Home News စမတ်ဖုန်းကို ဂိမ်းခလုတ်နဲ့မှ ကစားချင်သူတွေအတွက် Moto Z2 Play

စမတ်ဖုန်းကို ဂိမ်းခလုတ်နဲ့မှ ကစားချင်သူတွေအတွက် Moto Z2 Play

0

Motorola ကနေ ထုတ်တဲ့ Moto Z စီးရီးဟာ Modular စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး ဈေးကွက်မှာ အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဒါကြောင့် Motorola ကနေ Moto Z2 Play ဆိုတဲ့ Modular စမတ်ဖုန်း စီးရီးသစ်တစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။

Moto Z2 Play အကြောင်းမပြောခင် Modular စမတ်ဖုန်းအမျိုးအစားဆိုတာ ဘာလဲဆိုတာ အရင်ပြောပါမယ်။ Modular အမျိုးအစားစမတ်ဖုန်းတွေဟာ လိုအပ်သလို ထပ်မံပေါင်းစပ်နိုင်အောင် လုပ်ထားတဲ့ ဖုန်းတွေပါ။ ဖုန်းမှာ ကင်မရာ အသစ်တစ်လုံးကို တပ်မလား၊ ဒါမှမဟုတ် ဂိမ်း pad တွေ တပ်မလား စသဖြင့် Accessories တွေ ထပ်မံပေါင်းစပ်တပ်ဆင်နိုင်တဲ့ စမတ်ဖုန်းအမျိုးအစားကို ဆိုလိုတာပါ။

Moto Z2 Play ဟာဆိုရင် Mid-Range စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး Processor အနေနဲ့ Snapdragon 626 , RAM 3GB/4GB, Storage 32GB/ 64 GB, Battery 3000 mAh ပါဝင်ပါတယ်။ ကျောဘက်ကင်မရာကို 12MP f1.7 အရည်အသွေးရှိတဲ့အတွက် ပုံတွေကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မှာပါ။ Selfie ကင်မရာကိုတော့ 5MP နဲ့ flash မီးပါရှိပါတယ်။ ဒါကြောင့် ညမှောင်တဲ့အချိန်မှာလဲ selfie ရိုက်နိုင်မှာပါ။

ထူးခြားချက်အနေနဲ့ Modular type ဖြစ်တဲ့အတွက် Moto Z2 Play ဟာ ဂိမ်း pad လိုကစားနိုင်မယ့် Accessories, Wireless Charging Body, ဖြုတ်တပ်နိုင်တဲ့ Speaker တွေကိုလည်း တပ်ဆင်နိုင်ပါသေးတယ်။ ဒါပေမယ့် ဖုန်းဝယ်ရင်တော့ အဲ့ဒါတွေ ရမှာမဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုခြင်းဆီ လိုက်ဝယ်ရမှာပါ။ Moto Z2 Play မှာ စိတ်ဝင်စားဖို့အကောင်းဆုံး Accessory ကတော့ Game Pad ဘဲ ဖြစ်ပါတယ်။ ဒေါ်လာ ၈၀ တန်ဖိုးရှိပြီး Moto Z2 Play မှာ တပ်ဆင်ကစားရုံပါဘဲ။

Moto-GamePad

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ Turbo Power Pack ပါ။ ရုတ်တရက်ကြည့်လိုက်ရင် ဖုန်း ကာဗာလို့ ထင်ရပေမယ့် ဖုန်းမှာ တပ်လိုက်တဲ့အခါ ဖုန်းအား ၅၀ ရာခိုင်နှုန်းကို မိနစ် ၂၀ နဲ့ ဖြည့်သွင်းနိုင်တဲ့ Module box တစ်ခု ဖြစ်ပါတယ်။ နောက်ထပ် ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Accessories တွေကိုတော့ Motorola ကနေ ထပ်မံ ထုတ်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ Moto Z2 Play ရဲ့ ဈေးနှုန်းကတော့ ၄၉၉ ဒေါ်လာဖြစ်ပြီး မြန်မာငွေနဲ့ ခန့်မှန်းချေ ၆သိန်း၇သောင်းကျပ် လောက် တန်ဖိုးရှိပါတယ်။

turbo power pack

Zawgyi Font : စမတ္ဖုန္းကို ဂိမ္းခလုတ္နဲ႕မွ ကစားခ်င္သူေတြအတြက္ Moto Z2 Play

Motorola ကေန ထုတ္တဲ့ Moto Z စီးရီးဟာ Modular စမတ္ဖုန္းအမ်ိဳးအစားျဖစ္ျပီး ေစ်းကြက္မွာ ေအာင္ျမင္မႈေတြ ရခဲ့ပါတယ္။ ဒါေၾကာင့္ Motorola ကေန Moto Z2 Play ဆိုတဲ့ Modular စမတ္ဖုန္း စီးရီးသစ္တစ္ခုကို ထပ္မံမိတ္ဆက္လုိက္ပါတယ္။

Moto Z2 Play အေၾကာင္းမေျပာခင္ Modular စမတ္ဖုန္းအမ်ိဳးအစားဆိုတာ ဘာလဲဆိုတာ အရင္ေျပာပါမယ္။ Modular အမ်ိဳးအစားစမတ္ဖုန္းေတြဟာ လိုအပ္သလို ထပ္မံေပါင္းစပ္ႏုိင္ေအာင္ လုပ္ထားတဲ့ ဖုန္းေတြပါ။ ဖုန္းမွာ ကင္မရာ အသစ္တစ္လံုးကို တပ္မလား၊ ဒါမွမဟုတ္ ဂိမ္း pad ေတြ တပ္မလား စသျဖင့္ Accessories ေတြ ထပ္မံေပါင္းစပ္တပ္ဆင္ႏိုင္တဲ့ စမတ္ဖုန္းအမ်ိဳးအစားကို ဆိုလိုတာပါ။

Moto Z2 Play ဟာဆိုရင္ Mid-Range စမတ္ဖုန္းအမ်ိဳးအစားျဖစ္ျပီး Processor အေနနဲ႕ Snapdragon 626 , RAM 3GB/4GB, Storage 32GB/ 64 GB, Battery 3000 mAh ပါ၀င္ပါတယ္။ ေက်ာဘက္ကင္မရာကို 12MP f1.7 အရည္အေသြးရွိတဲ့အတြက္ ပံုေတြကို ၾကည္လင္ျပတ္သားစြာ ရုိက္ကူးႏုိင္မွာပါ။ Selfie ကင္မရာကိုေတာ့ 5MP နဲ႕ flash မီးပါရွိပါတယ္။ ဒါေၾကာင့္ ညေမွာင္တဲ့အခ်ိန္မွာလဲ selfie ရိုက္ႏိုင္မွာပါ။

ထူးျခားခ်က္အေနနဲ႕ Modular type ျဖစ္တဲ့အတြက္ Moto Z2 Play ဟာ ဂိမ္း pad လိုကစားႏုိင္မယ့္ Accessories, Wireless Charging Body, ျဖဳတ္တပ္ႏိုင္တဲ့ Speaker ေတြကိုလည္း တပ္ဆင္ႏုိင္ပါေသးတယ္။ ဒါေပမယ့္ ဖုန္း၀ယ္ရင္ေတာ့ အဲ့ဒါေတြ ရမွာမဟုတ္ပါဘူး။ ကိုယ္လုိခ်င္တဲ့ ပစၥည္းတစ္ခုျခင္းဆီ လိုက္၀ယ္ရမွာပါ။ Moto Z2 Play မွာ စိတ္၀င္စားဖို႕အေကာင္းဆံုး Accessory ကေတာ့ Game Pad ဘဲ ျဖစ္ပါတယ္။ ေဒၚလာ ၈၀ တန္ဖိုးရွိျပီး Moto Z2 Play မွာ တပ္ဆင္ကစားရံုပါဘဲ။

ေနာက္ထပ္ စိတ္၀င္စားဖို႕ေကာင္းတာကေတာ့ Turbo Power Pack ပါ။ ရုတ္တရက္ၾကည့္လုိက္ရင္ ဖုန္း ကာဗာလို႕ ထင္ရေပမယ့္ ဖုန္းမွာ တပ္လိုက္တဲ့အခါ ဖုန္းအား ၅၀ ရာခိုင္ႏႈန္းကို မိနစ္ ၂၀ နဲ႕ ျဖည့္သြင္းႏုိင္တဲ့ Module box တစ္ခု ျဖစ္ပါတယ္။ ေနာက္ထပ္ ပိုျပီးေတာ့ စိတ္၀င္စားဖို႕ေကာင္းတဲ့ Accessories ေတြကိုေတာ့ Motorola ကေန ထပ္မံ ထုတ္လုပ္သြားဖို႕ ရွိတယ္လို႕ သိရပါတယ္။ Moto Z2 Play ရဲ႕ ေစ်းႏႈန္းကေတာ့ ၄၉၉ ေဒၚလာျဖစ္ျပီး ျမန္မာေငြနဲ႕ ခန္႕မွန္းေခ် ၆သိန္း၇ေသာင္းက်ပ္ ေလာက္ တန္ဖိုးရွိပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: