Home News မြောက်ကိုးရီးယားတို့၏ ICBM ဒုံးကျည်အား တုံ့ပြန်မည့် အဆင့်မြင့်ဒုံးခွင်းစနစ်ကို အမေရိကန် စမ်းသပ်မည်

မြောက်ကိုးရီးယားတို့၏ ICBM ဒုံးကျည်အား တုံ့ပြန်မည့် အဆင့်မြင့်ဒုံးခွင်းစနစ်ကို အမေရိကန် စမ်းသပ်မည်

0

မြောက်ကိုးရီးယားဟာ မေလ တစ်လအတွင်းမှာ ၃ ကြိမ်တိုင်တိုင် ဒုံးကျည် ပစ်လွှတ်စမ်းသပ်ခဲ့ပြီး အမေရိကန်ရဲ့ စိန်ခေါ်မှုတွေကြားထဲမှာပင် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အမေရိကန်နှင့် ပစိတ်ဖိတ်ဒေသအား အချိန်မရွေးပစ်လွှတ်နိုင်သည်ဟု ထုတ်ပြန်ပြီးနောက် အမေရိကန်အနေဖြင့် မြောက်ကိုးရီးယားကို တားဆီးရန် မဟာမိတ်နိုင်ငံများနှင့် ဆက်သွယ်ခဲ့ပြီး စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။

လက်ရှိတွင် မြောက်ကိုးရီးယားသည် တာဝေး၊ တာလယ်၊ တာတို ပစ်နိုင်သော ဒုံးကျည်စနစ်များ အောင်မြင်ခဲ့ပြီး အဆိုပါ ICBM ဒုံးကျည်များမှာ နူကလိယားထိပ်ဖူးတပ်ဆင်နိုင်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ICBM ဒုံးကျည်မှာ နူကလိယားထိပ်ဖူး သယ်ဆောင်နိုင်ရုံသာမက ဓာတုလက်နက် နှင့် ဇီဝလက်နက်တို့တပ်ဆင်ထားသော ဒုံးကျည်ထိပ်ဖူးများလည်း သယ်ဆောင်နိုင်သည်။

ထို့ကြောင့် အမေရိကန်အနေဖြင့် မြောက်ကိုးရီးယားတို့၏ ဒုံးကျည်ကို ကာကွယ်ရန်အတွက် ဒုံးခွင်းစနစ်ကို ပြင်ဆင်နေကြောင်း ထုတ်ပြန်လိုက်သည်။ အမေရိကန်နိုင်ငံသည် ဒုံးခွင်းစနစ်ကို ၁၉၉၉ ခုနှစ်ထဲက စမ်းသပ်အောင်မြင်ခဲ့ပြီး တိုက်ပွဲအတော်များများတွင် အသုံးဝင်ခဲ့သည်။ ယခင် စမ်းသပ်မည့် ဒုံးခွင်းစနစ်မှာ နည်းပညာအရ ထပ်မံမြှင့်တင်ထားသော ဒုံးခွင်းစနစ်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တောင်ကိုးရီးယားသမ္မတ နှင့် ဂျပန်နိုင်ငံဝန်ကြီးချျုပ်တို့နှင့် တွေ့ဆုံခဲ့ပြီး မြောက်ကိုးရီးယားတို့၏ ဒုံးကျည်စနစ်ကို ကာကွယ်ရန် အရေးပေါ် စီမံချက်ချခဲ့သည်။ လက်ရှိတွင် အမေရိကန်သည် ကိုးရီးယားကျွန်းဆွယ်၌ စစ်သင်္ဘော ၂ စီး၊ ရေငုပ်သင်္ဘောတစ်စီးတို့ကို ထားရှိထားပြီး ကိုးရီးယားကျွန်းဆွယ်တစ်ဝိုက်တွင် ဗုံးကြဲလေယာဉ်များကိုပါ ပျံသန်းစေခဲ့သည်။

Zawgyi Font : ေျမာက္ကိုးရီးယားတို႕၏ ICBM ဒံုးက်ည္အား တံု႕ျပန္မည့္ အဆင့္ျမင့္ဒံုးခြင္းစနစ္ကို အေမရိကန္ စမ္းသပ္မည္

ေျမာက္ကိုးရီးယားဟာ ေမလ တစ္လအတြင္းမွာ ၃ ၾကိမ္တိုင္တိုင္ ဒံုးက်ည္ ပစ္လႊတ္စမ္းသပ္ခဲ့ျပီး အေမရိကန္ရဲ႕ စိန္ေခၚမႈေတြၾကားထဲမွာပင္ ေဆာင္ရြက္ခဲ့သည္။ ထို႕အျပင္ အေမရိကန္ႏွင့္ ပစိတ္ဖိတ္ေဒသအား အခ်ိန္မေရြးပစ္လႊတ္ႏို္င္သည္ဟု ထုတ္ျပန္ျပီးေနာက္ အေမရိကန္အေနျဖင့္ ေျမာက္ကိုးရီးယားကို တားဆီးရန္ မဟာမိတ္ႏိုင္ငံမ်ားႏွင့္ ဆက္သြယ္ခဲ့ျပီး စီးပြားေရးပိတ္ဆို႕မႈ ျပဳလုပ္ခဲ့သည္။

လက္ရွိတြင္ ေျမာက္ကိုးရီးယားသည္ တာေ၀း၊ တာလယ္၊ တာတို ပစ္ႏိုင္ေသာ ဒံုးက်ည္စနစ္မ်ား ေအာင္ျမင္ခဲ့ျပီး အဆိုပါ ICBM ဒံုးက်ည္မ်ားမွာ ႏူကလိယားထိပ္ဖူးတပ္ဆင္ႏုိင္ျပီ ျဖစ္ေၾကာင္း ေၾကျငာခဲ့သည္။ ICBM ဒံုးက်ည္မွာ ႏူကလိယားထိပ္ဖူး သယ္ေဆာင္ႏုိင္ရံုသာမက ဓာတုလက္နက္ ႏွင့္ ဇီ၀လက္နက္တို႕တပ္ဆင္ထားေသာ ဒံုးက်ည္ထိပ္ဖူးမ်ားလည္း သယ္ေဆာင္ႏုိင္သည္။

ထို႕ေၾကာင့္ အေမရိကန္အေနျဖင့္ ေျမာက္ကိုးရီးယားတို႕၏ ဒံုးက်ည္ကို ကာကြယ္ရန္အတြက္ ဒံုးခြင္းစနစ္ကို ျပင္ဆင္ေနေၾကာင္း ထုတ္ျပန္လုိက္သည္။ အေမရိကန္ႏိုင္ငံသည္ ဒံုးခြင္းစနစ္ကို ၁၉၉၉ ခုႏွစ္ထဲက စမ္းသပ္ေအာင္ျမင္ခဲ့ျပီး တိုက္ပြဲအေတာ္မ်ားမ်ားတြင္ အသံုး၀င္ခဲ့သည္။ ယခင္ စမ္းသပ္မည့္ ဒံုးခြင္းစနစ္မွာ နည္းပညာအရ ထပ္မံျမွင့္တင္ထားေသာ ဒံုးခြင္းစနစ္ျဖစ္ေၾကာင္း သိရွိရသည္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ေတာင္ကိုးရီးယားသမၼတ ႏွင့္ ဂ်ပန္ႏုိင္ငံ၀န္ၾကီးခ််ဳပ္တို႕ႏွင့္ ေတြ႕ဆံုခဲ့ျပီး ေျမာက္ကိုးရီးယားတို႕၏ ဒံုးက်ည္စနစ္ကို ကာကြယ္ရန္ အေရးေပၚ စီမံခ်က္ခ်ခဲ့သည္။ လက္ရွိတြင္ အေမရိကန္သည္ ကိုးရီးယားကြ်န္းဆြယ္၌ စစ္သေဘၤာ ၂ စီး၊ ေရငုပ္သေဘၤာတစ္စီးတို႕ကို ထားရွိထားျပီး ကိုးရီးယားကြ်န္းဆြယ္တစ္၀ိုက္တြင္ ဗံုးၾကဲေလယာဥ္မ်ားကိုပါ ပ်ံသန္းေစခဲ့သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: