Home News မြိတ်မှ ရန်ကုန်သို့ ပျံသန်းလာသော တပ်မတော်လေယာဉ်တစ်စီး ပျောက်ဆုံး

မြိတ်မှ ရန်ကုန်သို့ ပျံသန်းလာသော တပ်မတော်လေယာဉ်တစ်စီး ပျောက်ဆုံး

0

ဇွန်လ ၇ ရက်နေ့၌ ရန်ကုန်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း သက်သာချောင်ချိရေးပစ္စည်းနှင့် ခရီးသည်များ ပို့ဆောင်သော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် တစ်စီးသည် မြိတ်သို့ နေ့လယ် ၁၁ နာရီ ၅၅ မိနစ်တွင်ရောက်ရှိခဲ့ပြီး မြိတ်မှ ရန်ကုန်သို့ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် အမြင့်ပေ ၁၈၀၀၀ ခန့်မှ ပြန်လည်ထွက်ခွာပျံသန်းလာစဉ် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ချိန် ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်အရောက်တွင် ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက်ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။

မြိတ်လေတပ်စခန်းဌာနချုပ်မှ စစ်သည်/မိသားစု ၉၀ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးပါဝင်ကြောင်း သိရှိရပြီး နောက်ဆုံးအဆက်အသွယ်ရရှိသည့် နေရာတစ်ဝိုက်သို့ တပ်မတော်(ရေ)မှ စစ်သင်္ဘော ၄ စီးနှင့် တပ်မတော်(လေ)မှ လေယာဉ် ၂ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအားဆောင်ဆောင်ရွက်ဆဲဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စာမျက်နှာမှာ ထုတ်ပြန်ကြေငြာထားပါတယ်။

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စာမျက်နှာ

Zawgyi Font : မြိတ်မှ ရန်ကုန်သို့ ပျံသန်းလာသော တပ်မတော်လေယာဉ်တစ်စီး ပျောက်ဆုံး




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: