက္စိမ္းဟာ မာဆင့္(၇)ရွိျပီးေတာ့ နက္ဖရိုက္ေက်ာက္စိမ္းကေတာ့ မာဆင့္(၆ ၁/၂)ရွိျပီး ေျပာင္းလဲမႈရွိဒါေတြ႕ရပါတယ္။

၆။ ထြက္ရွိေသာအရပ္ေဒသ

ေဂ်ဒိုက္ေက်ာက္စိမ္းကိုေတာ့ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ရဲ႕ ကခ်င္ျပည္နယ္၊ ကာမိုင္းျမိဳ႕နယ္၊ ဖားကန္႔ေဒသ ၊ေတာေမွာ္ေဒသတို႔မွာ အေကာင္းဆံုးနဲ႕ အမ်ားဆံုးထြက္ရွိပါတယ္။

နက္ဖရိုက္ေက်ာက္စိမ္းကိုေတာ့ ပါကစၥတန္အေရွ႕ပိုင္း ခိုတန္ေဒသ၊ ဆိုက္ေဗးရီးယားမွ ဗိုင္ကယ္အိုင္၊ ပိုလန္ႏိုင္ငံက ေဂ်ာ္ဒန္ျမဴး ေဒသ၊တရုတ္ျပည္ေတာင္ပိုင္း၊ တိဗက္၊ မကၠဆီကို၊ နယူးဇီလန္ႏိုင္ငံနဲ႔ အေမရိကန္ျပည္ေထာင္စု တို႔မွထြက္ရွိပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: