Home Featured တိုင်းပြည်က သင့်ကို အရေးတကြီး လိုအပ်နေပါသည်

တိုင်းပြည်က သင့်ကို အရေးတကြီး လိုအပ်နေပါသည်

0

မြန်မာနိုင်ငံက အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပါပြီ။ အဖြူအစိမ်းတွေ လှုပ်လှုပ်ရွရွ မြင်လာရသလို ရင်သွေးရတနာတို့ရဲ့ အနာဂတ်အတွက် မျှော်မှန်းချက်ကြီးစွာထားတတ်ကြတဲ့မိဘတွေရဲ့ ရင်ကိုလည်း မှန်းဝင်ကြည့်မိပါရဲ့။ သားကြီးလာရင် အင်ဂျင်နီယာကြီးလုပ်မှာ၊ စစ်ဗိုလ်ကြီးလုပ်မှာ ၊ သမီးကတော့ ဆရာဝန်မကြီးလုပ်မှာ အားလုံးကတော့ အတွေးကိုယ်စီနဲ့ပါပဲ။ စာသင်ခန်းတွေဝင်ကြမယ်။ စာကို မနေမနား ကြိုးစားကြမယ်။ ဒီကာလအတွင်း ကလေးတွေရဲ့ ဗီဇနဲ့ဝါသနာပါတဲ့ အရာတွေကိုတောင် မိဘတွေက ခွင့်မပြုချင်ကြဘူး။

ကျောင်းဆိုတာလည်း အမှတ်များဖို့၊ စာမေးပွဲကောင်းကောင်းအောင်ဖို့နဲ့ အောင်ချက်ကောင်းဖို့ကလွဲရင် ဘာကိုမှတန်ဖိုးမထား။ ဆရာတွေဆိုတာကလည်း စာသင်ခန်းထဲရောက်ရင် ငါဆရာ၊ ငါပြောတာသာ မင်းတို့နားထောင်ရမယ်၊ ငါ့ကိုဘာမှဇောဒကမတက်နဲ့ဆိုတဲ့ မပြောင်းလဲတဲ့ အတွေးဟောင်းတွေနဲ့ စာသင်ခန်းကို စိုးမိုးနေရာယူထားတတ်ကြပါတယ်။ ဒီတော့ ကလေးတွေမှာ စာကျက်၊စာလုပ်၊ကျူရှင်၊ဒါတွေကလွဲပြီး ဘာမှ မလုပ်နိုင်တဲ့ ဘာင်ထဲမှာပဲကြီးပြင်းကြရတော့တာပေါ့။ အချိန်တန်ရင် ဉာဏ်ထက်တဲ့ ကလေးတွေက ဆရာဝန် အင်ဂျင်နီယာတွေဖြစ်မယ်။ သူလိုငါလို သမားကတော့ အလုပ်တစ်ခုခုရကောင်းရမယ်၊ ဘွဲ့လက်မှတ်ကို အိမ်ရဲ့ ဧည့်ခန်းထဲမှာနေရာချိတ်ပြီး စိတ်ထဲကြိတ်ကာ ဂုဏ်ယူကြရုံကလွဲပြီး ဘာမှထူးမလာပါဘူး။ ဘွဲ့လက်မှတ်တွေကို အလုပ်တစ်ခုလောက်ရဖို့အတွက်ပဲ ရည်မှန်းပြီးကြိုးစားနေကြသူတွေက ဒီနိုင်ငံမှာ အများသား။

ကျောင်းဖွင့်ရက်လေးမှာ အဖြူအစိမ်းတွေနဲ့အတူ မိဘတွေက လိုက်ပါပို့ဆောင်နေတာတွေမြင်ပြီး သူတို့ကိုမေးကြည့်ချင်မိတယ်။ ကိုယ့်သားသမီးတွေအပေါ် ဘယ်လောက်အထိ ရည်မှန်းထားပါသလဲလို့။ အများစုကတော့ အထက်မှာတင်ပြခဲ့သလို ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့ဝန်ထမ်းတစ်ခုခု၊ ဒါမှမဟုတ် အလုပ်တစ်ခုခုရဖို့ဆိုတာကိုပဲ ပြောကြမှာသေချာပါတယ်။ ဘာကြောင့်များ ငါ့သားသမီးတွေကြီးလာရင် နိုင်ငံတကာအထိခြေဆန့်နိုင်တဲ့ စွန့်ဦးထွင်လုပ်ငန်းရှင်ဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေမထားရဲကြတာလဲ။ နိုင်ငံတိုင်းမှာဝန်ထမ်းဆိုတာ နိုင်ငံလူဦးရေရဲ့ လူနည်းစုလုပ်ရင်လုံလောက်တဲ့လုပ်ငန်းပါ။

ဒီနေ့ နိုင်ငံတည်ဆောက်ရေးမှာ အရေးတစ်ကြီးလိုအပ်နေတာက လူငယ်စွန့်ဦးထွင်တွေဖြစ်ပါတယ်။ တိုင်းပြည်ဟာ ပညာရေးနိမ့်ကျခဲ့လို့ နည်းပညာလည်းနိမ့်ကျခဲ့တယ်။ လွန်ခဲ့တဲ့ ခေတ်ကာလ တစ်လျှောက်မှာလည်း အကြောင်းအမျိုးမျိုးသော ပယောဂတွေရယ်၊ ကုန်ထုတ်လုပ်ငန်းထက် ဝယ်ရောင်းက ငွေရချောင်တာရယ်ကြောင့် ကုန်သည်အများစုကလည်း ဝယ်ရောင်းပဲလုပ်ခဲ့ကြတယ်။ စီးပွားရေးသဘောအရဆိုရင်တော့ ငွေကြေးလည်ပတ်စီးဆင်းတဲ့ Cash Flow ထက် အရင်းတိုးဖို့ Capital Gain ကိုပဲ အသားပေးခဲ့ကြတဲ့အတွက် မိမိပြည်တွင်းမှာ ဘာထုတ်ကုန်တွေကိုမှ မယ်မယ်ရရ မထုတ်လုပ်နိုင်ခဲ့ဘူး။ ထုတ်ကုန်တွေထုတ်ပြန်တော့လည်း သူများကို မယှဉ်နိုင်ပြန်ဘူး။ ဒါကြောင့် မနက်မိုးလင်းကနေ အိပ်ရာဝင်ချိန်အထိ လိုသမျှအရာအားလုံးနီးပါးကို အိမ်နီးချင်းနိုင်ငံတွေက ဝယ်ယူတင်သွင်းနေရတယ်။ ဒီအတွက်နိုင်ငံမှာ ကုန်သွယ်မှုလို ငွေအမြဲပြနေတော့တာပါပဲ။ လွယ်လွယ်စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဘာမှမရောင်းနိုင်တဲ့သူ ၊ ရောင်းစရာမရှိတဲ့သူဆီကို ဘယ်လိုလုပ်ငွေဝင်လာပါ့မလဲ။ ဒါပေမယ့် ကိုယ့်မှာသာ ရောင်းစရာမရှိတာ နေ့စဉ်လိုအပ်ချက်တွေကတော့ မဝယ်မဖြစ် ချေးငှားပြီး ဝယ်နေရတာပါဘဲ။ ဒီတော့  ဒီနိုင်ငံ မမွဲရင် ဘယ်နိုင်ငံမွဲမလဲ။

ဒီသံသရာဆိုးကြီးကို တိုက်ဖျက်နိုင်ဖို့ သူများမလုပ်သေးတဲ့၊ မတွေးသေးတဲ့ ထုတ်ကုန်ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုခုကို တွေးဆကြံစည်ပြီး စွန့်စားလုပ်ကိုင်မယ့် လူငယ်စွန့်ဦးထွင်တွေ ပေါ်ထွက်လာဖို့နဲ့ သူတို့ကို တိုးတက်အောင် မြှင့်တင်ပေးနိုင်မယ့် ငွေကြေး အရင်းအမြစ်တွေ ဖြစ်ထွန်းလာဖို့လိုပါတယ်။ ပြည်ပသွင်းကုန် အစားထိုးနိုင်ရာကနေ ပြည်ပအထိခြေဆန့်နိုင်အောင် အားထုတ်နိုင်တဲ့ လူငယ်မျိုးဆက်သစ်တွေများများ ပေါ်ထွက်လာဖို့ လိုနေပါပြီ။ စာဖတ်သူသာ လူငယ်တစ်ယောက်ဖြစ်နေရင် သင်တိုင်းပြည်အတွက် ဘာတွေလုပ်နေလဲလို့ မေးပါရစေ။ သင်က ဟာ တိုင်းပြည်အတွက် လုပ်တာပေါ့၊ကျနော်ကျမတို့က ပါတီတစ်ခုရဲ့ လူငယ်တွေလေ၊ ဘယ်ပရဟိတအဖွဲ့မှာ လုပ်နေတာ ဘယ်လောက်ကြာပြီ ဆိုပြီးအားတက်သရောဖြေကောင်းဖြေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံမှာဒါတွေခေတ်စားနေတယ်လေ။

Global-Business-Relationships

မကြာခဏဆိုသလို လူငယ်တွေ အလှူခံပြီး ပရဟိတတွေလုပ်နေတာတွေ့ရပါတယ်။ အပျက်သဘောရှုမြင်တာမဟုတ်ပါဘူး။ လူငယ်တွေလုပ်ငန်းထူထောင်ပြီး ပြည်ပထွက် မားကက်တင်းလုပ်ရမယ့်အချိန်မှာ အတိတ်ကလူကြီးတွေ အမြော်အမြင်မရှိခဲ့ကြလို့ ဒီလိုလုပ်နေရတယ်လို့ပဲမြင်ပါတယ်။ တကယ်တော့ တိုင်းပြည်အတွက် နိုင်ငံခြားငွေရှာဖွေပေးနိုင်ပြီး အများပြည်သူထာဝရအကျိုးခံစားနိုင်အောင်စွမ်းဆောင်နိုင်တဲ့ သင့်ကိုလိုအပ်နေပါတယ်။ သင်ဆိုတာ ဆန်းသစ်တီထွင်နိုင်တဲ့သင်၊ လုပ်ငန်းထူထောင်နိုင်တဲ့သင်၊ ပြည်ပဝင်ငွေရှာပေးနိုင်တဲ့သင်၊ အများပြည်သူကို စီးပွားတိုးတက်လာအောင် ဖန်တီးပေးနိုင်တဲ့သင့်ကို တိုင်းပြည်က အရေးတကြီးလိုအပ်နေပါတယ်။

အနီးစပ်ဆုံးနမူနာတစ်ခုပေးပါမယ်။ သင်ရန်ကုန်မြို့မှာ Ocean နဲ့  City Mart ကို ရောက်ဖူးတယ်ဆိုရင် Tao Kae Noi ဆိုတဲ့ ပင်လယ်ရေညှိ စားစရာအထုတ်လေးကို သတိထားမိကောင်းထားမိပါလိမ့်မယ်။ ဒီစားကုန်ရဲ့အရှင်သခင်က ထိုင်းတရုတ်လေး Aitthipat ဆိုတဲ့ ကောင်လေးတစ်ယောက်ပါ။ 1984 နိုဝင်ဘာမှာမွေးတာပါ။ မိဘတွေ အကြွေးထူပြီး ဒေဝါလီခံရတဲ့အတွက် တရုတ်ကိုပြန်တဲ့အချိန်မှာ ထိုင်းမှာ ကျန်ခဲ့ပြီး ဒီထုတ်ကုန်ဖြစ်လာဖို့ ကြိုးစားရုန်းကန်ခဲ့သူပါ။ အသက်(၁၇)နှစ်မှာ အရောင်းသမားဘဝကိုစခဲ့ပြီး ၂၀၀၃ခုနှစ် သူ့အသက် (၁၉)နှစ်မှာ Tao Kae Noi  Food and Marketing company ကိုစထောင်ပါတယ်။ ၂၀၁၆ မှာ ဒေါ်လာ သန်း၄၀၀ နီးပါးချမ်းသာခဲ့ပါပြီ။ ခုနေခါမှာတော့ အများပိုင် ကုမ္မဏီတစ်ခုအဖြစ် နိုင်ငံပေါင်းများစွာကို ဈေးကွက်ထိုးဖေါက်လျက်ရှိပါတယ်။

Tao Kae Noi

အခုတော့ ရန်ကုန်ကိုရောက်လာပြီမို့ သင့်အိတ်ကပ်ထဲက ပိုက်ဆံတွေကိုတောင်နှိုက်ယူပြီးလောက်ပြီထင်ပါတယ်။ ကဲ မြန်မာလူငယ်တွေမညံ့ပါဘူး။ သင့်ရဲ့ စွန့်ဦးတီထွင်မှုကို တိုင်းပြည်က အထူးလိုအပ်နေပါတယ်။ တိုင်းပြည်အတွက်အကျိုးပြုတဲ့ လူငယ်တွေအမြန်ဆုံးပေါ်ပေါက်ပါစေလို့ဆုတောင်းမိပါတယ်။

Zawgyi Font : တိုင္းျပည္က သင့္ကို အေရးတၾကီး လိုအပ္ေနပါသည္

ျမန္မာႏိုင္ငံက အေျခခံပညာေက်ာင္းေတြ ျပန္ဖြင္႔ပါျပီ။ အျဖဴအစိမ္းေတြ လႈပ္လႈပ္ရြရြ ျမင္လာရသလို ရင္ေသြးရတနာတို႔ရဲ႕ အနာဂတ္အတြက္ ေမွ်ာ္မွန္းခ်က္ၾကီးစြာထားတတ္ၾကတဲ႔မိဘေတြရဲ႕ ရင္ကိုလည္း မွန္း၀င္ၾကည္႔မိပါရဲ႕။ သားၾကီးလာရင္ အင္ဂ်င္နီယာၾကီးလုပ္မွာ၊ စစ္ဗုိလ္ၾကီးလုပ္မွာ ၊ သမီးကေတာ႔ ဆရာ၀န္မၾကီးလုပ္မွာ အားလံုးကေတာ႔ အေတြးကိုယ္စီနဲ႔ပါပဲ။ စာသင္ခန္းေတြ၀င္ၾကမယ္။ စာကို မေနမနား ၾကိဳးစားၾကမယ္။ ဒီကာလအတြင္း ကေလးေတြရဲ႕ ဗီဇနဲ႔၀ါသနာပါတဲ႔ အရာေတြကိုေတာင္ မိဘေတြက ခြင္႔မျပဳခ်င္ၾကဘူး။

ေက်ာင္းဆိုတာလည္း အမွတ္မ်ားဖို႔၊ စာေမးပြဲေကာင္းေကာင္းေအာင္ဖို႔နဲ႔ ေအာင္ခ်က္ေကာင္းဖို႔ကလြဲရင္ ဘာကိုမွတန္ဖိုးမထား။ ဆရာေတြဆိုတာကလည္း စာသင္ခန္းထဲေရာက္ရင္ ငါဆရာ၊ ငါေျပာတာသာ မင္းတို႔နားေထာင္ရမယ္၊ ငါ့ကိုဘာမွေဇာဒကမတက္နဲ႔ဆိုတဲ႔ မေျပာင္းလဲတဲ့ အေတြးေဟာင္းေတြနဲ႔ စာသင္ခန္းကို စိုးမိုးေနရာယူထားတတ္ၾကပါတယ္။ ဒီေတာ႔ ကေလးေတြမွာ စာက်က္၊စာလုပ္၊က်ဴရွင္၊ဒါေတြကလြဲျပီး ဘာမွ မလုပ္ႏိုင္တဲ့ ဘာင္ထဲမွာပဲၾကီးျပင္းၾကရေတာ႔တာေပါ႔။ အခ်ိန္တန္ရင္ ဥာဏ္ထက္တဲ႔ ကေလးေတြက ဆရာ၀န္ အင္ဂ်င္နီယာေတြျဖစ္မယ္။ သူလိုငါလို သမားကေတာ႔ အလုပ္တစ္ခုခုရေကာင္းရမယ္၊ ဘြဲ႕လက္မွတ္ကို အိမ္ရဲ႕ ဧည္႔ခန္းထဲမွာေနရာခ်ိတ္ျပီး စိတ္ထဲၾကိတ္ကာ ဂုဏ္ယူၾကရံုကလြဲျပီး ဘာမွထူးမလာပါဘူး။ ဘြဲ႕လက္မွတ္ေတြကို အလုပ္တစ္ခုေလာက္ရဖို႔အတြက္ပဲ ရည္မွန္းျပီးၾကိဳးစားေနၾကသူေတြက ဒီႏိုင္ငံမွာ အမ်ားသား။

ေက်ာင္းဖြင္႔ရက္ေလးမွာ အျဖဴအစိမ္းေတြနဲ႔အတူ မိဘေတြက လိုက္ပါပို႔ေဆာင္ေနတာေတြျမင္ျပီး သူတို႔ကိုေမးၾကည္႔ခ်င္မိတယ္။ ကိုယ္႔သားသမီးေတြအေပၚ ဘယ္ေလာက္အထိ ရည္မွန္းထားပါသလဲလို႔။ အမ်ားစုကေတာ႔ အထက္မွာတင္ျပခဲ႔သလို ထူးခြ်န္ထက္ျမက္တဲ႕ ႏိုင္ငံ့၀န္ထမ္းတစ္ခုခု၊ ဒါမွမဟုတ္ အလုပ္တစ္ခုခုရဖို႔ဆိုတာကိုပဲ ေျပာၾကမွာေသခ်ာပါတယ္။ ဘာေၾကာင္႔မ်ား ငါ့သားသမီးေတြၾကီးလာရင္ ႏိုင္ငံတကာအထိေျခဆန္႔ႏိုင္တဲ႔ စြန္႔ဦးထြင္လုပ္ငန္းရွင္ျဖစ္ရမယ္ဆိုတဲ့ ေမွ်ာ္လင္႔ခ်က္ေတြမထားရဲၾကတာလဲ။ ႏိုင္ငံတိုင္းမွာ၀န္ထမ္းဆိုတာ ႏိုင္ငံလူဦးေရရဲ႕ လူနည္းစုလုပ္ရင္လံုေလာက္တဲ့လုပ္ငန္းပါ။

ဒီေန႔ ႏိုင္ငံတည္ေဆာက္ေရးမွာ အေရးတစ္ၾကီးလိုအပ္ေနတာက လူငယ္စြန္႔ဦးထြင္ေတြျဖစ္ပါတယ္။ တိုင္းျပည္ဟာ ပညာေရးနိမ္႔က်ခဲ႔လို႔ နည္းပညာလည္းနိမ္႔က်ခဲ႔တယ္။ လြန္ခဲ့တဲ့ ေခတ္ကာလ တစ္ေလွ်ာက္မွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေသာ ပေယာဂေတြရယ္၊ ကုန္ထုတ္လုပ္ငန္းထက္ ၀ယ္ေရာင္းက ေငြရေခ်ာင္တာရယ္ေၾကာင္႔ ကုန္သည္အမ်ားစုကလည္း ၀ယ္ေရာင္းပဲလုပ္ခဲ႕ၾကတယ္။ စီးပြားေရးသေဘာအရဆိုရင္ေတာ႔ ေငြေၾကးလည္ပတ္စီးဆင္းတဲ႕ Cash Flow ထက္ အရင္းတိုးဖို႔ Capital Gain ကိုပဲ အသားေပးခဲ့ၾကတဲ႔အတြက္ မိမိျပည္တြင္းမွာ ဘာထုတ္ကုန္ေတြကိုမွ မယ္မယ္ရရ မထုတ္လုပ္ႏိုင္ခဲ႔ဘူး။ ထုတ္ကုန္ေတြထုတ္ျပန္ေတာ႔လည္း သူမ်ားကို မယွဥ္ႏိုင္ျပန္ဘူး။ ဒါေၾကာင္႔ မနက္မိုးလင္းကေန အိပ္ရာ၀င္ခ်ိန္အထိ လိုသမွ်အရာအားလံုးနီးပါးကို အိမ္နီးခ်င္းႏိုင္ငံေတြက ၀ယ္ယူတင္သြင္းေနရတယ္။ ဒီအတြက္ႏိုင္ငံမွာ ကုန္သြယ္မႈလို ေငြအျမဲျပေနေတာ႔တာပါပဲ။ လြယ္လြယ္စဥ္းစားၾကည့္ရင္ သိႏိုင္ပါတယ္။ ဘာမွမေရာင္းႏိုင္တဲ႔သူ ၊ ေရာင္းစရာမရွိတဲ႔သူဆီကို ဘယ္လိုလုပ္ေငြ၀င္လာပါ႔မလဲ။ ဒါေပမယ္႔ ကိုယ့္မွာသာ ေရာင္းစရာမရွိတာ ေန႔စဥ္လိုအပ္ခ်က္ေတြကေတာ႔ မ၀ယ္မျဖစ္ ေခ်းငွားျပီး ၀ယ္ေနရတာပါဘဲ။ ဒီေတာ့  ဒီႏိုင္ငံ မမြဲရင္ ဘယ္ႏိုင္ငံမြဲမလဲ။

ဒီသံသရာဆိုးၾကီးကို တိုက္ဖ်က္ႏိုင္ဖို႔ သူမ်ားမလုပ္ေသးတဲ့၊ မေတြးေသးတဲ႕ ထုတ္ကုန္ဒါမွမဟုတ္ ၀န္ေဆာင္မွဳတစ္ခုခုကို ေတြးဆၾကံစည္ျပီး စြန္႔စားလုပ္ကိုင္မယ္႔ လူငယ္စြန္႔ဦးထြင္ေတြ ေပၚထြက္လာဖို႔နဲ႔ သူတို႕ကို တိုးတက္ေအာင္ ျမွင့္တင္ေပးႏိုင္မယ့္ ေငြေၾကး အရင္းအျမစ္ေတြ ျဖစ္ထြန္းလာဖို႔လိုပါတယ္။ ျပည္ပသြင္းကုန္ အစားထိုးႏိုင္ရာကေန ျပည္ပအထိေျခဆန္႔ႏိုင္ေအာင္ အားထုတ္ႏိုင္တဲ႔ လူငယ္မ်ိဳးဆက္သစ္ေတြမ်ားမ်ား ေပၚထြက္လာဖို႔ လိုေနပါျပီ။ စာဖတ္သူသာ လူငယ္တစ္ေယာက္ျဖစ္ေနရင္ သင္တိုင္းျပည္အတြက္ ဘာေတြလုပ္ေနလဲလို႕ ေမးပါရေစ။ သင္က ဟာ တိုင္းျပည္အတြက္ လုပ္တာေပါ႔၊က်ေနာ္က်မတို႔က ပါတီတစ္ခုရဲ႕ လူငယ္ေတြေလ၊ ဘယ္ပရဟိတအဖြဲ႔မွာ လုပ္ေနတာ ဘယ္ေလာက္ၾကာျပီ ဆိုျပီးအားတက္သေရာေျဖေကာင္းေျဖႏိုင္ပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ႔ ဒီႏိုင္ငံမွာဒါေတြေခတ္စားေနတယ္ေလ။

မၾကာခဏဆိုသလို လူငယ္ေတြ အလွဴခံျပီး ပရဟိတေတြလုပ္ေနတာေတြ႔ရပါတယ္။ အပ်က္သေဘာရွဳျမင္တာမဟုတ္ပါဘူး။ လူငယ္ေတြလုပ္ငန္းထူေထာင္ျပီး ျပည္ပထြက္ မားကက္တင္းလုပ္ရမယ္႔အခ်ိန္မွာ အတိတ္ကလူၾကီးေတြ အေျမာ္အျမင္မရွိခဲ႕ၾကလို႔ ဒီလိုလုပ္ေနရတယ္လို႔ပဲျမင္ပါတယ္။ တကယ္ေတာ႔ တိုင္းျပည္အတြက္ ႏိုင္ငံျခားေငြရွာေဖြေပးႏိုင္ျပီး အမ်ားျပည္သူထာ၀ရအက်ိဳးခံစားႏိုင္ေအာင္စြမ္းေဆာင္ႏိုင္တဲ႔ သင္႔ကိုလိုအပ္ေနပါတယ္။ သင္ဆိုတာ ဆန္းသစ္တီထြင္ႏိုင္တဲ႔သင္၊ လုပ္ငန္းထူေထာင္ႏိုင္တဲ့သင္၊ ျပည္ပ၀င္ေငြရွာေပးႏိုင္တဲ႔သင္၊ အမ်ားျပည္သူကို စီးပြားတိုးတက္လာေအာင္ ဖန္တီးေပးႏိုင္တဲ့သင့္ကို တိုင္းျပည္က အေရးတၾကီးလိုအပ္ေနပါတယ္။

အနီးစပ္ဆံုးနမူနာတစ္ခုေပးပါမယ္။ သင္ရန္ကုန္ျမိဳ႕မွာ Ocean နဲ႔  City Mart ကို ေရာက္ဖူးတယ္ဆိုရင္ Tao Kae Noi ဆိုတဲ႔ ပင္လယ္ေရညွိ စားစရာအထုတ္ေလးကို သတိထားမိေကာင္းထားမိပါလိမ္႔မယ္။ ဒီစားကုန္ရဲ႕အရွင္သခင္က ထိုင္းတရုတ္ေလး Aitthipat ဆိုတဲ႔ ေကာင္ေလးတစ္ေယာက္ပါ။ 1984 ႏို၀င္ဘာမွာေမြးတာပါ။ မိဘေတြ အေၾကြးထူျပီး ေဒ၀ါလီခံရတဲ႔အတြက္ တရုတ္ကိုျပန္တဲ႔အခ်ိန္မွာ ထိုင္းမွာ က်န္ခဲ႔ျပီး ဒီထုတ္ကုန္ျဖစ္လာဖို႔ ၾကိဳးစားရုန္းကန္ခဲ႔သူပါ။ အသက္(၁၇)ႏွစ္မွာ အေရာင္းသမားဘ၀ကိုစခဲ့ျပီး ၂၀၀၃ခုႏွစ္ သူ႔အသက္ (၁၉)ႏွစ္မွာ Tao Kae Noi  Food and Marketing company ကိုစေထာင္ပါတယ္။ ၂၀၁၆ မွာ ေဒၚလာ သန္း၄၀၀ နီးပါးခ်မ္းသာခဲ႔ပါျပီ။ ခုေနခါမွာေတာ႔ အမ်ားပိုင္ ကုမၼဏီတစ္ခုအျဖစ္ ႏိုင္ငံေပါင္းမ်ားစြာကို ေစ်းကြက္ထိုးေဖါက္လ်က္ရွိပါတယ္။

Tao Kae Noi

အခုေတာ႔ ရန္ကုန္ကိုေရာက္လာျပီမို႔ သင့္အိတ္ကပ္ထဲက ပိုက္ဆံေတြကိုေတာင္ႏိႈက္ယူျပီးေလာက္ျပီထင္ပါတယ္။ ကဲ ျမန္မာလူငယ္ေတြမညံ႔ပါဘူး။ သင့္ရဲ႕ စြန္႔ဦးတီထြင္မႈကို တိုင္းျပည္က အထူးလိုအပ္ေနပါတယ္။ တိုင္းျပည္အတြက္အက်ိဳးျပဳတဲ႔ လူငယ္ေတြအျမန္ဆံုးေပၚေပါက္ပါေစလို႔ဆုေတာင္းမိပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: