Home News Android ရဲ့ ဖခင်ကြီး Andy Rubin ထုတ်လုပ်တဲ့ Essential စမတ်ဖုန်း

Android ရဲ့ ဖခင်ကြီး Andy Rubin ထုတ်လုပ်တဲ့ Essential စမတ်ဖုန်း

0

Andy Rubin ဟာ Android OS ကို စတင်တီထွင်ဖန်တီးခဲ့သူဖြစ်ပြီး ယခုအချိန်မှာတော့ Essential ဆိုတဲ့ စမတ်ဖုန်းအမျိုးအစားသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ သာမန်အားဖြင့် စမတ်ဖုန်းကုမ္ပဏီအသစ်တစ်ခုကို တော်ရုံလူ စိတ်မဝင်စားကြပေမယ့် Andy Rubin ရဲ့ Essential ကိုတော့ လူတိုင်းနီးပါး စိတ်ဝင်စားနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Andy Rubin ဟာ Android ရဲ့ ဖခင်ကြီးဆိုတဲ့ ဂုဏ်ဒြပ်ကိုရရှိထားပြီး Andy Rubin ကိုယ်တိုင် ထုတ်လုပ်မယ့် စမတ်ဖုန်းဟာ အခြား စမတ်ဖုန်းတွေထက် ပိုမိုသာလွန်မယ်ဆိုတာ မထုတ်ခင်ထဲက လူတိုင်းယုံကြည်နေကြလို့ဘဲ ဖြစ်ပါတယ်။

Essential PH-1 ရဲ့ အကြောင်းကို စတင်လေ့လာကြည့်ရအောင်။

၁။ Hardware Specification

Processor အပိုင်းက စကြည့်မယ်ဆိုရင် Snapdragon 835 SOC တပ်ဆင်ထားပါတယ်။ ဒါကြောင့် Process တိုင်းကို လျှင်မြန်စွာနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ RAM 4GB, Storage 128GB ဖြစ်တာကြောင့် လျှင်မြန်စွာ အသုံးပြုနိုင်မှာ ဖြစ်သလို အချက်အလက်တွေကိုလည်း အများကြီးသိမ်းနိုင်မှာပါ။ ဘတ်ထရီကိုတော့ 3040 mAh ပမာဏ ထည့်သွင်းထားပေးပြီး USB Type-C ဖြစ်တာကြောင့် Fast Charging သုံးနိုင်မှာပါ။

၂။ မျက်နှာပြင်

မျက်နှာပြင် ၅.၇ လက်မအရွယ်အစားရှိပြီး 2560 x 1312 Resolution ရှိတဲ့အတွက် တစ်ကယ့်ကို ရုပ်ထွက်တွေက ကြည်လင်ပြတ်သားပြီး အရောင်စိုပြေနေမှာပါ။ Bezel-Less Display ဖြစ်တဲ့အတွက် Samsung Galaxy S8 မျက်နှာပြင်ပုံစံမျိုး ဖြစ်ပါတယ်။ Aspect Ratio 19:10 ဖြစ်ပြီး ဖုန်းမျက်နှာပြင်က အပြည့်ဖြစ်တဲ့အတွက် တစ်ကယ့်ကို အလန်းစားပါဘဲ။

essential-ph-1-display

၃။ ကင်မရာ

Essential စမတ်ဖုန်းရဲ့ ကင်မရာဟာ အကောင်းဆုံးလို့ ကြေငြာထားပါတယ်။ ကျောဘက်ကင်မရာကို Dual Camera တပ်ဆင်ထားပေးပြီး 13 MP အရည်အသွေးရှိပါတယ်။ Aperture f/1.85 lens ဖြစ်တဲ့အတွက် ကိုင်တတ်မယ်ဆိုရင် ပရော်ဖက်ရှင်နယ် ကင်မရာသမားတစ်ယောက်လို လုပ်ဆောင်နိုင်မှာပါ။ Selfie Camera ကိုတော့ 8 MP အရည်အသွေးရှိပြီး Aperture f/2.2 ဖြစ်တဲ့အတွက် Selfie ကိုလည်း အခြားဖုန်းတွေထက် သာလွန်ပြီး ရိုက်နိုင်မှာပါ။ ထူးခြားချက်အနေနဲ့ ကျောဘက်ကင်မရာနဲ့ selfie ကင်မရာ နှစ်ခုလုံးဟာ 4K အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။

essential-ph-1-camera

၄။ ကိုယ်ထည်

ကိုယ်ထည်ပိုင်းပြောရရင် တစ်ကယ့်ကို အလန်းစားပါဘဲ။ အခြားစမတ်ဖုန်းကုမ္ပဏီတွေဟာ ကိုယ်ထည်ကို အလူမီနီယံ နဲ့ ထုတ်လုပ်ကြပေမယ့် Essential ကတော့ တိုက်တေနီယမ် ကိုယ်ထည်နဲ့ ထုတ်လုပ်ထားပါတယ်။ တိုက်တေနီယမ် ဟာ အလူမီနီယံထက် ပိုမိုမာကျောပြီး ပွန်းရာခြစ်ရာ မရှိနိုင်ပါဘူး။ ဖုန်းကိုယ်ထည်ကို တိုက်တေနီယံနဲ့ ceramic ဘော်ဒီ တွဲဖက်အသုံးပြုထားပေးပါတယ်။ ကျောဘက်ကို Ceramic ကိုယ်ထည်နဲ့တည်ဆောက်ထားတာဖြစ်တဲ့အတွက် ပြုတ်ကျတဲ့အခါ ခြစ်ရာပွန်းရာ ရှိမှာမဟုတ်ပါဘူး။ Ceramic ဆိုတာ ကြွေသားကိုယ်ထည်ကို ပြောတာဖြစ်ပါတယ်။ တိုက်တေနီယံနဲ့ ကြွေသားကိုယ်ထည်ဖြစ်တဲ့အတွက် ဖုန်းကို စတိုင်ကျကျနဲ့ အသုံးပြုနိုင်မှာ ဖြစ်သလို အကြမ်းပတမ်းအနေနဲ့လည်း သုံးနိုင်မှာပါ။

essential-ph-1 body

၅။ Audio System

Essential ရဲ့ ထူးခြားချက်ကတော့ 3.5 mm နားကြပ်ပေါက်မပါရှိတော့ပါဘူး။ ဒါကြောင့် သီချင်းနားထောင်ချင်ရင်တော့ USB Type-C နားကြပ်အမျိုးအစားနဲ့မှ နားထောင်နိုင်မှာပါ။ Type-C နားကြပ်မရှိရင်လည်း စိတ်ပူစရာမလိုပါဘူး။ အဲ့ဒီအတွက် ဖုန်းဝယ်ထဲက သာမန်နားကြပ်ကနေ USB Type-C ကိုပြောင်းပေးတဲ့ ခေါင်းသေးသေးလေး တစ်ခုကို ဗူးထဲမှာ အပိုပစ္စည်းအနေနဲ့ ထည့်သွင်းပေးလိုက်မှာ ဖြစ်ပါတယ်။

၆။ ထူးခြားချက်

Essential PH-1 ဟာ နောက်ထပ် ထူးခြားချက်တွေရှိပါသေးတယ်။ အဲ့ဒါကတော့ ဖုန်းနဲ့ ကျောဘက်မှာ ပါရှိတဲ့ Magnetic Pins ဘဲ ဖြစ်ပါတယ်။ သံလိုက်ဆွဲအားနဲ့ ကပ်ပြီး အသုံးပြုနိုင်မယ့် Essential ကထုတ်တဲ့ အပိုပစ္စည်းတွေကို တပ်ဆင်ဖို့ဖြစ်ပါတယ်။ လောလောဆယ် 360 Camera ကို Essential က ထုတ်လုပ်ထားပြီး အဆိုပါ ကင်မရာကို ဖုန်းဘော်ဒီရဲ့ Magnetic Pins ရှိတဲ့နေရာမှာ ကပ်လိုက်ရုံဘဲ ဖြစ်ပါတယ်။ Essential အနေနဲ့ နောက်ထပ် Accessories တွေကို ထုတ်လုပ်ဖို့ရှိပါသေးတယ်။ ထုတ်လုပ်လိုက်မယ့် Accessories တွေမှာ Magnetic Pins ပါဝင်မှာဖြစ်တာကြောင့် ဖုန်းဘော်ဒီမှာ သံလိုက်ဆွဲအားနဲ့ ကပ်သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါကတော့ အခြား စမတ်ဖုန်းတွေမှာ မတွေ့နိုင်တဲ့ Essential ရဲ့ ထူးခြားချက်ဖြစ်ပါတယ်။

essential-ph-1-magnetic-connector

၇။ ဈေးနှုန်း

ဈေးနှုန်းအနေနဲ့ Essential PH-1 ဟာ အမေရိကန်ဒေါ်လာ ၆၉၉ ဖြစ်ပါတယ်။ မြန်မာငွေနဲ့တွက်ကြည့်ရင် ၉သိန်းခွဲ ကျော်မှာပါ။ အရောင် ၄ မျိုးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး Black Moon, Stellar Grey , Pure White နဲ့ Ocean Depths  အရောင်ဖြင့် ဝယ်ယူနိုင်မှာပါ။

essential-ph-1-colors

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: