Home News အရှေ့တောင်အာရှတွင် IS အကြမ်းဖက်အဖွဲ့များ စတင်နယ်ချဲ့ခြင်း သို့မဟုတ် ဖိလစ်ပိုင်တွင် အလံနက်စိုက်ထူခြင်း

အရှေ့တောင်အာရှတွင် IS အကြမ်းဖက်အဖွဲ့များ စတင်နယ်ချဲ့ခြင်း သို့မဟုတ် ဖိလစ်ပိုင်တွင် အလံနက်စိုက်ထူခြင်း

0

IS အကြမ်းဖက်မှုများအား ယခင်က အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပနိုင်ငံများမှာ ဖြစ်ပွားခဲ့ပေမယ့် ၂၀၁၇ ခုနှစ်အတွင်းမှာတော့ အာရှဒေသတွေကိုပါ နယ်ချဲ့စိုးမိုးဖို့ ကြိုးစားလာပါတယ်။ အာရှနိုင်ငံများမှာ မူစလင်အစွန်းရောက် IS အကြမ်းဖက်အဖွဲ့ဝင်များဟာ ဗုံးကွဲခြင်း၊ နယ်မြေသိမ်းယူခြင်း စတဲ့ အကြမ်းဖက်မှုတွေကို တစ်ရှိန်ထိုးပြုလုပ်လာကြပါတယ်။

လက်ရှိမှာ ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီ မြို့တော်ကို IS အကြမ်းဖက်အဖွဲ့များက သိမ်းပိုက်လိုက်ပြီး ဖိလစ်ပိုင်စစ်တပ်နဲ့ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပါတယ်။ မူစလင်အစွန်းရောက် IS အကြမ်းဖက်အဖွဲ့ဝင်များဟာ ခရစ်ယာန်ဘာသာဝင်များကို လူသားဒိုင်း အဖြစ် အသုံးချကာ ဖိလစ်ပိုင်အစိုးရကို ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် အစိုးရအနေနဲ့ မြို့တော် မာရာဝီကို IS တွေလက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။

IS အကြမ်းဖက်များဟာ မာရာဝီမြို့တော်တွင်ရှိသော ပလီ ပေါ်တက်၍ အလံနက် တစ်ခုထောင်ခဲ့ပါတယ်။ ဖိလစ်ပိုင် အစိုးရအနေနဲ့ အထူးတပ်ဖွဲ့များစေလွှတ်ထားပြီး မြို့နေလူပေါင်းများစွာကတော့ မာရဝီမြို့တော်မှ ထွက်ပြေးခဲ့ပါတယ်။ ဒါကြောင့် မာရဝီမြို့တော်ဟာ စစ်တလင်းပြင်ခဲ့သို့ ဖြစ်ခဲ့ပြီး အစိုးရအနေနဲ့ ပြန်လည် သိမ်းပိုက်ဖို့ကြိုးစားနေပါတယ်။

IS အကြမ်းဖက်အဖွဲ့များဟာ အာရှကို စိုးမိုးနယ်ချဲ့ဖို့ ကြိုးစားနေခြင်းဖြစ်ပြီး ပြီးခဲ့သော ရက်ပိုင်း၌လည်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်တွင် ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့သည်။

Zawgyi Font : အေရွ႕ေတာင္အာရွတြင္ IS အၾကမ္းဖက္အဖြဲ႕မ်ားစတင္နယ္ခ်ဲ႕ျခင္း သို႕မဟုတ္ ဖိလစ္ပိုင္တြင္ အလံနက္စိုက္ထူျခင္း

IS အၾကမ္းဖက္မႈမ်ားအား ယခင္က အေရွ႕အလယ္ပိုင္းေဒသနဲ႕ ဥေရာပႏိုင္ငံမ်ားမွာ ျဖစ္ပြားခဲ့ေပမယ့္ ၂၀၁၇ ခုႏွစ္အတြင္းမွာေတာ့ အာရွေဒသေတြကိုပါ နယ္ခ်ဲ႕စိုးမိုးဖုိ႕ ၾကိဳးစားလာပါတယ္။ အာရွႏိုင္ငံမ်ားမွာ မူစလင္အစြန္းေရာက္ IS အၾကမ္းဖက္အဖြဲ႕၀င္မ်ားဟာ ဗံုးကြဲျခင္း၊ နယ္ေျမသိမ္းယူျခင္း စတဲ့ အၾကမ္းဖက္မႈေတြကို တစ္ရွိန္ထိုးျပဳလုပ္လာၾကပါတယ္။

လက္ရွိမွာ ဖိလစ္ပိုင္ေတာင္ပိုင္း မာရာ၀ီ ျမိဳ႕ေတာ္ကို IS အၾကမ္းဖက္အဖြဲ႕မ်ားက သိမ္းပိုက္လိုက္ျပီး ဖိလစ္ပိုင္စစ္တပ္နဲ႕ တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ပါတယ္။ မူစလင္အစြန္းေရာက္ IS အၾကမ္းဖက္အဖြဲ႕၀င္မ်ားဟာ ခရစ္ယာန္ဘာသာ၀င္မ်ားကို လူသားဒိုင္း အျဖစ္ အသံုးခ်ကာ ဖိလစ္ပိုင္အစိုးရကို ျပန္လည္တိုက္ခိုက္ခဲ့တာေၾကာင့္ အစိုးရအေနနဲ႕ ျမိဳ႕ေတာ္ မာရာ၀ီကို IS ေတြလက္ထဲမွ ျပန္လည္သိမ္းပိုက္ႏုိင္ျခင္း မရွိေသးပါဘူး။

IS အၾကမ္းဖက္မ်ားဟာ မာရာ၀ီျမိဳ႕ေတာ္တြင္ရွိေသာ ပလီ ေပၚတက္၍ အလံနက္ တစ္ခုေထာင္ခဲ့ပါတယ္။ ဖိလစ္ပိုင္ အစိုးရအေနနဲ႕ အထူးတပ္ဖြဲ႕မ်ားေစလႊတ္ထားျပီး ျမိဳ႕ေနလူေပါင္းမ်ားစြာကေတာ့ မာရ၀ီျမိဳ႕ေတာ္မွ ထြက္ေျပးခဲ့ပါတယ္။ ဒါေၾကာင့္ မာရ၀ီျမိဳ႕ေတာ္ဟာ စစ္တလင္းျပင္ခဲ့သို႕ ျဖစ္ခဲ့ျပီး အစိုးရအေနနဲ႕ ျပန္လည္ သိမ္းပိုက္ဖို႕ၾကိဳးစားေနပါတယ္။

IS အၾကမ္းဖက္အဖြဲ႕မ်ားဟာ အာရွကို စိုးမိုးနယ္ခ်ဲ႕ဖို႕ ၾကိဳးစားေနျခင္းျဖစ္ျပီး ျပီးခဲ့ေသာ ရက္ပိုင္း၌လည္း အင္ဒိုနီးရွားႏုိင္ငံ ဂ်ာကာတာျမိဳ႕ေတာ္တြင္ ဗံုးေဖာက္ခြဲမႈျပဳလုပ္ခဲ့သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: