Home Tech Selfie လှလှ ရိုက်ဖို့ ဘယ် App သုံးရင် ကောင်းမလဲ
Selfie လှလှ ရိုက်ဖို့ ဘယ် App သုံးရင် ကောင်းမလဲ
0
Selfie ရိုက်ကြရင် လှပတဲ့ ပုံလေးတွေဖြစ်ချင်တာ လူတိုင်းရဲ့ ပြင်းပြတ့ စိတ်ဆန္ဒတခုပါ။ အဲ့လိုလှပတဲ့ ဓာတ်ပုံလေးတွေရဖို့ အတွက်လဲ ကောင်းမွန်တဲ့ selfie appလေးတွေက ဖုန်းတိုင်းရဲ့မပါမဖြစ် မရှိမဖြစ်တ့ ဲappလေးတွေ ဖြစ်လာပါတော့တယ်။ သူတို့လေးတွေက တနည်းအားဖြင့် ကိုယ့်ဖုန်းထဲက မိတ်ကပ်ပညာရှင်လေးဆိုလဲ မမှားပါဘူး။ အချိန်လဲ အများပြား မသုံးရဘဲ လိုရင်လိုသလို စိတ်တိုင်းကျ ဖြစ်စေမယ့် အရာလေးတခုဆိုလဲ မမှားပါဘူး။ ရှိပီသားရုပ်ခံကို သူတို့လေးတွေနဲ့ လုပ်ကြံလိုက်ရင် တဖက်သား ပိုမိုစွဲဆောင်နိုင်တဲ့ မော်ဒယ်တျောက်အလား ဖြစ်သွားပါလိမ့်မယ်။
Selfie appတိုင်း သုံးကောင်းလား မေးစရာ ရှိလာပါပြီ။ app တိုင်းသုံးလို့ စိတ်တိုင်းမကျနိုင် ပါဘူး။ လူအများသိနိုင်တဲ့selfie appတွေ ဥပမာ B612, Camera 360, Retrica လိုမျိုး appတွေကိုတော့ အသုံးများတာ တွေ့ရမှာပါ။ အကယ်၍ down ချင်တယ်ဆိုရင်လဲ ranked များတဲ့ appလေးတွေကိုစိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်ပါတယ်။ အသုံးပြုရတာလဲ အရမ်း လွယ်ကူသလို အချိန်လဲ ကုန်သက်သာ လူလဲ မပင်ပန်းပဲ selfieပုံ လှလှလေးတွေကို စက္ကန့်ပိုင်းတွင်း မြောက်မြားစွား ပြုလုပ်ပေးနိုင်မှာ အမှန်ပါ။ Effectတွေကိုလဲ လိုသလိုသုံးနိုင်သလို custom modeပါ ထည့်သွင်းထားသောကြောင့် brightness, timer, mirror mode, tones, colors တွေကိုလဲ စိတ်တိုင်းကျ သဘောခွီစေမှာပါ။ ကိုယ့်ဘဝရဲ့ recordပဲ ပြောပြော memoryလို့ပဲပြောပြော ကောင်းမွန်သေချာတဲ့ selfie appလေးတွေကို အသုံးပြုပီတော့ လှပတဲ့ selfie photo များဖန်းတီးကားလှပတဲ့ နေ့ရက်များကို ဖြတ်သန်းလိုက်ကြပါစို့။
Camera 360
Camera360 ကို သိပီသားရင်းနှီးပီးသား appဆိုပေမယ့် အနည်းငယ် အသေးစိတ် ပြန်ပီ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ selfie photoရိုက်ရတာကို ကြိုက်နှစ်သက်တဲ့ သူတိုင်းရဲ့ ဖုန်းထဲမှာ အမြဲလိုလို မြင်တွေ့ရတတ်တဲ့ appလေးတခုပါပဲ။ အရမ်းလဲ အသုံးပြုရလဲလွယ်သလို ရိုးရှင်းသော appလေး တခုဆိုလဲ မမှားပါဘူး။ Appလေးကို စတင်အသုံးပြုပီဆိုပါက camera, selfie, album, poster camera ဆိုပီ feature လေးတွေကို မြင်တွေ့ရမှာပါ။ Cameraကတော့ ရိုက်ချင်တဲ့ အရာလေးတွေကို ပိုမိုလှပ အောင် အလိုရှိရာ effect များနဲ့ ရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။ Selfieဆိုတဲ့ အတိုင်းပဲ selfieဆွဲတဲ့ သူတွေတွက် effectတွေကို ကိုယ်ကိုတိုင် အရမ်းကြီးချိန်ညှိနေစရာ မလိုပဲ beautyဆိုတဲ့ function လေးက auto adjust လုပ်ပေးမှာပဲ ဖြစ်ပါတယ်။
camera360
Album ကျတော့ မိမိ ဖုန်းရဲ့  gallery ထဲမှာ ရှိနေတဲ့ ဓာတ်ပုံလေး များကို လှပစေသော effectများ သုံး၍ ဖန်တီးနိုင်မှာပဲ ဖြစ်မှာပါ။ Posted cameraအတွက် ရိုက်ကူးကျသူများကတော့ လှပ ဆန်းပြား နောက်ခံ background, flame လေးများနဲ့ အတူ ထူးထူးခြားခြား ပုံလေးများကို စိတ်ကူးအရ ပြုလုပ်နိုင်တော့မှာပါ။ Camera360ကို offlineနဲ့တင် မဟုတ်သေးပါဘူး။ onlineနဲ့ပါ တွဲ၍ အသုံးလို့ရပါသေးတယ်။ အကောင့်နဲ့ member ဝင်ပီ အသုံးပြုနိုင်ပါသေးတယ်။ ထိုသို့ အသုံးပြုသူများကိုလဲ gift များ ပိုမိုလှပသော effectများ rankများကိုလဲ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး timerဖြင့်ရိုက်နိူင်ခြင်း ၊မိမိ စိတ်ကြိုက် effectများကို တိုးနိုင်လျော့နိုင်ခြင်း၊ blurများထည့်သွင်း အသုံးပြုနိုင်ခြင်း၊ photo flame sizeကို လိုချင်သလို ပြောင်းလဲနိုင်ခြင်း၊ touch modeဖြင့်    photo ရိုက်နိုင်ခြင်း စသည့် ဆန်းပြား သော လုပ်ဆောင်ချက်များကို တွေ့ရမှာ ဖြစ်ပါတယ်။ သင်သာ selfie photoများကို ရိုက်ကူးရတာ နှစ်သက်သူ ဆိုရင်တော့ 360 appလေးကို အမြန်ဆုံး installလုပ်ပီ အသုံးပြုမို့ မမေ့လိုက်ပါနဲ့ လို အကြံပေးချင်ပါတယ်။
B612
‌B612ဆိုတာကတော့ ခေတ်ကာလ သားသမီးတွေ ကြားမှာ modelကျနေတဲ့ appလေး တခုဆိုရင် မမှားနိုင်ပါဘူး။ အသုံးပြုလို့ ကောင်းတဲ့ selfie appတွေထဲမှာ B612 appလေးကလဲ ထိပ်ဆုံးမှာ ရပ်တည်နေပါတော့တယ်။ ထိုappမှာလဲ အသုံးပြုတဲ့ userတွေအနေနဲ့ အဆင်ပြေ စိတ်တိုင်းကျစေဖို့ functionများ feature အမြောက်အမြားကိုလဲ မြင်တွေ့ အသုံးလို့ရမှာပါ။ B612ကို အသုံးပြုမယ်ဆိုလျှင်ဖြင့် လှပသော selfie ပုံတွေအပြင် ၁၅စက္ကန့်စာ video recordတွေကိုလဲ ပြုလုပ်နိုင်မှာပါ ဖြစ်ပါတယ်။ Onlineနဲ့ အသုံး ပြုချင်သူများ အနေဖြင့်လဲ app ကို facebook, line စတဲ့ social netowrk app များဖြင့်လဲ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Video record များကို ပြုလုပ်ရာတွင်လဲ ဆန်းပြားတဲ့ funny stickerများကို actionများနဲ့ တကွ ထပ်တူကျစွာ ပြုလုပ်ဖန်တီးနိုင်နေပီဖြစ်ပါတယ်။ Facebook မှာကို profile photoကို action ဖြင့် လိုချင် တဲ့သူများတွက်တော့ သတင်းကောင်း တခုဆိုလဲ မမှားနိုင်ပါဘူး။ အခြားသော လွယ်ကူသက်သာတတဲ့ လုပ်ဆောင်ချက်များနဲ့ အတူ လှပဆန်းပြားတဲ့ selfie photoများ video recordများ ပြုလုပ်၍ နေ့ရက်တိုင်းမှာ လန်းနိုင်ကြပါစေ။
b612
Retrica
Retricaဆိုတဲ့ appလေးကတော့ လူအများ သိပ်မသိကြသေးတဲ့ ရွက်ပုန်းသီး appလေးတခုလို့ပဲ ပြောပါရစေ။ ရွက်ပုန်းသီး App လို့ပြောရတာကတော့ မြန်မာပြည်မှာ သိပ်သုံးတာ မတွေ့လို့ပါ။ ဒါပေမယ့် နိုင်ငံခြားမှာကတော့ Retrica App ကို အသုံးများပါတယ်။ Google Play Store ကနေ Editor Pick အနေနဲ့ feature လုပ်ခြင်းခံရတဲ့ နာမည်ကြီး App တစ်ခု ဖြစ်ပါတယ်။
retrica
Retrica ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ selfie makingပြုလုပ်နိုင်တဲ့ အပြင် collectionပါ လုပ်ဆောင်နိုင်ခြင်းက သူ့ရဲ့ အားသာချက်ထဲက တခုအပါဝင် ဖြစ်ပါတယ်။ ဓာတ်ပုံများကိူ စုစည်းရာတွင် အနည်းဆုံး နှစ်ပုံမှ ခြောက်ပုံ အထိ ဘောင် တခုအတွင်း ထည့်သွင်း နိုင်မှာပါ။
ပါဝင်သော effect များ အသုံးထားရင်လဲ effcetသုံးထား မှန်း မသိအောင် သဘာဝတိုင်း လှပအသက်ဝင် စေမှာပဲ ဖြစ်ပါတယ်။ တပုံတည်း selfie photoတွက် ရိုုးရိုး photo mode ဖြင့် ရိုက်နိုင်တဲ့ အပြင် ပုံများမှ ကြိုက်တဲ့ သူအတွက်လဲ collage modeကိုလဲ ပြောင်းလဲ အသုံးပြုနိုင်မှာပါ။  Online ဖြင့် registerလုပ်ချင်ရင်တော့ Facebook,Vk,E mail စတဲ့ app accများနဲ့ ချိတ်ဆက်နိုင်မှာပဲ ဖြစ်ပါတယ်။ Quality ,location, mirror modeစတဲ့ သူမတူ လုပ်ဆောင်ချက်များကို ထပ်ဖြည့်ထားတဲ့ အတွက်လဲ မတူအောင် ထူးခြားနေမှာဆန်းသစ်နေမှာ အမှန်ပါ။ သဘာဝကျတဲ့ photo effectများနဲ့ အတူ လှပတဲ့ selfie ပုံလေးများကို Retrica appလေးဖြင့် စုစည်းလိုက်ကြပါဦး။
 selfie
Zawgyi Font : Selfie လှလှ ရိုက်ဖို့ ဘယ် App သုံးရင် ကောင်းမလဲ
Camera 360
B612
Retrica
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: