Home Lifestyle လူမှုကွန်ရက်ပေါ်က ဖေါ်ပြတဲ့ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် EI

လူမှုကွန်ရက်ပေါ်က ဖေါ်ပြတဲ့ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် EI

0

ယနေအချိန်အခါမှာ တစ်ကမ္ဘာလုံး လွှမ်းခြုံလာတဲ့ သတင်းနည်းပညာ စွမ်းအားကြောင့် မြန်မာအပါအဝင် နိုင်ငံများစွာမှာ ရှိတဲ့ စီမံအုပ်ချုပ်သူတွေ၊ နိုင်ငံအကြီးအကဲတွေ၊ ထင်ပေါ်ကျော်ကြားတဲ့ လူတွေကအစ သာမန်ပြည်သူတွေအဆုံး သူတို့တွေရဲ့ စိတ်ခံစားမှုတွေ၊ အပြောအဆို၊ အပြုအမူတွေ၊ ဆုံးဖြတ်ချက် တွေကို အချိန်နဲ့တပြေးညီ သိရှိခွင့်ရလာကြပါပြီ။ သတင်းမီဒီယာနယ်ပယ်မှာလည်း သတင်းသမားတွေက သတင်းဦး၊ သတင်းထူးတွေရယူနိုင်ဖို့အတွက် သူ့ထက်ငါတိုးဝှေ့ကာ အထက်ဖေါ်ပြခဲ့တဲ့ ပြောရေး ဆိုခွင့် ရှိသူတွေ၊ ထင်ပေါ်သူတွေဆီ ချဉ်းကပ်မေးမြန်းရင်း သတင်းရယူနေကြတာကို တွေ့ရမှာပါ။

ဒီလိုမေးမြန်းတဲ့အခါ တစ်ချို့ပြောရေးဆိုခွင့်ရှိသူတွေဟာ သတင်းသမားတွေရဲ့ မေးခွန်းနဲ့ သူတို့ဖြေတာတွေဟာ လွဲချော်ပြီးလိုရင်း မရောက်တာတွေ၊ တစ်ချို့က အချက်အလက်သေချာမသိဘဲ မိမိရဲ့ထင်မြင်ယူဆချက်တွေကို ရမ်းသမ်း ပြောဆိုတာမျိုးတွေ ၊ဒီလိုရမ်းသမ်းပြောဆိုတဲ့အတွက် လူတစ်ဦးတစ်ယောက် ဒါမှမဟုတ်လုပ်ငန်းတစ်ခုခုကို ထိခိုက်သွားတာမျိုးတွေ၊ အပြောမှားသွားပြီးမှ သူတပါးကို ထိခိုက်မိသွားတဲ့အတွက် ပြန်တောင်းပန်ရတာတွေကို ကြားသိနေရပါတယ်။ မှားသွားပြီးမှ မှားမှန်းသိလို့ တောင်းပန်တာဟာ လူ့ယဉ်ကျေးမှု တစ်ခုဖြစ်ပေမယ့် ခဏခဏ မှား ပြီးတောင်းပန်နေရမယ် ၊ အမှားပြင်နေရမယ်ဆိုရင်လည်း တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။

လူတစ်ဦးချင်းစီရဲ့ လူမှု ကွန်ရက်တွေပေါ်မှာလည်း၊ အကြောင်းအရာ မျိုးစုံ၊ ခံစားချက်မျိုးစုံနဲ့ လွတ်လပ်စွာ ပြောဆိုရေးသားနေကြတာကို တွေ့ရသလို အမြင်ကွဲပြားသူတွေ အချင်းချင်း တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရိုင်းပျစွာ ဆဲဆိုနေကြတာတွေကိုလည်း တွေ့မြင်နေကြရပါတယ်။ တစ်ချို့ကလည်း လူမှု ကွန်ရက်ကို မိမိကိုယ်ကျိုးတစ်ခုအတွက်သာကြည့်ပြီး၊ မမှန်သတင်း၊ လုပ်ကြံသတင်းတွေကို ရည်ရွယ်ချက်တစ်ခု အတွက် ရေးသားဖြန့်ဝေနေကြတာကိုလည်းတွေ့ရပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူအသုံးချနေကြခြင်းသာဖြစ်ပါတယ်။ ဒါတွေကို ခြုံငုံသုံးသပ်လိုက်ရင် လူတွေရဲ့ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် ကြောင့်  ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။

ဟားဗတ်က ပညာရှင်တွေကတော့ The core of high EI is self-awareness လို့ဆိုပါတယ်။ စိတ်ခံစားမှုအသိဉာဏ်ရဲ့ အနှစ်သာရက ကိုယ့်ကိုယ်ကိုသိရမယ့် သတိပဲဖြစ်ပါတယ်။ သတင်းသမားတွေနဲ့တွေ့တဲ့အခါ စိတ်ထဲထင်ရာ ပြောဆိုလိုက်မှုတွေ၊ စိတ်ထဲထင်ရာမြင်ရာတွေကို ရေးသားတင်ပြတာတွေဟာ အရိုးရှင်းဆုံးပြောရရင်တော့ သတိလက်လွတ်ဖြစ်ခြင်းကြောင့် လို့ဆိုရမှာပါ။ ထို့အတူ မိမိရဲ့ပို့စ်ပေါ်မှာ တင်ချင်သလိုတင်၊ ရေးချင်သလိုရေး၊ဆဲချင်သလို ဆဲဆိုနေကြတာတွေဟာလဲ သူတို့တွေရဲ့ စိတ်ခံစားမှု အခြေအနေတွေကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။

အထူးသဖြင့် ထင်ပေါ်တဲ့ နိုင်ငံရေးသမားတွေ၊ စီမံအုပ်ချုပ်သူတွေ၊ အနုပညာရှင်တွေဟာ EI မြင့်မားလာအောင်ကြိုးစားနေဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အများပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ခံနေကြရလို့ပါပဲ။ ဒီလူတွေအနေနဲ့ သတိထားရမှာက မိမိရဲ့စိတ်ခံစားချက်အတိုင်း၊ ဘာမှမစဉ်းစားဘဲ လွှတ်ခနဲတုန့်ပြန်ပြောဆိုမှု (Reactive) မဖြစ်ဖို့လိုပါတယ်။ မိမိရဲ့ စိတ်အခြေအနေ၊ ခံစားချက်တွေကို ကိုယ်တိုင်သတိထားမိပြီး၊ စဉ်းစားဆင်ခြင်တုန့်ပြန်ပြောဆိုမှု (Respond )ဖြစ်ဖို့လိုပါတယ်။ ဘယ်လိုပဲပြောပြော အိုင်တီနည်းပညာသုံး လူမှုကွန်ရက်တွေပေါ်က လူတစ်ဦးချင်းစီရဲ့ အရေးအသား အပြောအဆို အပြုအမူတွေက သူတို့ရဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အသိဉာဏ်ကို ထင်ဟပ်ဖေါ်ပြနေတယ်ဆိုတာကတော့သေချာပါတယ်။

ယူတတ်သူတွေ၊ သုံးတတ်သူတွေ အတွက်တော့ လူမှုကွန်ရက်တွေရဲ့ အကျိုးကများလှသလို စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်နည်းသူတွေအတွက်ကတော့ အတွက် လူမှုကွန်ရက်ကပေးတဲ့ ဖိအားဆိုးကျိုးကို သေချာပေါက် ခံစားရမှာသေချာပါတယ်။ ဒါကြောင့်  ရှုပ်ထွေးပွေလီလှတဲ့ လူမှုနယ်ပယ်က လူမှုကွန်ရက်တွေကို စဉ်းစဉ်းစားစားသတိတရားထားပြီး မိမိရောသူတပါးပါ အကျိုးရှိအောင် အသုံးချနိုင်ကြစေဖို့ ရေးသားတင်ပြလိုက်တာဖြစ်ပါတယ်။

Zawgyi Font : လူမွဳကြန္ရက္ေပၚက ေဖၚျပတဲ႕  စိတ္ခံစားမွဳဆိုင္ရာ အသိဥာဏ္ EI

ယေနအခ်ိန္အခါမွာ တစ္ကမၻာလံုး လႊမ္းျခံဳလာတဲ႕ သတင္းနည္းပညာ စြမ္းအားေၾကာင္႔ ျမန္မာအပါအ၀င္ ႏိုင္ငံမ်ားစြာမွာ ရွိတဲ႕ စီမံအုပ္ခ်ဳပ္သူေတြ၊ ႏိုင္ငံအၾကီးအကဲေတြ၊ ထင္ေပၚေက်ာ္ၾကားတဲ့ လူေတြကအစ သာမန္ျပည္သူေတြအဆံုး သူတို႔ေတြရဲ႕ စိတ္ခံစားမွဳေတြ၊ အေျပာအဆို၊ အျပဳအမူေတြ၊ ဆံုးျဖတ္ခ်က္ ေတြကို အခ်ိန္နဲ႔တေျပးညီ သိရွိခြင္႔ရလာၾကပါျပီ။ သတင္းမီဒီယာနယ္ပယ္မွာလည္း သတင္းသမားေတြက သတင္းဦး၊ သတင္းထူးေတြရယူႏိုင္ဖို႕အတြက္ သူ႕ထက္ငါတိုးေ၀ွ႕ကာ အထက္ေဖၚျပခဲ့တဲ႔ ေျပာေရး ဆိုခြင္႔ ရွိသူေတြ၊ ထင္ေပၚသူေတြဆီ ခ်ဥ္းကပ္ေမးျမန္းရင္း သတင္းရယူေနၾကတာကို ေတြ႔ရမွာပါ။

ဒီလိုေမးျမန္းတဲ႔အခါ တစ္ခ်ိဳ႕ေျပာေရးဆိုခြင္႔ရွိသူေတြဟာ သတင္းသမားေတြရဲ႕ ေမးခြန္းနဲ႔ သူတို႕ေျဖတာေတြဟာ လြဲေခ်ာ္ျပီးလိုရင္း မေရာက္တာေတြ၊ တစ္ခ်ိဳ႕က အခ်က္အလက္ေသခ်ာမသိဘဲ မိမိရဲ႕ထင္ျမင္ယူဆခ်က္ေတြကို ရမ္းသမ္း ေျပာဆိုတာမ်ိဳးေတြ ၊ဒီလိုရမ္းသမ္းေျပာဆိုတဲ႔အတြက္ လူတစ္ဦးတစ္ေယာက္ ဒါမွမဟုတ္လုပ္ငန္းတစ္ခုခုကို ထိခိုက္သြားတာမ်ိဳးေတြ၊ အေျပာမွားသြားျပီးမွ သူတပါးကို ထိခိုက္မိသြားတဲ႔အတြက္ ျပန္ေတာင္းပန္ရတာေတြကို ၾကားသိေနရပါတယ္။ မွားသြားျပီးမွ မွားမွန္းသိလို႔ ေတာင္းပန္တာဟာ လူ႕ယဥ္ေက်းမႈ တစ္ခုျဖစ္ေပမယ္႔ ခဏခဏ မွား ျပီးေတာင္းပန္ေနရမယ္ ၊ အမွားျပင္ေနရမယ္ဆိုရင္လည္း တန္ဖိုးရွိတဲ႔လူတစ္ေယာက္ ျဖစ္လာမွာမဟုတ္ပါဘူး။

လူတစ္ဦးခ်င္းစီရဲ႕ လူမႈ ကြန္ရက္ေတြေပၚမွာလည္း၊ အေၾကာင္းအရာ မ်ိဳးစံု၊ ခံစားခ်က္မ်ိဳးစံုနဲ႔ လြတ္လပ္စြာ ေျပာဆိုေရးသားေနၾကတာကို ေတြ႕ရသလို အျမင္ကြဲျပားသူေတြ အခ်င္းခ်င္း တစ္ဦးနဲ႔တစ္ဦး တစ္ဖြဲ႔နဲ႔တစ္ဖြဲ႔ ရိုင္းပ်စြာ ဆဲဆိုေနၾကတာေတြကိုလည္း ေတြ႔ျမင္ေနၾကရပါတယ္။ တစ္ခ်ိဳ႕ကလည္း လူမႈ ကြန္ရက္ကို မိမိကိုယ္က်ိဳးတစ္ခုအတြက္သာၾကည္႔ျပီး၊ မမွန္သတင္း၊ လုပ္ၾကံသတင္းေတြကို ရည္ရြယ္ခ်က္တစ္ခု အတြက္ ေရးသားျဖန္႔ေ၀ေနၾကတာကိုလည္းေတြ႔ရပါတယ္။ ဒါဟာ ျပည္သူေတြရဲ႕ မသိနားမလည္မႈကို အခြင္႔ေကာင္းယူအသံုးခ်ေနၾကျခင္းသာျဖစ္ပါတယ္။ ဒါေတြကို ျခံဳငံုသံုးသပ္လိုက္ရင္ လူေတြရဲ႕ စိတ္ခံစားမႈဆိုင္ရာ အသိဥာဏ္ ေၾကာင္႔  ျဖစ္ေပၚလာရျခင္းျဖစ္ပါတယ္။

ဟားဗတ္က ပညာရွင္ေတြကေတာ့ The core of high EI is self-awareness လို႔ဆိုပါတယ္။ စိတ္ခံစားမွဳအသိဥာဏ္ရဲ႕ အႏွစ္သာရက ကိုယ့္ကိုယ္ကိုသိရမယ့္ သတိပဲျဖစ္ပါတယ္။ သတင္းသမားေတြနဲ႔ေတြ႔တဲ႔အခါ စိတ္ထဲထင္ရာ ေျပာဆိုလိုက္မႈေတြ၊ စိတ္ထဲထင္ရာျမင္ရာေတြကို ေရးသားတင္ျပတာေတြဟာ အရိုးရွင္းဆံုးေျပာရရင္ေတာ႔ သတိလက္လြတ္ျဖစ္ျခင္းေၾကာင္႔ လို႔ဆိုရမွာပါ။ ထို႕အတူ မိမိရဲ႕ပို့စ္ေပၚမွာ တင္ခ်င္သလိုတင္၊ ေရးခ်င္သလိုေရး၊ဆဲခ်င္သလို ဆဲဆိုေနၾကတာေတြဟာလဲ သူတို႔ေတြရဲ႕ စိတ္ခံစားမႈ အေျခအေနေတြေၾကာင့္ ျဖစ္ေပၚလာရျခင္းျဖစ္ပါတယ္။

အထူးသျဖင္႔ ထင္ေပၚတဲ့ ႏိုင္ငံေရးသမားေတြ၊ စီမံအုပ္ခ်ဳပ္သူေတြ၊ အႏုပညာရွင္ေတြဟာ EI ျမင့္မားလာေအာင္ၾကိဳးစားေနဖို႔လိုပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ႔ သူတို႔ဟာ အမ်ားျပည္သူေတြရဲ႕ စိတ္၀င္စားမႈကို ခံေနၾကရလို႔ပါပဲ။ ဒီလူေတြအေနနဲ႔ သတိထားရမွာက မိမိရဲ႕စိတ္ခံစားခ်က္အတိုင္း၊ ဘာမွမစဥ္းစားဘဲ လႊတ္ခနဲတုန္႔ျပန္ေျပာဆိုမွဳ (Reactive) မျဖစ္ဖို႔လိုပါတယ္။ မိမိရဲ႕ စိတ္အေျခအေန၊ ခံစားခ်က္ေတြကို ကိုယ္တိုင္သတိထားမိျပီး၊ စဥ္းစားဆင္ျခင္တုန္႔ျပန္ေျပာဆိုမွဳ (Respond )ျဖစ္ဖို႔လိုပါတယ္။ ဘယ္လိုပဲေျပာေျပာ အိုင္တီနည္းပညာသံုး လူမွဳကြန္ရက္ေတြေပၚက လူတစ္ဦးခ်င္းစီရဲ႕ အေရးအသား အေျပာအဆို အျပဳအမူေတြက သူတို႕ရဲ႕ စိတ္ခံစားမွဳပိုင္းဆိုင္ရာ အသိဥာဏ္ကို ထင္ဟပ္ေဖၚျပေနတယ္ဆိုတာကေတာ႔ေသခ်ာပါတယ္။

ယူတတ္သူေတြ၊ သံုးတတ္သူေတြ အတြက္ေတာ႔ လူမႈကြန္ရက္ေတြရဲ႕ အက်ိဳးကမ်ားလွသလို စိတ္ခံစားမွဳဆိုင္ရာ အသိဥာဏ္နည္းသူေတြအတြက္ကေတာ႔ အတြက္ လူမႈကြန္ရက္ကေပးတဲ႔ ဖိအားဆိုးက်ိဳးကို ေသခ်ာေပါက္ ခံစားရမွာေသခ်ာပါတယ္။ ဒါေၾကာင္႔  ရွဳပ္ေထြးေပြလီလွတဲ႔ လူမွဳနယ္ပယ္က လူမွဳကြန္ရက္ေတြကို စဥ္းစဥ္းစားစားသတိတရားထားျပီး မိမိေရာသူတပါးပါ အက်ိဳးရွိေအာင္ အသံုးခ်ႏိုင္ၾကေစဖို႕ ေရးသားတင္ျပလိုက္တာျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: