Home News အမိဝမ်းမှ မွေးဖွားပြီးသည်နှင့် ချက်ချင်းလမ်းလျှောက်နိုင်သော အံ့ဖွယ်ကလေးငယ်

အမိဝမ်းမှ မွေးဖွားပြီးသည်နှင့် ချက်ချင်းလမ်းလျှောက်နိုင်သော အံ့ဖွယ်ကလေးငယ်

0

လူသားတွေဟာ မိခင်ဝမ်းကနေ မွေးဖွားပြီးပြီးချင်းမှာ လမ်းလျှောက်လို့မရသေးပါဘူး။ လမ်းလျှောက်ခြင်းဆိုတဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်ဟာ မွေးဖွားပြီး တစ်နှစ်ဝန်းကျင်မှ စတင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယက ကလေးငယ် တစ်ယောက်ကတော့ ဆန့်ကျင်ဘက်ပါဘဲ။

အမိဝမ်းမှ ကျွတ်တာနဲ့ လမ်းလျှောက်ခြင်းဆိုတဲ့ ဖွံ့ဖြိုးခြင်းကို လုပ်ဆောင်နိုင်ပါတယ်။ ကလေးမွေးဖွားပြီးခြင်းမှာ ဆရာဝန်က ကလေးငယ်ကို ကိုင်ထားတဲ့အချိန်မှာ လမ်းထလျှောက်တာ ဖြစ်ပြီး အဆိုပါ ဗီဒီယိုကို ဖုန်းနဲ့ ချက်ချင်း ရိုက်ကူးခဲ့ပါတယ်။ ဘာကြောင့် ဒီလို ဖွံ့ဖြိုးခြင်းဆိုတဲ့ အဆင့်ကို ရောက်ရှိသွားလဲဆိုတာ ဝေခွဲလို့မရနိုင်သေးသလို လက်ရှိမှာတော့ လူတိုင်းအတွက် အထူးအဆန်း ဖြစ်နေပါတယ်။ အောက်ပါ video ကတော့ ကလေးငယ်လမ်းလျှောက်တာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။

Zawgyi Font : အမိ၀မ္းမွ ေမြးဖြားျပီးသည္ႏွင့္ ခ်က္ခ်င္းလမ္းေလွ်ာက္ႏုိင္ေသာ အံ့ဖြယ္ကေလးငယ္

လူသားေတြဟာ မိခင္၀မ္းကေန ေမြးဖြားျပီးျပီးခ်င္းမွာ လမ္းေလွ်ာက္လို႕မရေသးပါဘူး။ လမ္းေလွ်ာက္ျခင္းဆိုတဲ့ ဖြံ႕ျဖိဳးမႈ ျဖစ္စဥ္ဟာ ေမြးဖြားျပီး တစ္ႏွစ္၀န္းက်င္မွ စတင္တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အိႏိၵယက ကေလးငယ္ တစ္ေယာက္ကေတာ့ ဆန္႕က်င္ဘက္ပါဘဲ။

အမိ၀မ္းမွ ကြ်တ္တာနဲ႕ လမ္းေလွ်ာက္ျခင္းဆိုတဲ့ ဖြံ႕ျဖိဳးျခင္းကို လုပ္ေဆာင္ႏုိင္ပါတယ္။ ကေလးေမြးဖြားျပီးျခင္းမွာ ဆရာ၀န္က ကေလးငယ္ကို ကိုင္ထားတဲ့အခ်ိန္မွာ လမ္းထေလွ်ာက္တာ ျဖစ္ျပီး အဆိုပါ ဗီဒီယိုကို ဖုန္းနဲ႕ ခ်က္ခ်င္း ရိုက္ကူးခဲ့ပါတယ္။ ဘာေၾကာင့္ ဒီလို ဖြံ႕ျဖိဳးျခင္းဆိုတဲ့ အဆင့္ကို ေရာက္ရွိသြားလဲဆိုတာ ေ၀ခြဲလို႕မရႏိုင္ေသးသလို လက္ရွိမွာေတာ့ လူတိုင္းအတြက္ အထူးအဆန္း ျဖစ္ေနပါတယ္။ ေအာက္ပါ video ကေတာ့ ကေလးငယ္လမ္းေလွ်ာက္တာကို ရိုက္ျပထားတာ ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: