Home News မြောက်ကိုးရီးယားမှ တတိယအကြိမ် ဒုံးကျည်ပစ်ခတ်စမ်းသပ်

မြောက်ကိုးရီးယားမှ တတိယအကြိမ် ဒုံးကျည်ပစ်ခတ်စမ်းသပ်

0

မြောက်ကိုးရီးယားဟာ တတိယအကြိမ် ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုအနေနဲ့ မေလ ၂၉ ရက်နေ့မှာ ပစ်လွှတ်ခဲ့ပြီး တာတို ဒုံးကျည်အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ မိုင်ပေါင်း ၂၈၀ အကွာအဝေး ပျံသန်းနိုင်တဲ့ Scud ဒုံးကျည်အမျိုးအစားကို စမ်းသပ်တာ ဖြစ်ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံ ဝုန်ဆန် မြို့တော်မှ စတင်ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး ၆ မိနစ်ခန့် ပျံသန်းပြီးမှ ပင်လယ်ထဲသို့ ကျရောက်တာ ဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ်မှ မှတ်ချက်ပြုခဲ့ပါတယ်။ ဂျပန် အထူးစီးပွားရေးပင်လယ်ရေပြင်ဇုံထဲသို့ ကျရောက်ခဲ့ပြီး မြောက်ကိုးရီးယားမှ ဒုံးကျည်ပစ်လွှတ်မှုတိုင်းဟာ ဂျပန်ပင်လယ်ပြင်အတွင်းသို့ အမြဲတမ်းကျရောက်နေတာကြောင့် ဂျပန်အနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းပြီး အထူးအရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံ အပါအဝင် အထူးအစည်းအဝေးပွဲပြုလုပ်ခဲ့ပြီး မြောက်ကိုးရီးယားကို မည်သို့ အရေးယူမည့် ကိစ္စနှင့်ပတ်သတ်၍ ဆုံးဖြတ်ချက် ချနေဆဲပင်ဖြစ်သည်။ အမေရိကန်နိုင်ငံကမူ ဂျပန်အပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်း၍ စီးပွားရေးပိတ်ဆို့မှုများ အထူးပြုလုပ်သွားမည်ဟု ကြေငြာထားသည်။

Zawgyi Font : မြောက်ကိုးရီးယားမှ တတိယအကြိမ် ဒုံးကျည်ပစ်ခတ်စမ်းသပ်




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: