Home News စာမေးပွဲဖြေဆိုမည်ဖြစ်၍ အီသီယိုးပီးယားနိုင်ငံတွင် အင်တာနက်ဖြတ်တောက်

စာမေးပွဲဖြေဆိုမည်ဖြစ်၍ အီသီယိုးပီးယားနိုင်ငံတွင် အင်တာနက်ဖြတ်တောက်

0

စာမေးပွဲဖြေဖို့ တစ်နိုင်ငံလုံးကို အင်တာနက်ဖြတ်တောက်လိုက်တဲ့ နိုင်ငံကတော့ ကမ္ဘာပေါ်မှာ အီသီယိုးပီးယားနိုင်ငံတစ်နိုင်ငံဘဲ ရှိမယ်လို့ ထင်ပါတယ်။ အီသီယိုးပီးယား အစိုးရတော့ စာမေးပွဲဖြေဆိုတဲ့အခါ ကျောင်းသားတွေ Facebook နဲ့ အခြား လူမှုကွန်ရက် App တွေ သုံးရင် စာမလုပ်ဖြစ်မှာစိုးလို့ အင်တာနက်ဖြတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အင်တာနက်နဲ့ ချိတ်ဆက်အလုပ်လုပ်ရတဲ့ လုပ်ငန်းရှင်အတေ်ာများများနဲ့ အစိုးရဌာနတွေအားလုံးလဲ အခက်အခဲ တွေ့ခဲ့ပြီး ဂျွန်လ ၉ ရက်နေ့မှ အင်တာနက်လိုင်း ပြန်ဖွင့်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ အီသီယိုးပီးယား အစိုးရဟာ အင်တာနက်ဖြတ်တောက်တာ ဒီတစ်ကြိမ်တင်ဘဲမဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်တုန်းကလည်း အစိုးရကို ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာကြောင့် တစ်နိုင်ငံလုံးကို အင်တာနက်လိုုင်း ပိတ်ချခဲ့ပြီး အစိုးရကို ဆန့်ကျင်ပြီးရေးခဲ့တဲ့ blogger တွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ဒီတစ်ခေါက်ကတော့ ကျောင်းသားတွေ စာမကျက်မှာစိုးလို့ တစ်ပတ်ကြိုတင်ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ အီသီယိုးပီးယား အစိုးရ ရဲ့ အမြင်မှာတော့ အင်တာနက်နည်းပညာဟာ သူ့နိုင်ငံမှာ အပိုဖြစ်နေပြီး အစိုးရရဲ့ လုပ်ငန်းဆောင်ရွက်ချက်အတော်များများဟာ စာရွက်စာတမ်းအနေဖြင့်သာ တည်ရှိနေဆဲ အဆင့်ဖြစ်ပါတယ်။

Zawgyi Font : စာေမးပြဲေျဖဆိုမည္ျဖစ္၍ အီသီယိုးပီးယားႏိုင္ငံတြင္ အင္တာနက္ျဖတ္ေတာက္

စာေမးပြဲေျဖဖို႕ တစ္ႏုိင္ငံလံုးကို အင္တာနက္ျဖတ္ေတာက္လိုက္တဲ့ ႏုိင္ငံကေတာ့ ကမၻာေပၚမွာ အီသီယိုးပီးယားႏုိင္ငံတစ္ႏုိင္ငံဘဲ ရွိမယ္လို႕ ထင္ပါတယ္။ အီသီယိုးပီးယား အစိုးရေတာ့ စာေမးပြဲေျဖဆိုတဲ့အခါ ေက်ာင္းသားေတြ Facebook နဲ႕ အျခား လူမႈကြန္ရက္ App ေတြ သံုးရင္ စာမလုပ္ျဖစ္မွာစိုးလို႕ အင္တာနက္ျဖတ္လိုက္တာ ျဖစ္တယ္လို႕ ဆိုပါတယ္။

ဒါေၾကာင့္ အင္တာနက္နဲ႕ ခ်ိတ္ဆက္အလုပ္လုပ္ရတဲ့ လုပ္ငန္းရွင္အေတ္ာမ်ားမ်ားနဲ႕ အစိုးရဌာနေတြအားလံုးလဲ အခက္အခဲ ေတြ႕ခဲ့ျပီး ဂြ်န္လ ၉ ရက္ေန႕မွ အင္တာနက္လိုင္း ျပန္ဖြင့္ေပးမယ္လို႕ ထုတ္ျပန္ထားပါတယ္။ အီသီယိုးပီးယား အစိုးရဟာ အင္တာနက္ျဖတ္ေတာက္တာ ဒီတစ္ၾကိမ္တင္ဘဲမဟုတ္ပါဘူး။ ၂၀၁၆ ခုႏွစ္တုန္းကလည္း အစိုးရကို ဆႏၵျပမႈေတြ ျဖစ္ပြားခဲ့တာေၾကာင့္ တစ္ႏိုင္ငံလံုးကို အင္တာနက္လိုုင္း ပိတ္ခ်ခဲ့ျပီး အစိုးရကို ဆန္႕က်င္ျပီးေရးခဲ့တဲ့ blogger ေတြကိုလည္း ဖမ္းဆီးခဲ့ပါတယ္။

ဒီတစ္ေခါက္ကေတာ့ ေက်ာင္းသားေတြ စာမက်က္မွာစိုးလို႕ တစ္ပတ္ၾကိဳတင္ျဖတ္ေတာက္ခဲ့တာ ျဖစ္ပါတယ္။ အီသီယိုးပီးယား အစိုးရ ရဲ႕ အျမင္မွာေတာ့ အင္တာနက္နည္းပညာဟာ သူ႕ႏုိင္ငံမွာ အပိုျဖစ္ေနျပီး အစိုးရရဲ႕ လုပ္ငန္းေဆာင္ရြက္ခ်က္အေတာ္မ်ားမ်ားဟာ စာရြက္စာတမ္းအေနျဖင့္သာ တည္ရွိေနဆဲ အဆင့္ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: