ပြီးခဲ့တဲ့ ၂ပတ်ခန့်မှာ အင်ဒိုနီးရှားနိုင်ငံမှာ IS အကြမ်းဖက်အဖွဲ့များ ဗုံးဖောက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မာရာဝီ မြို့တော်ကိုလည်း IS အကြမ်းဖက်အဖွဲ့တွေဟာ သိမ်းပိုက်ခဲ့ပါတယ်။ ထိုကိစ္စနဲ့ ပတ်သတ်ပြီး အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးက IS အကြမ်းဖက်အဖွဲ့သား ၁၂၀၀ ကျော်ဟာ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေပြီလို့ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတစ်ကာလုံခြုံရေးဖိုရမ်ပွဲမှာ ပြောခဲ့ပါတယ်။
အဆိုပါ အကြမ်းဖက် IS အဖွဲ့သား ၁၂၀၀ တွင် အင်ဒိုနီးရှားနိုင်ငံသား ၄၀ ခန့်ပါဝင်တယ်လို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့တော်ကို IS အကြမ်းဖက်များက သိမ်းပိုက်ထားတာ ဖြစ်ပြီး ဖိလစ်ပိုင်အစိုးရအနေနဲ့ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။
IS အကြမ်းဖက်အဖွဲ့များဟာ ဥရောပနိုင်ငံများနဲ့ အရှေ့အလယ်ပိုင်းမှာသာမက အာရှဒေသအထိပါ ဝင်ရောက်လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေပြီး မကြာမှီမှာ အခြားဒေသတွေကိုပါ ရောက်ရှိလာမလားဆိုတာ စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်။
Source : Channel News Asia
Zawgyi Font : ဖိလစ္ပိုင္မွာ IS အၾကမ္းဖက္အဖြဲ႕သား ၁၂၀၀ ေက်ာ္ေရာက္ရွိေနတယ္လို႕ အင္ဒိုနီးရွား ကာကြယ္ေရး၀န္ၾကီးေျပာ
ျပီးခဲ့တဲ့ ၂ပတ္ခန္႕မွာ အင္ဒိုနီးရွားႏုိင္ငံမွာ IS အၾကမ္းဖက္အဖြဲ႕မ်ား ဗံုးေဖာက္ခဲ့ျပီး ဖိလစ္ပိုင္ႏုိင္ငံေတာင္ပိုင္းရွိ မာရာ၀ီ ျမိဳ႕ေတာ္ကိုလည္း IS အၾကမ္းဖက္အဖြဲ႕ေတြဟာ သိမ္းပိုက္ခဲ့ပါတယ္။ ထိုကိစၥနဲ႕ ပတ္သတ္ျပီး အင္ဒိုနီးရွားႏိုင္ငံ ကာကြယ္ေရး၀န္ၾကီးက IS အၾကမ္းဖက္အဖြဲ႕သား ၁၂၀၀ ေက်ာ္ဟာ ဖိလစ္ပိုင္ႏိုင္ငံကို ေရာက္ရွိေနျပီလို႕ စင္ကာပူႏိုင္ငံမွာ က်င္းပတဲ့ ႏိုင္ငံတစ္ကာလံုျခံဳေရးဖိုရမ္ပြဲမွာ ေျပာခဲ့ပါတယ္။
အဆုိပါ အၾကမ္းဖက္ IS အဖြဲ႕သား ၁၂၀၀ တြင္ အင္ဒိုနီးရွားႏုိင္ငံသား ၄၀ ခန္႕ပါ၀င္တယ္လို႕ အင္ဒိုနီးရွား ကာကြယ္ေရး ၀န္ၾကီးက ေျပာခဲ့ပါတယ္။ လက္ရွိအေျခအေနမွာ ဖိလစ္ပိုင္ေတာင္ပိုင္း မာရာ၀ီျမိဳ႕ေတာ္ကို IS အၾကမ္းဖက္မ်ားက သိမ္းပိုက္ထားတာ ျဖစ္ျပီး ဖိလစ္ပိုင္အစိုးရအေနနဲ႕ ျပန္လည္သိမ္းပိုက္ႏုိင္ျခင္း မရွိေသးပါဘူး။
IS အၾကမ္းဖက္အဖြဲ႕မ်ားဟာ ဥေရာပႏုိင္ငံမ်ားနဲ႕ အေရွ႕အလယ္ပိုင္းမွာသာမက အာရွေဒသအထိပါ ၀င္ေရာက္လႊမ္းမိုးႏိုင္ဖို႕ ၾကိဳးစားေနျပီး မၾကာမွီမွာ အျခားေဒသေတြကိုပါ ေရာက္ရွိလာမလားဆိုတာ စံုစမ္းစစ္ေဆးရမွာ ျဖစ္ပါတယ္။
Source : Channel News Asia