၂၀၁၄ခုနှစ်နောက်ပိုင်းကစပြီး လျှပ်စစ်ကားတွေ စတင် ခေတ်စားလာခဲ့ပေမယ့် လျှပ်စစ်ဘတ်စ်ကားတွေကိုတော့ မတွေ့ရှိရပါဘူး။ ယခုနောက်ပိုင်းမှာ သာမန်အိမ်စီးလျှပ်စစ်ကားတွေမှတစ်ဆင့် ဇိမ်ခံနဲ့ ပြိုင်ကားအမျိုးအစား လျှပ်စစ်ကားတွေကိုပါ တီထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
ကိုးရီးယား မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Hyundai ကတော့ လျှပ်စစ်ဘတ်စ်ကား အမျိုးအစားကို ၂၀၁၈ ခုနှစ်မှ စတင်မိတ်ဆက်ပြသသွားမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။ Elec City လို့အမည်ပေးထားတဲ့ လျှပ်စစ်ဘတ်စ်ကားဟာ Hyundai ရဲ့ ပထမဆုံးသော လျှပ်စစ်ဘတ်စ်ကား ဖြစ်ပါတယ်။
၂၅၆ ကီလိုဝပ်ဘတ်ထရီပါရှိပြီး မိုင်ပေါင်း ၁၈၀ အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ တစ်နာရီကျော်ခန့်အားသွင်းရုံနဲ့ အားပြည့်မှာ ဖြစ်ပြီး ခန့်မှန်းချက်များအရ မြို့တွင်းနဲ့ အရမ်းအဝေးတဲ့ ခရီးစဉ်တွေအတွက် ထုတ်လုပ်တာ ဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။
Hyundai အနေနဲ့ အဆိုပါ လျှပ်စစ်ဘတ်စ်ကားကို မြောက်အမေရိကားကို တင်သွင်းဖို့ မသေချာသေးကြောင်း သိရှိရပါတယ်။ Hyundai အနေနဲ့ မြောက်အမေရိကားကို တင်သွင်းမယ်ဆိုရင် Proterra, BYD နဲ့ Telsa တို့ရဲ့ ဈေးကွက်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Proterra က ထုတ်တဲ့ Catalyst E2 ဟာ ဘတ်ထရီပါဝါ ၆၆၀ ကီလိုဝပ် ဖြစ်ပြီး မိုင်ပေါင်း ၃၅၀ အကွာအဝေးထိ မောင်းနှင်နိုင်ပါတယ်။
ဒါပေမယ့် ဈေးနှုန်းအတိအကျနဲ့ ဈေးကွက်တင်သွင်းမယ့်နိုင်ငံကိုတော့ ၂၀၁၈ ခုနှစ်မှ Hyundai က အတိအလင်းကြေငြာမှာ ဖြစ်ပါတယ်။
Zawgyi Font : Hyundai ၏ ပထမဆံုးေသာ လွ်ပ္စစ္ဘတ္စ္ကားကို ၂၀၁၈ ခုႏွစ္တြင္ စတင္မိတ္ဆက္မည္
၂၀၁၄ခုႏွစ္ေနာက္ပိုင္းကစျပီး လွ်ပ္စစ္ကားေတြ စတင္ ေခတ္စားလာခဲ့ေပမယ့္ လွ်ပ္စစ္ဘတ္စ္ကားေတြကိုေတာ့ မေတြ႕ရွိရပါဘူး။ ယခုေနာက္ပိုင္းမွာ သာမန္အိိမ္စီးလွ်ပ္စစ္ကားေတြမွတစ္ဆင့္ ဇိမ္ခံနဲ႕ ျပိဳင္ကားအမ်ိဳးအစား လွ်ပ္စစ္ကားေတြကိုပါ တီထြင္ထုတ္လုပ္ႏုိင္ခဲ့ပါတယ္။
ကိုးရီးယား ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးကုမၸဏီၾကီးျဖစ္တဲ့ Hyundai ကေတာ့ လွ်ပ္စစ္ဘတ္စ္ကား အမ်ိဳးအစားကို ၂၀၁၈ ခုႏွစ္မွ စတင္မိတ္ဆက္ျပသသြားမွာ ျဖစ္တယ္လို႕ ေၾကျငာထားပါတယ္။ Elec City လို႕အမည္ေပးထားတဲ့ လွ်ပ္စစ္ဘတ္စ္ကားဟာ Hyundai ရဲ႕ ပထမဆံုးေသာ လွ်ပ္စစ္ဘတ္စ္ကား ျဖစ္ပါတယ္။
၂၅၆ ကီလို၀ပ္ဘတ္ထရီပါရွိျပီး မိုင္ေပါင္း ၁၈၀ အထိ ေမာင္းႏွင္ႏုိင္မွာ ျဖစ္ပါတယ္။ တစ္နာရီေက်ာ္ခန္႕အားသြင္းရံုနဲ႕ အားျပည့္မွာ ျဖစ္ျပီး ခန္႕မွန္းခ်က္မ်ားအရ ျမိဳ႕တြင္းနဲ႕ အရမ္းအေ၀းတဲ့ ခရီးစဥ္ေတြအတြက္ ထုတ္လုပ္တာ ျဖစ္တယ္လို႕ မွတ္ခ်က္ျပဳၾကပါတယ္။
Hyundai အေနနဲ႕ အဆိုပါ လွ်ပ္စစ္ဘတ္စ္ကားကို ေျမာက္အေမရိကားကို တင္သြင္းဖို႕ မေသခ်ာေသးေၾကာင္း သိရွိရပါတယ္။ Hyundai အေနနဲ႕ ေျမာက္အေမရိကားကို တင္သြင္းမယ္ဆိုရင္ Proterra, BYD နဲ႕ Telsa တို႕ရဲ႕ ေစ်းကြက္နဲ႕ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။ Proterra က ထုတ္တဲ့ Catalyst E2 ဟာ ဘတ္ထရီပါ၀ါ ၆၆၀ ကီလို၀ပ္ ျဖစ္ျပီး မိုင္ေပါင္း ၃၅၀ အကြာအေ၀းထိ ေမာင္းႏွင္ႏုိင္ပါတယ္။
ဒါေပမယ့္ ေစ်းႏႈန္းအတိအက်နဲ႕ ေစ်းကြက္တင္သြင္းမယ့္ႏုိင္ငံကိုေတာ့ ၂၀၁၈ ခုႏွစ္မွ Hyundai က အတိအလင္းေၾကျငာမွာ ျဖစ္ပါတယ္။