Home News ဖိလစ်ပိုင်က ကာတာသို့ အလုပ်သမားပို့တာ ရပ်လိုက်ပြီ

ဖိလစ်ပိုင်က ကာတာသို့ အလုပ်သမားပို့တာ ရပ်လိုက်ပြီ

0

အာရပ်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီနဲ့ ယူအေအီးတို့က အစ္စလာမ်မစ် အကြမ်းဖက်သမားတွေကို အထောက်အကူပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကာတာကို  သံတမန် အဆက်အသွယ်ဖြတ်တောက်ကာ ကုန်းလမ်း ရေလမ်းနဲ့ လေကြောင်တွေ အားလုံးကိုပိတ်လိုက်ပြီဖြစ်ပါတယ်။ ကာတာကတော့ ဒီစွပ်စွဲချက်တွေဟာ မျှတမှုမရှိဘူး၊ အခြေအမြစ်မရှိဘူးလို့ဆိုပါတယ်။

ကာတာဟာ လူဦးရေ ၂.၂ သန်းကျော်သာရှိပြီး အများစုကလည်း နိုင်ငံခြားသားတွေဖြစ်ပါတယ်။ ဂက်စ်နဲ့ချမ်းသာကြွယ်ဝတဲ့ ကာတာမှာ စီးပွားရေးလုပ်ငန်းအများစုကို လည်ပတ်နေတာက နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေပါဝင်ပြီး ၂၀၂၂ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား အားကစားပြိုင်ပွဲရုံကြီးကိုတောင် နိုင်ငံခြားသားအင်ဂျင်နီယာတွေနဲ့ဆောက်လုပ်နေတာဖြစ်ပါတယ်။

လောလောဆယ် ISIS အကြမ်းဖက်သမားတွေကို ချေမှုန်းနေရတဲ့ ဖိလစ်ပိုင်အစိုးရကတော့ ကာတာမှာ လက်ရှိ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်လူမျိုး ၁၄၀၀၀၀ ရှိပြီး ဒီပိတ်ဆို့မှုတွေကြောင့် သူတို့အတွက် အစားအစာ မလုံလောက်မှုတွေ ကြုံတွေ့ရမယ်လို့ဆိုပါတယ်။ ဖိလစ်ပိုင် အလုပ်သမားဝန်ကြီးဌာန အကြီးအကဲဖြစ်သူ Silvestre Bello က ကာတာဟာ သူ့နိုင်ငံမှာ အစားအစာတွေကို ထုတ်လုပ်တာမဟုတ်ဘူး။ တစ်ခုခုဖြစ်လာမယ်ဆိုရင် အရင်ဆုံးခံရမယ့် သူတွေက နိုင်ငံခြားအလုပ်သမားတွေပဲလို့ဆိုပါတယ်။ဒါကြောင့် နောက်ထပ်အသစ်ငှားရမ်းထားတဲ့ အလုပ်သမားတွေနဲ့ ကာတာကို ပြန်သွားမယ့် အလုပ်သမားတွေကို နောက်ဆုတ်လိုက်ပါတယ်။ သွားဖို့အဆင်သင့် ဖြစ်နေတဲ့ သူတွေကိုတောင် အလုပ်သမားတွေကို ကာကွယ်တဲ့အနေနဲ့ အလုပ်သမားဌာနက ကာတာရဲ့ အခြေအနေကို အရင်ဦးဆုံးလေ့လာပြီးမှ စေလွှတ်မယ်လို့ဆိုပါတယ်။

အိန္ဒိယ အစိုးရကတော့ အေးအေးဆေးဆေးပါပဲ။ သူ့အလုပ်သမားတွေ ကာတာမှာ ၆၅၀၀၀၀ ရှိပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က ဒီအခြေအနေအတွက် အိန္ဒိယအနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ တနင်္လာနေ့က ပြောလိုက်ပါတယ်။ တကယ်လို့ စိုးရိမ်စရာဖြစ်လာလို့ အလုပ်ရပ်နားရမယ်ဆိုရင်လည်း သူတို့ကိုပြန်ခေါ်ဖို့ သယ်ယူပို့ဆောင်ရေး သတ်သတ်မှတ်ရှိတယ်လို့ သူကဆိုပါတယ်။

နီပေါအလုပ်သမားတွေလည်း ပင်လယ်ကွေ့ဒေသမှာ ၄၀၀၀၀၀ ရှိပါတယ်။ နီပေါနိုင်ငံမြို့တော် Kathmandu က ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာကျွမ်းကျင်သူ Garesh Gurung ကတော့ ဆော်ဒီနဲ့ ကာတာနယ်စပ်ကို ပိတ်လိုက်တာကြောင့် လောလောဆယ် ထရပ်ကားမောင်းတဲ့ နီပေါအလုပ်သမားတစ်ချို့ အလုပ်နားလိုက်ရတယ်လို့ဆိုပါတယ်။ ဒီအလုပ်သမားတွေဟာ  နီပေါအတွက် နိုင်ငံခြားငွေရှာပေးသူတွေဖြစ်လို့ နီပေါအစိုးရကို တိုက်ရိုက်ထိခိုက်တယ်လို့သူကဆိုပါတယ်။

အီဂျစ်ကတော့ သံတမန်အဆက်အသွယ်ဖြတ်လိုက်ပြီဖြစ်ပေမယ့် ဆော်ဒီနဲ့ ယူအေအီးလိုတော့ သူ့အလုပ်သမားတွေကိုတော့ ပြန်မခေါ်သေးပါဘူး။ ဒါပေမယ့်သံတမန်အဆက်အသွယ်ဖြတ်လိုက်တာကြောင့် ကာတာမှာရှိတဲ့ အီဂျစ်တွေကိုတော့ စိတ်ရှုပ်စရာတွေဖြစ်ကုန်ပါတယ်။ အီဂျစ်TV တစ်ခုနဲ့ တွေ့ဆုံခန်းတစ်ခုမှာတော့ အီဂျစ်လူဝင်မှုဌာနဝန်ကြီးက ဆုံးဖြတ်ချက်တစ်ခုခုချပြီးရင်တော့ သူတို့ကို ပြန်ခေါ်ဖို့စီစဉ်နေပါတယ်လို့ ပြောသွားခဲ့ပါတယ်။ အခုက အကူးအပြောင်းကာလတစ်ခုဖြစ်တဲ့အတွက် သံရုံးအနေနဲ့ စောင့်ရှောက်မှုတွေလုပ်ပြီး ကောင်စစ်လာ အနေနဲဝန်ဆောင်မှုတွေ့ဆက်ပေးနေမယ်လို့ ပြောသွားခဲ့ပါတယ်။ ကာတာမှာ အီဂျစ် လူမျိုး ၇၀၀၀၀ ကျော်နေထိုင်လျက်ရှိပါတယ်။

Source: CNN News (6.6.17)

Zawgyi Font : ဖိလစ္ပိုင္က ကာတာသို႕ အလုပ္သမားပို႔တာ ရပ္လိုက္ျပီ

အာရပ္ႏိုင္ငံေတြျဖစ္တဲ႔ ေဆာ္ဒီနဲ႔ ယူေအအီးတို႕က အစၥလာမ္မစ္ အၾကမ္းဖက္သမားေတြကို အေထာက္အကူေပးေနတယ္ဆိုတဲ႔ အေၾကာင္းျပခ်က္နဲ႔ ကာတာကို  သံတမန္ အဆက္အသြယ္ျဖတ္ေတာက္ကာ ကုန္းလမ္း ေရလမ္းနဲ႔ ေလေၾကာင္ေတြ အားလံုးကိုပိတ္လိုက္ျပီျဖစ္ပါတယ္။ ကာတာကေတာ႔ ဒီစြပ္စြဲခ်က္ေတြဟာ မွ်တမွဳမရွိဘူး၊ အေျခအျမစ္မရွိဘူးလို႔ဆိုပါတယ္။

ကာတာဟာ လူဦးေရ ၂.၂ သန္းေက်ာ္သာရွိျပီး အမ်ားစုကလည္း ႏိုင္ငံျခားသားေတြျဖစ္ပါတယ္။ ဂက္စ္နဲ႔ခ်မ္းသာၾကြယ္၀တဲ႔ ကာတာမွာ စီးပြားေရးလုပ္ငန္းအမ်ားစုကို လည္ပတ္ေနတာက ႏိုင္ငံျခားသားေရႊ႕ေျပာင္း အလုပ္သမားေတြ ျဖစ္ပါတယ္။ အဲဒီထဲမွာ ဆရာ၀န္ေတြ၊ အင္ဂ်င္နီယာေတြပါ၀င္ျပီး ၂၀၂၂ခုႏွစ္မွာ က်င္းပမယ္႔ ကမၻာ့ဖလား အားကစားျပိဳင္ပြဲရံုၾကီးကိုေတာင္ ႏိုင္ငံျခားသားအင္ဂ်င္နီယာေတြနဲ႔ေဆာက္လုပ္ေနတာျဖစ္ပါတယ္။

ေလာေလာဆယ္ ISIS အၾကမ္းဖက္သမားေတြကို ေခ်မွဳန္းေနရတဲ႔ ဖိလစ္ပိုင္အစိုးရကေတာ့ ကာတာမွာ လက္ရွိ အလုပ္လုပ္ေနတဲ႔ ဖိလစ္ပိုင္လူမ်ိဳး ၁၄၀၀၀၀ ရွိျပီး ဒီပိတ္ဆို႕မႈေတြေၾကာင္႔ သူတို႔အတြက္ အစားအစာ မလံုေလာက္မႈေတြ ၾကံဳေတြ႔ရမယ္လို႔ဆိုပါတယ္။ ဖိလစ္ပိုင္ အလုပ္သမား၀န္ၾကီးဌာန အၾကီးအကဲျဖစ္သူ Silvestre Bello က ကာတာဟာ သူ႔ႏိုင္ငံမွာ အစားအစာေတြကို ထုတ္လုပ္တာမဟုတ္ဘူး။ တစ္ခုခုျဖစ္လာမယ္ဆိုရင္ အရင္ဆံုးခံရမယ့္ သူေတြက ႏိုင္ငံျခားအလုပ္သမားေတြပဲလို႔ဆိုပါတယ္။ဒါေၾကာင္႔ ေနာက္ထပ္အသစ္ငွားရမ္းထားတဲ့ အလုပ္သမားေတြနဲ႔ ကာတာကို ျပန္သြားမယ္႔ အလုပ္သမားေတြကို ေနာက္ဆုတ္လိုက္ပါတယ္။ သြားဖို႔အဆင္သင့္ ျဖစ္ေနတဲ့ သူေတြကိုေတာင္ အလုပ္သမားေတြကို ကာကြယ္တဲ႔အေနနဲ႔ အလုပ္သမားဌာနက ကာတာရဲ႔ အေျခအေနကို အရင္ဦးဆံုးေလ႔လာျပီးမွ ေစလႊတ္မယ္လို႔ဆိုပါတယ္။

အိႏၵိယ အစိုးရကေတာ႔ ေအးေအးေဆးေဆးပါပဲ။ သူ႔အလုပ္သမားေတြ ကာတာမွာ ၆၅၀၀၀၀ ရွိပါတယ္။ အိႏိၵယ ႏိုင္ငံျခားေရး၀န္ၾကီး Sushma Swaraj က ဒီအေျခအေနအတြက္ အိႏၵိယအေနနဲ႔ စိုးရိမ္စရာမရွိဘူးလို႔ တနလၤာေန႕က ေျပာလိုက္ပါတယ္။ တကယ္လို႔ စိုးရိမ္စရာျဖစ္လာလို႔ အလုပ္ရပ္နားရမယ္ဆိုရင္လည္း သူတို႔ကိုျပန္ေခၚဖို႔ သယ္ယူပို႔ေဆာင္ေရး သတ္သတ္မွတ္ရွိတယ္လို႔ သူကဆိုပါတယ္။

နီေပါအလုပ္သမားေတြလည္း ပင္လယ္ေကြ႔ေဒသမွာ ၄၀၀၀၀၀ ရွိပါတယ္။ နီေပါႏိုင္ငံျမို႕ေတာ္ Kathmandu က ေရႊ႔ေျပာင္းအလုပ္သမားဆိုင္ရာကၽြမ္းက်င္သူ Garesh Gurung ကေတာ့ ေဆာ္ဒီနဲ႔ ကာတာနယ္စပ္ကို ပိတ္လိုက္တာေၾကာင့္ ေလာေလာဆယ္ ထရပ္ကားေမာင္းတဲ႔ နီေပါအလုပ္သမားတစ္ခ်ဳိ႕ အလုပ္နားလိုက္ရတယ္လို႔ဆိုပါတယ္။ ဒီအလုပ္သမားေတြဟာ  နီေပါအတြက္ ႏိုင္ငံျခားေငြရွာေပးသူေတြျဖစ္လို႔ နီေပါအစိုးရကို တိုက္ရိုက္ထိခိုက္တယ္လို႔သူကဆိုပါတယ္။

အီဂ်စ္ကေတာ႔ သံတမန္အဆက္အသြယ္ျဖတ္လိုက္ျပီျဖစ္ေပမယ္႔ ေဆာ္ဒီနဲ႔ ယူေအအီးလိုေတာ႔ သူ႕အလုပ္သမားေတြကိုေတာ႔ ျပန္မေခၚေသးပါဘူး။ ဒါေပမယ္႕သံတမန္အဆက္အသြယ္ျဖတ္လိုက္တာေၾကာင္႔ ကာတာမွာရွိတဲ႔ အီဂ်စ္ေတြကိုေတာ႔ စိတ္ရႈပ္စရာေတြျဖစ္ကုန္ပါတယ္။ အီဂ်စ္TV တစ္ခုနဲ႕ ေတြ႕ဆံုခန္းတစ္ခုမွာေတာ႔ အီဂ်စ္လူ၀င္မႈဌာန၀န္ၾကီးက ဆံုးျဖတ္ခ်က္တစ္ခုခုခ်ျပီးရင္ေတာ႔ သူတို႔ကို ျပန္ေခၚဖို႔စီစဥ္ေနပါတယ္လို႔ ေျပာသြားခဲ႔ပါတယ္။ အခုက အကူးအေျပာင္းကာလတစ္ခုျဖစ္တဲ႔အတြက္ သံရံုးအေနနဲ႔ ေစာင့္ေရွာက္မွဳေတြလုပ္ျပီး ေကာင္စစ္လာ အေနနဲ၀န္ေဆာင္မွဳေတြ႔ဆက္ေပးေနမယ္လို႔ ေျပာသြားခဲ႔ပါတယ္။ ကာတာမွာ အီဂ်စ္ လူမ်ိဳး ၇၀၀၀၀ ေက်ာ္ေနထိုင္လ်က္ရွိပါတယ္။

Source: CNN News (6.6.17)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: