လူမှုကွန်ရက်တွေမှာ follower များလာတာနဲ့အမျှ လူသိပိုမိုများ့ပြားလာပြီး follower များရင် လူအတော်များများက အထင်ကြီးကြပါတယ်။ အချို့ကျတော့ follower များလာအောင် fake software တွေနဲ့ လုပ်ကြသလို အကောင့်တုတွေနဲ့လည်း လုပ်တတ်ကြပါတယ်။
အဲ့ဒီလိုဘဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Twitter Follower တစ်ဝက်ဟာလည်း အကောင့်တု တွေ ဖြစ်နေကြပါတယ်။ ဇန်နဝါရီလ မှာ ထရမ့်ရဲ့ Twitter Follower ဟာ ရုတ်ချည်းမြင့်တက်သွားပြီး ပေါ်ပြူလာဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဇာတ်ညွှန်းရေးဆရာ ဂျွန်နီဗန် ကတော့ ပထမဆုံးအနေနဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Twitter Follower အရေအတွက်ကို ထောက်ပြခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ Twitter Follower ၃၁ သန်း မှာ တစ်ဝက်လောက်ဟာ Profile ပုံမရှိခြင်း၊ Cover ပုံမရှိခြင်း၊ Tweet တစ်ကြောင်းမှ မရေးထားခြင်း စတဲ့ ဟာကွက်တွေရှိနေခဲ့ပြီး အကောင့်တုတွေ ဖြစ်ကြောင်းကို သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ Twitter Follower အတုပေါင်း ၁၅ သန်းကျော်ခန့် ရှိခဲ့တယ်လို့ ဖော်ထုတ်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အရှက်ရစေခဲ့ပါတယ်။
Zawgyi Font : အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Twitter Follower တစ်ဝက်ခန့်သည် အကောင့်တုများဖြစ်နေ