Home News စစ်သင်္ဘောများကို ပစ်ချနိုင်သည့်ဒုံးကျည်အမျိုးအစား မြောက်ကိုးရီးယား စမ်းသပ်ပစ်လွှတ်

စစ်သင်္ဘောများကို ပစ်ချနိုင်သည့်ဒုံးကျည်အမျိုးအစား မြောက်ကိုးရီးယား စမ်းသပ်ပစ်လွှတ်

0

မြောက်ကိုးရီးယားဟာ မေလ အတွင်းမှာ ဒုံးကျည် ၃ မျိုးကို စမ်းသပ်ပြီးခဲ့ပြီး ယခု ဂျွန်လအတွင်းမှာလည်း စစ်သင်္ဘောတွေကို တိုက်ခိုက်နိုင်မယ့် Anti-Ship ဒုံးကျည်အမျိုးအစားကို စမ်းသပ်လိုက်ပြန်ပါပြီ။ ယနေ့ ဂျွန်လ ၈ ရက် ကြာသပတေးနေ့နံနက်အစောပိုင်းမှာ စမ်းသပ်ပစ်လွှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

မိုင်ပေါင်း ၁၂၅ မိုင်ခန့် ပျံသန်းနိုင်တဲ့ Anti-Ship ဒုံးကျည်အမျိုးအစားကို ပင်လယ်ပြင်အတွင်းသို့ စမ်းသပ်ပစ်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် ဒုံးကျည်စမ်းသပ်ခြင်း အောင်မြင်မှုရရှိခြင်း ဟုတ်မဟုတ်ကိုတော့ သတင်းမထုတ်ပြန်ထားပါဘူး။ သို့သော်လည်း စစ်လက်နက်ကျွမ်းကျင်သူများကတော့ မြောက်ကိုးရီးယားရဲ့ Anti-Ship ဒုံးကျည်ဟာ တစ်ကယ့်စစ်ပွဲမှာ သုံးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့မှတ်ချက်ပေးကြပြီး အချို့ကတော့ ဒုံးကျည်စမ်းသပ်မှု အောင်မြင်မယ်လို့ မထင်ကြောင်း မှတ်ချက်ပေးထားကြပါတယ်။

တစ်ချိန်ထဲမှာဘဲ မြောက်ကိုးရီးယားဟာ ဒံုံးကျည်တွေကို ဆက်တိုက်စမ်းသပ်ပြနေပြီး အမေရိကန်နဲ့ ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်ဖို့ အလျော့ပေးမည် မဟုတ်ကြောင်း အလုပ်နဲ့ သက်သေပြလျက်ရှိပါတယ်။

Zawgyi Font : စစ္သေဘၤာမ်ားကို ပစ္ခ်ႏုိင္သည့္ဒံုးက်ည္အမ်ိဳးအစား ေျမာက္ကိုးရီးယား စမ္းသပ္ပစ္လႊတ္

ေျမာက္ကိုးရီးယားဟာ ေမလ အတြင္းမွာ ဒံုးက်ည္ ၃ မ်ိဳးကို စမ္းသပ္ျပီးခဲ့ျပီး ယခု ဂြ်န္လအတြင္းမွာလည္း စစ္သေဘၤာေတြကို တိုက္ခိုက္ႏုိင္မယ့္ Anti-Ship ဒံုးက်ည္အမ်ိဳးအစားကို စမ္းသပ္လိုက္ျပန္ပါျပီ။ ယေန႕ ဂြ်န္လ ၈ ရက္ ၾကာသပေတးေန႕နံနက္အေစာပိုင္းမွာ စမ္းသပ္ပစ္လႊတ္လိုက္တာ ျဖစ္တယ္လို႕ သိရပါတယ္။

မိုင္ေပါင္း ၁၂၅ မိုင္ခန္႕ ပ်ံသန္းႏုိင္တဲ့ Anti-Ship ဒံုးက်ည္အမ်ိဳးအစားကို ပင္လယ္ျပင္အတြင္းသို႕ စမ္းသပ္ပစ္လႊတ္လုိက္ပါတယ္။ ဒါေပမယ့္ ဒံုးက်ည္စမ္းသပ္ျခင္း ေအာင္ျမင္မႈရရွိျခင္း ဟုတ္မဟုတ္ကိုေတာ့ သတင္းမထုတ္ျပန္ထားပါဘူး။ သို႕ေသာ္လည္း စစ္လက္နက္ကြ်မ္းက်င္သူမ်ားကေတာ့ ေျမာက္ကိုးရီးယားရဲ႕ Anti-Ship ဒံုးက်ည္ဟာ တစ္ကယ့္စစ္ပြဲမွာ သံုးဖို႕ အဆင္သင့္မျဖစ္ေသးဘူးလို႕မွတ္ခ်က္ေပးၾကျပီး အခ်ိဳ႕ကေတာ့ ဒံုးက်ည္စမ္းသပ္မႈ ေအာင္ျမင္မယ္လို႕ မထင္ေၾကာင္း မွတ္ခ်က္ေပးထားၾကပါတယ္။

တစ္ခ်ိန္ထဲမွာဘဲ ေျမာက္ကိုးရီးယားဟာ ဒံံုးက်ည္ေတြကို ဆက္တိုက္စမ္းသပ္ျပေနျပီး အေမရိကန္နဲ႕ ထိပ္တိုက္ရင္ဆိုင္မႈ ျပဳလုပ္ဖို႕ အေလ်ာ့ေပးမည္ မဟုတ္ေၾကာင္း အလုပ္နဲ႕ သက္ေသျပလ်က္ရွိပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: