Home Lifestyle Health သင္ေရခ်ိဳးတုိင္း ဘာေတြမွားေနလဲ

သင္ေရခ်ိဳးတုိင္း ဘာေတြမွားေနလဲ

0

သင္ေရခ်ိဳးတိုင္း ဘာေတြမွားေနပါသလဲ။ အေမရိကမွာ ေတာ႔ လူတစ္ဦး ေရခ်ိဳးခ်ိန္ဟာ ပ်မ္းမွ် ၈ မိနစ္ပါပဲ။ ဒါေတာင္ ဒီႏႈန္းနဲ႔ဆိုရင္ တစ္ႏွစ္ေရခ်ိဳးခ်ိန္ဟာ ၄၈ နာရီ(သို႕) (၂)ရက္ၾကာပါလိမ္႔မယ္။ ဒါေၾကာင္႔ ေရမခ်ိဳးတတ္ရင္ ေရဖိုးကုန္က်ျခင္း၊ အခ်ိန္ျဖဳန္းျခင္းဆိုတဲ႔ အမွားကို သင္က်ဴးလြန္ေနတာပဲျဖစ္ပါတယ္။ ဒါေၾကာင္႔ ေရခ်ိဳးတိုင္း သင္မွားေနတဲ့အမွား နံပါတ္(၁)ကေတာ႔ ေရကိုၾကာျမင္႔စြာ ခ်ိဳးျခင္းပဲျဖစ္ပါတယ္။ ေလ႔လာခ်က္ေတြအရ အေမရိကန္မွာပွ်မ္းမွ် ေရ (၅)မိနစ္ပဲ ခ်ိဳးတဲ႔လူဟာ ေရ(၂၇.၂)ဂါလံပဲ သံုးတဲ႔အတြက္ တစ္ႏွစ္ကို ေရဂါလံေပါင္း (၂၇၀၀) သက္သာေစတယ္လို႕ ဆိုပါတယ္။

ေနာက္ထပ္ သင္မွားတတ္တဲ့ အမွားနံပါတ္(၂) ကေတာ႔ ေရခ်ိဳးျပီးမွ ေခါင္းေလွ်ာ္ျခင္းပဲျဖစ္ပါတယ္။ ေရခ်ိဳးျပီးမွ ေခါင္းေလွ်ာ္တာ ျဖစ္တဲ႔အတဲ႔အတြက္ ေခါင္းေလွ်ာ္ရည္တို႔ Conditioner ေတြရဲ႕ အၾကြင္းအက်န္ေတြ က်န္တတ္ပါတယ္။

bathing-baby

နံပါတ္(၃) အမွားေတာ႔ ေရခ်ိဳးျပီးတာနဲ႔ အရမ္းပူလြန္း၊ ေအးလြန္းတဲ႔ေနရာကို သြားတာပဲ ျဖစ္ပါတယ္။ တနည္းေျပာရရင္ သင္ခ်ိဳးလိုက္တဲ႔ေရရဲ႕ အပူခ်ိန္နဲ႔ သင္သြားတဲ႔ ေနရာရဲ႔ အပူခ်ိန္ကြာဟမႈဟာ သင့္အတြက္ စိန္ေခၚမႈတစ္ရပ္ပါပဲ။ပူတဲ့အခ်ိန္မွာ ေရေအးေအး ေလးခ်ိဳးလိုက္ရတာက လန္းလန္း ဆန္းဆန္း ရွိသြားေပမယ္႔ သင့္အေရျပားနဲ႔ သင္ေတာ္မွ်တတဲ႔အပူခ်ိန္ထဲမွာ ေနဖို႔ေတာ႔ အင္မတန္အေရးၾကီးပါတယ္။

နံပါတ္(၄) အမွားကေတာ့ ေရခ်ိဳးျပီးတဲ႔အခါ ျဖစ္သလို ကိုယ္သုတ္တာ၊ အေရျပားေပၚက ေရေတြေျခာက္ဖို႔အတြက္ အမႈမဲ့ အမွတ္မဲ့ ပြတ္ဆြဲျပီး သုတ္လိုက္တာျဖစ္ပါတယ္။ ဒီလိုသုတ္လိုက္တဲ႔အတြက္ အေရျပားေတြနီရဲျပီး ေရာင္ရမ္းတတ္ပါတယ္။ အမွန္မွာေတာ႔ ေရစက္ေတြကို ခပ္ရြရြေလးဖိျပီး သုတ္ရမွာ ျဖစ္ပါတယ္။

bathroom

ေနာက္ထပ္နံပါတ္(၅) အမွားကေတာ႔ ေရခ်ိဳးခန္း ေလ၀င္ေလထြက္ မေကာင္းတာပဲျဖစ္ပါတယ္။ မိႈေတြနဲ႔ ပိုးမႊားဘက္တီးရီးယားေတြဆိုတာ ေလ၀င္ေလထြက္ မေကာင္းတဲ့ေနရာ၊ စိုထိုင္းတဲ့ ေနရာေတြမွာ ေပါက္ပြားတတ္ပါတယ္။ ဒါေၾကာင္႔လဲ အဆင္႔ျမင့္ ဟိုတယ္ေတြရဲ႕ ေရခ်ိဳးခန္းေတြမွာ ေလသန္႕ပန္ကာေတြ တတ္ဆင္ထားတာျဖစ္ပါတယ္။

ေနာက္ဆံုးမွားခ်က္ နံပါတ္(၆)ကေတာ႔ သင္ေရခ်ိဳးတဲ႔ ေရပိုက္ေခါင္းပဲျဖစ္ပါတယ္။ ေရပိုက္ေခါင္းအေဟာင္းေတြက တစ္မိနစ္ကို ေရ (၅.၅) ဂါလံထြက္ပါတယ္။ ေခတ္မီေရပိုက္ေခါင္းေတြကေတာ႔ တစ္မိနစ္ကို (၂.၅)ဂါလံထက္ပိုမထြက္ပါဘူး။ ေခတ္မီပိုက္ေခါင္းေတြက ေရဖိုးကို သက္သာေစရံုသာမက လူကိုလည္းသက္ေတာင္႔သက္သာျဖစ္ေစပါတယ္။

ကဲ ေရကို ၾကိဳက္သလိုသံုးေနရတဲ႔ ရန္ကုန္သူ ရန္ကုန္သားေတြ ေရခ်ိဳးတာအမွားမရွိပါေစနဲ႔။ သင္တို႔ ေရ၀၀သံုးေနတဲ႔အခ်ိန္မွာ သင့္တစ္ဘက္ကမ္းက ဒလသူဒလသားေတြခမ်ာ ေရရွားေနပါတယ္။ အညာေဒသမွာ ေရေကာင္းေရသန္႔ေတြမရၾကပါဘူး။ ဒါေၾကာင့္ ေရကို ေငြလိုေခြ်တာသံုးတတ္ၾကပါေစ။

Unicode : သင်ရေချိုးတိုင်းဘာတွေမှားနေသလဲ

သင်ရေချိုးတိုင်း ဘာတွေမှားနေပါသလဲ။ အမေရိကမှာ တော့ လူတစ်ဦး ရေချိုးချိန်ဟာ ပျမ်းမျှ ၈ မိနစ်ပါပဲ။ ဒါတောင် ဒီနှုန်းနဲ့ဆိုရင် တစ်နှစ်ရေချိုးချိန်ဟာ ၄၈ နာရီ(သို့) (၂)ရက်ကြာပါလိမ့်မယ်။ ဒါကြောင့် ရေမချိုးတတ်ရင် ရေဖိုးကုန်ကျခြင်း၊ အချိန်ဖြုန်းခြင်းဆိုတဲ့ အမှားကို သင်ကျူးလွန်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ရေချိုးတိုင်း သင်မှားနေတဲ့အမှား နံပါတ်(၁)ကတော့ ရေကိုကြာမြင့်စွာ ချိုးခြင်းပဲဖြစ်ပါတယ်။ လေ့လာချက်တွေအရ အမေရိကန်မှာပျှမ်းမျှ ရေ (၅)မိနစ်ပဲ ချိုးတဲ့လူဟာ ရေ(၂၇.၂)ဂါလံပဲ သုံးတဲ့အတွက် တစ်နှစ်ကို ရေဂါလံပေါင်း (၂၇၀၀) သက်သာစေတယ်လို့ ဆိုပါတယ်။

bathing

နောက်ထပ် သင်မှားတတ်တဲ့ အမှားနံပါတ်(၂) ကတော့ ရေချိုးပြီးမှ ခေါင်းလျှော်ခြင်းပဲဖြစ်ပါတယ်။ ရေချိုးပြီးမှ ခေါင်းလျှော်တာ ဖြစ်တဲ့အတဲ့အတွက် ခေါင်းလျှော်ရည်တို့ Conditioner တွေရဲ့ အကြွင်းအကျန်တွေ ကျန်တတ်ပါတယ်။

bathing-baby

နံပါတ်(၃) အမှားတော့ ရေချိုးပြီးတာနဲ့ အရမ်းပူလွန်း၊ အေးလွန်းတဲ့နေရာကို သွားတာပဲ ဖြစ်ပါတယ်။ တနည်းပြောရရင် သင်ချိုးလိုက်တဲ့ရေရဲ့ အပူချိန်နဲ့ သင်သွားတဲ့ နေရာရဲ့ အပူချိန်ကွာဟမှုဟာ သင့်အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။ပူတဲ့အချိန်မှာ ရေအေးအေး လေးချိုးလိုက်ရတာက လန်းလန်း ဆန်းဆန်း ရှိသွားပေမယ့် သင့်အရေပြားနဲ့ သင်တော်မျှတတဲ့အပူချိန်ထဲမှာ နေဖို့တော့ အင်မတန်အရေးကြီးပါတယ်။

နံပါတ်(၄) အမှားကတော့ ရေချိုးပြီးတဲ့အခါ ဖြစ်သလို ကိုယ်သုတ်တာ၊ အရေပြားပေါ်က ရေတွေခြောက်ဖို့အတွက် အမှုမဲ့ အမှတ်မဲ့ ပွတ်ဆွဲပြီး သုတ်လိုက်တာဖြစ်ပါတယ်။ ဒီလိုသုတ်လိုက်တဲ့အတွက် အရေပြားတွေနီရဲပြီး ရောင်ရမ်းတတ်ပါတယ်။ အမှန်မှာတော့ ရေစက်တွေကို ခပ်ရွရွလေးဖိပြီး သုတ်ရမှာ ဖြစ်ပါတယ်။

နောက်ထပ်နံပါတ်(၅) အမှားကတော့ ရေချိုးခန်း လေဝင်လေထွက် မကောင်းတာပဲဖြစ်ပါတယ်။ မှိုတွေနဲ့ ပိုးမွှားဘက်တီးရီးယားတွေဆိုတာ လေဝင်လေထွက် မကောင်းတဲ့နေရာ၊ စိုထိုင်းတဲ့ နေရာတွေမှာ ပေါက်ပွားတတ်ပါတယ်။ ဒါကြောင့်လဲ အဆင့်မြင့် ဟိုတယ်တွေရဲ့ ရေချိုးခန်းတွေမှာ လေသန့်ပန်ကာတွေ တတ်ဆင်ထားတာဖြစ်ပါတယ်။

bathroom

နောက်ဆုံးမှားချက် နံပါတ်(၆)ကတော့ သင်ရေချိုးတဲ့ ရေပိုက်ခေါင်းပဲဖြစ်ပါတယ်။ ရေပိုက်ခေါင်းအဟောင်းတွေက တစ်မိနစ်ကို ရေ (၅.၅) ဂါလံထွက်ပါတယ်။ ခေတ်မီရေပိုက်ခေါင်းတွေကတော့ တစ်မိနစ်ကို (၂.၅)ဂါလံထက်ပိုမထွက်ပါဘူး။ ခေတ်မီပိုက်ခေါင်းတွေက ရေဖိုးကို သက်သာစေရုံသာမက လူကိုလည်းသက်တောင့်သက်သာဖြစ်စေပါတယ်။

ကဲ ရေကို ကြိုက်သလိုသုံးနေရတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေ ရေချိုးတာအမှားမရှိပါစေနဲ့။ သင်တို့ ရေ၀၀သုံးနေတဲ့အချိန်မှာ သင့်တစ်ဘက်ကမ်းက ဒလသူဒလသားတွေခမျာ ရေရှားနေပါတယ်။ အညာဒေသမှာ ရေကောင်းရေသန့်တွေမရကြပါဘူး။ ဒါကြောင့် ရေကို ငွေလိုချွေတာသုံးတတ်ကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: