ယခင်တုန်းက ခရီးသွားရင် ဆိုင်ကယ်၊ ကား၊ သင်္ဘော၊ ရထားနဲ့ လေယာဉ်တို့ကို အသုံးပြုခဲ့ပေမယ့် နောင်လာမယ့် ၁၀ စုနှစ် တစ်ခုအတွင်းမှာတော့ Hyperloop တွေကို တွေ့မြင်ရတော့မှာပါ။ ကားနဲ့ခရီးသွားလို့ အချိန် ၁၀ နာရီကျော်လောက် ကြာတဲ့ခရီးကို Hyperloop နဲ့သွားမယ်ဆိုရင် အချိန် ၅၅ မိနစ်လောက်ဘဲ ကြာမှာပါ။ အဲ့ဒီတော့ Hyperloop ဆိုတာ ဘာလဲဆိုတာ လေ့လာကြည့်ရအောင်။
Hyperloop ကို ရုတ်တရက်ကြည့်လိုက်ရင် ပိုက်လိုင်းကြီး တစ်ခုနဲ့ တူပါတယ်။ ဟုတ်ပါတယ်။ အဲ့ဒီ ပိုက်လိုင်းကြီးထဲမှာ ခရီးသည်တွေ စီးနင်းလိုက်ပါနိုင်မှာ ဖြစ်ပါတယ်။ ထိုင်ခုံတွေ တပ်ဆင်ထားမှာ ဖြစ်ပြီး ထူးခြားချက် အဲ့ဒီ ထိုင်ခုံတွေဟာ ကြမ်းပြင်နဲ့မထိနေဘဲ သံလိုက်စွမ်းအင်နဲ့ လေထဲကို ကြွနေမှာ ဖြစ်ပါတယ်။ လျှပ်စစ်ရထားသဘောနဲ့ အနည်းငယ် ဆင်တူပါတယ်။ Hyperloop ဟာ 750MPH အမြန်နှုန်းအထိ သွားလာနိုင်တာ ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံက ကျည်ဆန်ရထားထက် ၂ ဆ မြန်ဆန်ပါတယ်။
လက်ရှိမှာတော့ Hyperloop ပရောဂျက်ကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သလို Hyperloop ရဲ့ သွားလာနိုင်မယ့် အမြန်နှုန်းနဲ့ အချိန်ကြာချိန်အကွာအဝေးကို အောက်ပါ ပုံနဲ့ ဗီဒီယိုကနေ လေ့လာနိုင်ပါတယ်။ ယခင်တုန်းက ခရီးသွားရင် ဆိုင်ကယ်၊ ကား၊ သင်္ဘော၊ ရထားနဲ့ လေယာဉ်တို့ကို အသုံးပြုခဲ့ပေမယ့် နောင်လာမယ့် ၁၀ စုနှစ် တစ်ခုအတွင်းမှာတော့ Hyperloop တွေကို တွေ့မြင်ရတော့မှာပါ။
Zawgyi Font : ၁၀စုနှစ်တစ်ခုမှာ မျက်ဝါးထင်ထင် မြင်တွေ့လာနိုင်ဖွယ်ရှိတဲ့ Hyperloop