Home Lifestyle Health သင့်အိမ်မှာ ဒီအပင်တွေရှိရဲ့လား

သင့်အိမ်မှာ ဒီအပင်တွေရှိရဲ့လား

0

လူတွေဟာ မိမိနေထိုင်ရာအိမ်တွေမှာ ပတ်ဝန်းကျင် လှပသာယာဖို့၊ အိမ်တွင်းကျက်သရေ အပေါင်းခညောင်းစေဖို့၊ စိတ်လက်ကြည်နူးစေဖို့အတွက် လှပတဲ့ သစ်ပင်လေးတွေနဲ့ ပန်းအလှတွေကို စိုက်ပျိုးတတ်ကြပါတယ်။ တစ်ချို့အပင်တွေက အရွက်အခက်တွေ ဝေဆာလှပကြသလို တစ်ချို့တွေကတော့ မွေးပျံ့တဲ့ သင်းရနံ့တွေကို ပေးစွမ်းနိုင်တဲ့ ပန်းပွင့်တွေကို ပွင့်လန်းတတ်ကြပါတယ်။ တစ်ချို့အပင်တွေကတော့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဆေးဖက်ဝင်တာတွေဖြစ်တတ်ပါတယ်။ ဘယ်အပင်ကိုပဲ စိုက်ကြပါစေ၊ စိုက်သူတို့မှာ အကြောင်းရင်းတစ်ခုခုတော့ ရှိကြမှာ အမှန်ဖြစ်ပါတယ်။ ဒီတော့ သင်စိုက်ပျိုးတဲ့ အိမ်တွင်းဥယျာဉ်လေးထဲမှာ ဒီအပင်တွေပါရဲ့လားလို့မေးပါရစေ။ ဘာကြောင့်လဲဆိုတော့ ဒီအပင်တွေက သင့်အိမ်တွင်းကို ကောင်းမြတ်တဲ့ အပေါင်းလက္ခဏာ စွမ်းအားတွေပေးတယ်လို့ ကမ္ဘာတစ်ဝန်းယုံကြည်ကြလို့ပါပဲ။

(၁)စံပယ်(Jasmine)

မွှေးပျံ့တဲ့စပယ်က စိတ်ဓါတ်ကို တက်ကြွလန်းဆန်းစေတယ်။ ဆက်ဆံရေးကောင်းစေပြီး ခိုင်မာတဲ့အချစ်ကို ရရှိပိုင်ဆိုင်နိုင်တယ်။ အိမ်မက်ကောင်းတွေမက်တတ်တယ်။

jasmine

(၂) Rosemary

စိတ်ဓါတ်ကျတာတွေ၊ စိတ်ရှုပ်တာတွေကို ပြေပျောက်စေတယ်။ မြေထဲပင်လယ်ဒေသမျိးရင်းဖြစ်ပြီး အမှတ်တရဖြစ်စေတယ်။ အိမ်ရှေ့တံခါးမှာစိုက်ရင် မကောင်းတဲ့ စွမ်းအင်တွေကို ဖယ်ပေးတယ်။

rosemary

(၃)  ငြိမ်းချမ်းရေးနှင်းပန်း( Peace Lily)

ကိုယ်ရောစိတ်ပါလန်းဆန်းမှုကို အထောက်အကူပြုတယ်။ လေကို သန့်စင်စေတယ်။ အရိပ်ထဲမှာလည်းရှင်သန်နိုင်တယ်။

peace lily

(၄)SAGE-(ကလျာဏီပင်)

အသိဉာဏ်ကိုပွင့်လမ်းစေတယ်။ အိမ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကို ရှင်းပေးပြီး အိမ်ကိုသန့်စင်စေတယ်။

sage

(၅)IVY- (နွယ်တက်ပင်)

အိမ်ကွက်လပ်ကို အလှအပတွေနဲ့ပြည့်စုံစေရုံသာမက လေကိုလည်း သန့်စင်အောင်စစ်ပေးနိုင်တယ်။ ကံကောင်းဖို့နဲ့ ကျန်းမာရေးအတွက် တံခါးရဲ့ အထွက်လမ်းတွေမှာစိုက်သင့်တယ်။

ivy

(၆) ALOE-(ရှားစောင်းလက်ပတ်)

အရေပြားအနာတွေ ကုသရာမှာ အထူးကောင်းပါတယ်။ နေရောင်တိုက်ရိုက်ရတဲ့ နေရာမှာ စိုက်ပျိုးရပါမယ်။ အရေပြားအပူလောင်တာကိုကုနိုင်တယ်။ ကံကောင်းခြင်းကို ပေးပါတယ်။

aloe

(၇)BASIL-(ပင်စိမ်းမျိုး)

တစ်နေ့ကို နာရီ(၂၀)လောက်အထိ အောက်စီဂျင်ကို ထုတ်လွှတ်နိုင်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အတွက်သာမက ယားယံတာတွေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ စိတ်စွမ်းအားကိုတိုးစေပါတယ်။

basil plants

(၈)ORCHID-(သစ်ခွ)

သစ်ခွက မြန်မာတွေနဲ့ မစိမ်းသလို တန်ဖိုးလည်းရှိပါတယ်။ အိမ်ရှင်ကို ကောင်းကျိုးပေးသလို အသက်ရှည်စေတယ်လို့လည်း ယုံကြည်ကြပါတယ်။ အပွင့်ကတာရှည်ခံပြီး မွှေးပျံ့ကာ ညမှာ အောက်စီဂျင်ကိုထုတ်လွှတ်ပါတယ်။ ဒါကြောင့် အိပ်ရာဘေးမှာထားဖို့သင့်တော်ပါတယ်။

orchid

(၉) OREGANO

ပျော်ရွှင်ကျေနပ်မှုကို ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ အရေပြားအတွက်သုံးနိုင်သလို အစာအိမ်နဲ့ ဆီးပိုးဝင်တာ အတွက်လည်းသုံးလို့ရပါတယ်။ စွယ်စုံရတဲ့ ဒီအပင်ကို နေရောင်မှာထားပါ။

oregano-herb

(၁၀)LAVENDER-(လာဗင်ဒါ)

စိတ်ပူပန်သောကကို လျော့ကျေစေတယ်လို့ ယုံကြည်ကြပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းစေပြီး အိပ်ပျော်စေပါတယ်။

lavender

(၁၁) ROSE-(နှင်းဆီ)

အိပ်ရာဘေးမှာထားရင် အချစ်ကိုတိုးစေတယ်။ လဘက်ရည်လိုရေနွေးနဲ့ သောက်မယ်ဆိုရင် ကာမစွမ်းအားကို တိုးစေတယ်လို့ယုံကြည်ကြတယ်။

rose

(၁၂) MONEY PLANT-(လာဘ်ပင်)

လူမျိုးအလိုက် ယုံကြည်ကြတဲ့ လာဘ်ရွှင်ပင်တွေရှိပါတယ်။ မြန်မာတွေကတော့ ဂမုန်းအမျိုးမျိုးကို လာဘ်ရွှင်တယ်လို့ ယူဆကြပါတယ်။

lucky

(၁၃) Lucky Bamboo

အာရှနိုင်ငံတွေမှာ ရှေးနှစ်များစွာကတည်းက ကံကောင်းခြင်း၊ ကြွယ်ဝချမ်းသာခြင်းတို့အတွက် စိုက်ပျိုးကြပါတယ်။ ဖုန်းရွှေပညာအရဆိုရင် ထောင်တက်နေတဲ့ အရွက်တွေဟာ သစ်သားဓါတ်ကိုပေးပြီး သက်ရှည်ကျန်းမာစေတယ်လို့ ယုံကြည်ကြပါတယ်။ နေရောင်နဲ့ဝေးတဲ့နေရာမှာ ရေသန့်လောင်းပြီး ထားရပါတယ်။

money plant

(၁၄) Chrysanthemum

သန့်စင်မှုနဲ့ ရိုးသားမှုကို ကိုယ်စားပြုပြီး ဆေးဖက်ဝင်ပါတယ်။ အရောင်အမျိုးမျိုးရှိပါတယ်။

Chrysanthemum

(၁၅) Areca Palm

အရွက်တွေက ချစ်စရာကောင်းပြီး နေအိမ်နဲ့ ရုံးခန်းတွေကို နူးညံ့တဲ့ စွမ်းအင်တွေ ပေးတယ်လို့ယုံကြည်ကြပါတယ်။ လေကိုလည်းသန့်စေပါတယ်။

Areca Palm

Ref;- David wolfe
– Power of Positivity
– Top Ten Home remedy

Zawgyi Font : သင္႔အိမ္မွာ ဒီအပင္ေတြရွိရဲ႕လား

လူေတြဟာ မိမိေနထိုင္ရာအိမ္ေတြမွာ ပတ္၀န္းက်င္ လွပသာယာဖို႕၊ အိမ္တြင္းက်က္သေရ အေပါင္းခေညာင္းေစဖို႕၊ စိတ္လက္ၾကည္ႏူးေစဖို႔အတြက္ လွပတဲ့ သစ္ပင္ေလးေတြနဲ႔ ပန္းအလွေတြကို စိုက္ပ်ိဳးတတ္ၾကပါတယ္။ တစ္ခ်ိဳ႕အပင္ေတြက အရြက္အခက္ေတြ ေ၀ဆာလွပၾကသလို တစ္ခ်ိဳ႕ေတြကေတာ႔ ေမြးပ်ံ႕တဲ့ သင္းရနံ႔ေတြကို ေပးစြမ္းႏိုင္တဲ႔ ပန္းပြင့္ေတြကို ပြင္႔လန္းတတ္ၾကပါတယ္။ တစ္ခ်ိဳ႕အပင္ေတြကေတာ႔ ဟင္းခတ္အေမႊးအၾကိဳင္ေတြနဲ႔ ေဆးဖက္၀င္တာေတြျဖစ္တတ္ပါတယ္။ ဘယ္အပင္ကိုပဲ စိုက္ၾကပါေစ၊ စိုက္သူတို႔မွာ အေၾကာင္းရင္းတစ္ခုခုေတာ႔ ရွိၾကမွာ အမွန္ျဖစ္ပါတယ္။ ဒီေတာ့ သင္စိုက္ပ်ိဳးတဲ႕ အိမ္တြင္းဥယ်ာဥ္ေလးထဲမွာ ဒီအပင္ေတြပါရဲ႕လားလို႔ေမးပါရေစ။ ဘာေၾကာင္႔လဲဆိုေတာ႔ ဒီအပင္ေတြက သင့္အိမ္တြင္းကို ေကာင္းျမတ္တဲ႔ အေပါင္းလကၡဏာ စြမ္းအားေတြေပးတယ္လို႔ ကမာၻတစ္၀န္းယံုၾကည္ၾကလို႔ပါပဲ။

(၁)စံပယ္(Jasmine)

ေမႊးပ်ံ႕တဲ႔စပယ္က စိတ္ဓါတ္ကို တက္ၾကြလန္းဆန္းေစတယ္။ ဆက္ဆံေရးေကာင္းေစျပီး ခိုင္မာတဲ႔အခ်စ္ကို ရရွိပိုင္ဆိုင္ႏိုင္တယ္။ အိမ္မက္ေကာင္းေတြမက္တတ္တယ္။

(၂) Rosemary

စိတ္ဓါတ္က်တာေတြ၊ စိတ္ရႈပ္တာေတြကို ေျပေပ်ာက္ေစတယ္။ ေျမထဲပင္လယ္ေဒသမ်ိးရင္းျဖစ္ျပီး အမွတ္တရျဖစ္ေစတယ္။ အိမ္ေရွ႔တံခါးမွာစိုက္ရင္ မေကာင္းတဲ့ စြမ္းအင္ေတြကို ဖယ္ေပးတယ္။

(၃)  ျငိမ္းခ်မ္းေရးႏွင္းပန္း( Peace Lily)

ကိုယ္ေရာစိတ္ပါလန္းဆန္းမွဳကို အေထာက္အကူျပဳတယ္။ ေလကို သန္႔စင္ေစတယ္။ အရိပ္ထဲမွာလည္းရွင္သန္ႏိုင္တယ္။

(၄)SAGE-(ကလ်ာဏီပင္)

အသိဥာဏ္ကိုပြင္႔လမ္းေစတယ္။ အိမ္ထဲမွာရွိတဲ့ ဘက္တီးရီးယားေတြကို ရွင္းေပးျပီး အိမ္ကိုသန္႔စင္ေစတယ္။

(၅)IVY- (ႏြယ္တက္ပင္)

အိမ္ကြက္လပ္ကို အလွအပေတြနဲ ႔ျပည္႕စံုေစရံုသာမက ေလကိုလည္း သန္႔စင္ေအာင္စစ္ေပးႏိုင္တယ္။ ကံေကာင္းဖို႔နဲ႕ က်န္းမာေရးအတြက္ တံခါးရဲ႕ အထြက္လမ္းေတြမွာစိုက္သင္႔တယ္။

(၆) ALOE-(ရွားေစာင္းလက္ပတ္)

အေရျပားအနာေတြ ကုသရာမွာ အထူးေကာင္းပါတယ္။ ေနေရာင္တိုက္ရိုက္ရတဲ့ ေနရာမွာ စိုက္ပ်ိဳးရပါမယ္။ အေရျပားအပူေလာင္တာကိုကုႏိုင္တယ္။ ကံေကာင္းျခင္းကို ေပးပါတယ္။

(၇)BASIL-(ပင္စိမ္းမ်ိဳး)

တစ္ေန႔ကို နာရီ(၂၀)ေလာက္အထိ ေအာက္စီဂ်င္ကို ထုတ္လႊတ္ႏိုင္ပါတယ္။ ဟင္းခတ္အေမႊးအၾကိဳင္အတြက္သာမက ယားယံတာေတြ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ စိတ္စြမ္းအားကိုတိုးေစပါတယ္။

(၈)ORCHID-(သစ္ခြ)

သစ္ခြက ျမန္မာေတြနဲ႔ မစိမ္းသလို တန္ဖိုးလည္းရွိပါတယ္။ အိမ္ရွင္ကို ေကာင္းက်ိဳးေပးသလို အသက္ရွည္ေစတယ္လို႔လည္း ယံုၾကည္ၾကပါတယ္။ အပြင္႔ကတာရွည္ခံျပီး ေမႊးပ်ံ႔ကာ ညမွာ ေအာက္စီဂ်င္ကိုထုတ္လႊတ္ပါတယ္။ ဒါေၾကာင္႔ အိ္ပ္ရာေဘးမွာထားဖို႔သင္႔ေတာ္ပါတယ္။

(၉) OREGANO

ေပ်ာ္ရႊင္ေက်နပ္မႈကို ေပးစြမ္းနိုင္တယ္လို႔ ယံုၾကည္ၾကပါတယ္။ အေရျပားအတြက္သံုးႏုိင္သလို အစာအိမ္နဲ႔ ဆီးပိုး၀င္တာ အတြက္လည္းသံုးလို႔ရပါတယ္။ စြယ္စံုရတဲ့ ဒီအပင္ကို ေနေရာင္မွာထားပါ။

(၁၀)LAVENDER-(လာဗင္ဒါ)

စိတ္ပူပန္ေသာကကို ေလ်ာ႔က်ေေစတယ္လို႔ ယံုၾကည္ၾကပါတယ္။ ေသြးလွည္႔ပတ္မႈကို ေကာင္းေစျပီး အိပ္ေပ်ာ္ေစပါတယ္။

(၁၁) ROSE-(ႏွင္းဆီ)

အိပ္ရာေဘးမွာထားရင္ အခ်စ္ကိုတိုးေစတယ္။ လဘက္ရည္လိုေရေႏြးနဲ႕ ေသာက္မယ္ဆိုရင္ ကာမစြမ္းအားကို တိုးေစတယ္လို႔ယံုၾကည္ၾကတယ္။

(၁၂) MONEY PLANT-(လာဘ္ပင္)

လူမ်ိဳးအလိုက္ ယံုၾကည္ၾကတဲ႔ လာဘ္ရႊင္ပင္ေတြရွိပါတယ္။ ျမန္မာေတြကေတာ႔ ဂမုန္းအမ်ိဳးမ်ိဳးကို လာဘ္ရႊင္တယ္လို႔ ယူဆၾကပါတယ္။

(၁၃) Lucky Bamboo

အာရွႏိုင္ငံေတြမွာ ေရွးႏွစ္မ်ားစြာကတည္းက ကံေကာင္းျခင္း၊ ၾကြယ္၀ခ်မ္းသာျခင္းတို႔အတြက္ စိုက္ပ်ိဳးၾကပါတယ္။ ဖုန္းေရႊပညာအရဆိုရင္ ေထာင္တက္ေနတဲ့ အရြက္ေတြဟာ သစ္သားဓါတ္ကိုေပးျပီး သက္ရွည္က်န္းမာေစတယ္လို႔ ယံုၾကည္ၾကပါတယ္။ ေနေရာင္နဲ႔ေ၀းတဲ႔ေနရာမွာ ေရသန္႔ေလာင္းျပီး ထားရပါတယ္။

(၁၄)Chrysanthemum

သန္႔စင္မႈနဲ႔ ရိုးသားမႈကို ကိုယ္စားျပဳျပီး ေဆးဖက္၀င္ပါတယ္။ အေရာင္အမ်ိဳးမ်ိဳးရွိပါတယ္။

(၁၅) Areca Palm

အရြက္ေတြက ခ်စ္စရာေကာင္းျပီး ေနအိမ္နဲ႔ ရံုးခန္းေတြကို ႏူးညံ႔တဲ႕ စြမ္းအင္ေတြ ေပးတယ္လို႔ယံုၾကည္ၾကပါတယ္။ ေလကိုလည္းသန္႔ေစပါတယ္။

Ref;- David wolfe
– Power of Positivity
– Top Ten Home remedy

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: