Home News ကမ္ဘာ့ပထမဆုံး ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်း သို့မဟုတ် Gionee S10

ကမ္ဘာ့ပထမဆုံး ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်း သို့မဟုတ် Gionee S10

0

စမတ်ဖုန်းတွေစထွက်တုန်းက ကျောဘက်ကင်မရာလောက်ဘဲ တပ်ဆင်ပေးထားရာကနေ နောက်ပိုင်းမှာ selfie ကင်မရာပါ တပ်ဆင်ပေးလာပါတယ်။ ဒီထက်ပိုမြင့်လာတော့ ကျောဘက်ကင်မရာကို ကင်မရာနှစ်လုံး ( Dual Camera) တပ်ဆင်ပေးလာပြီး ကင်မရာအသားပေး စမတ်ဖုန်းတွေ အဖြစ် Apple, Samsung, Xiaomi နဲ့အခြားသော စမတ်ဖုန်း ကုမ္ပဏီများက နေရာယူလာကြပါတယ်။

ဒါပေမယ့် ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကိုတော့ ဘယ်သူမှ မတွေ့ဖူးကြသလို အားလုံးက လက်ရှိမှာ Dual Camera လောက်ကိုဘဲ ဂရုစိုက်နေချိန်ဖြစ်မှာ Gionee က S10 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ ထူးခြားချက်အနေနဲ့ ကင်မရာ ၄ လုံး ပါလာတဲ့ ကမ္ဘာ့ပထမဆုံး Android စမတ်ဖုန်းတစ်လုံး ဖြစ်လာတာပါဘဲ။ Gionee ဟာ အတော်အသင့် နာမည်ရထားတဲ့ တရုတ် စမတ်ဖုန်းကုမ္ပဏီဖြစ်ပါတယ်။

gionee s10

Back Camera ၂ လုံး ၊ Selfie Camera ၂ လုံး ပါတယ်ဆိုတော့ လူငယ်တွေအကြိုက်ဘဲ ဖြစ်ပါတယ်။ Professional Selfie Camera တစ်လုံး ဖြစ်လာမယ်လို့ ယူဆပါတယ်။ Back Camera ကို 16 MP အရည်အသွေးရှိတဲ့ ကင်မရာတစ်လုံး နဲ့ 8 MP ကင်မရာတစ်လုံးတပ်ဆင်ထားပြီး Front Camera ကိုတော့ 20MP ကင်မရာတစ်လုံးနဲ့ 8MP ကင်မရာတစ်လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Process အပိုင်းအနေနဲ့ MediaTek Helio P25 တပ်ဆင်ထားပြီး RAM 6GB , Storage 64GB ဖြစ်ပါတယ်။ မျက်နှာပြင် ၅.၅လက်မ အကျယ်ရှိပြီး 1080 p အရည်အသွေးရှိပါတယ်။ ဘတ်ထရီအနေနဲ့ 3450 mAh ပါဝင်ပြီး Android version 7.0 Nougat နဲ့ ထောက်ပံ့ပေးထားပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၈၀ ခန့်ကျသင့်မှာ ဖြစ်ပြီး မြန်မာငွေအနေနဲ့ ၅သိန်းဝန်းကျင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

ဆန်းသစ်မြန်မာ အဖွဲ့သားရဲ့ အမြင်နဲ့ ပြောရမယ်ဆိုရင် Gionee S10 ဟာ ကင်မရာ ၄ လုံး ဖြစ်လာတာကလွဲရင် အခြား Flagship စမတ်ဖုန်းတွေလိုမျိုး စိတ်ဝင်စားဖွယ်ရာ အချက်ကို မတွေ့ရပါဘူး။ RAM 6GB က App တွေကို လျှင်မြန်စွာ အသုံးပြုနိုင်တယ်ဆိုပေမယ့် လက်တွေ့မှာ Game ကောင်းကောင်း ကစားလို့ရပါ့မလားဆိုတဲ့ သံသယမျိုးတော့ ဝင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ Processor ကို MediaTek Helio P25 တပ်ဆင်ထားတာ ကြောင့်ပါ။ Gaming Performance အပြည့်အဝရမယ်လို့တော့ မထင်ပါဘူး။

Source : androidauthority

Zawgyi Font : ကမၻာ႕ပထမဆံုး ကင္မရာ ၄ လံုးပါတဲ့ စမတ္ဖုန္း သို႕မဟုတ္ Gionee S10

စမတ္ဖုန္းေတြစထြက္တုန္းက ေက်ာဘက္ကင္မရာေလာက္ဘဲ တပ္ဆင္ေပးထားရာကေန ေနာက္ပိုင္းမွာ selfie ကင္မရာပါ တပ္ဆင္ေပးလာပါတယ္။ ဒီထက္ပိုျမင့္လာေတာ့ ေက်ာဘက္ကင္မရာကို ကင္မရာႏွစ္လံုး ( Dual Camera) တပ္ဆင္ေပးလာျပီး ကင္မရာအသားေပး စမတ္ဖုန္းေတြ အျဖစ္ Apple, Samsung, Xiaomi နဲ႕အျခားေသာ စမတ္ဖုန္း ကုမၸဏီမ်ားက ေနရာယူလာၾကပါတယ္။

ဒါေပမယ့္ ကင္မရာ ၄ လံုးပါတဲ့ စမတ္ဖုန္းကိုေတာ့ ဘယ္သူမွ မေတြ႕ဖူးၾကသလို အားလံုးက လက္ရွိမွာ Dual Camera ေလာက္ကိုဘဲ ဂရုစိုက္ေနခ်ိန္ျဖစ္မွာ Gionee က S10 စမတ္ဖုန္းကို မိတ္ဆက္လုိက္ပါတယ္။ ထူးျခားခ်က္အေနနဲ႕ ကင္မရာ ၄ လံုး ပါလာတဲ့ ကမၻာ႕ပထမဆံုး Android စမတ္ဖုန္းတစ္လံုး ျဖစ္လာတာပါဘဲ။ Gionee ဟာ အေတာ္အသင့္ နာမည္ရထားတဲ့ တရုတ္ စမတ္ဖုန္းကုမၸဏီျဖစ္ပါတယ္။

Back Camera ၂ လံုး ၊ Selfie Camera ၂ လံုး ပါတယ္ဆိုေတာ့ လူငယ္ေတြအၾကိဳက္ဘဲ ျဖစ္ပါတယ္။ Professional Selfie Camera တစ္လံုး ျဖစ္လာမယ္လို႕ ယူဆပါတယ္။ Back Camera ကို 16 MP အရည္အေသြးရွိတဲ့ ကင္မရာတစ္လံုး နဲ႕ 8 MP ကင္မရာတစ္လံုးတပ္ဆင္ထားျပီး Front Camera ကိုေတာ့ 20MP ကင္မရာတစ္လံုးနဲ႕ 8MP ကင္မရာတစ္လံုး တပ္ဆင္ထားမွာ ျဖစ္ပါတယ္။

Process အပိုင္းအေနနဲ႕ MediaTek Helio P25 တပ္ဆင္ထားျပီး RAM 6GB , Storage 64GB ျဖစ္ပါတယ္။ မ်က္ႏွာျပင္ ၅.၅လက္မ အက်ယ္ရွိျပီး 1080 p အရည္အေသြးရွိပါတယ္။ ဘတ္ထရီအေနနဲ႕ 3450 mAh ပါ၀င္ျပီး Android version 7.0 Nougat နဲ႕ ေထာက္ပံ့ေပးထားပါတယ္။ ေစ်းႏႈန္းကေတာ့ အေမရိကန္ေဒၚလာ ၃၈၀ ခန္႕က်သင့္မွာ ျဖစ္ျပီး ျမန္မာေငြအေနနဲ႕ ၅သိန္း၀န္းက်င္ခန္႕ က်သင့္မွာ ျဖစ္ပါတယ္။

ဆန္းသစ္ျမန္မာ အဖြဲ႕သားရဲ႕ အျမင္နဲ႕ ေျပာရမယ္ဆိုရင္ Gionee S10 ဟာ ကင္မရာ ၄ လံုး ျဖစ္လာတာကလြဲရင္ အျခား Flagship စမတ္ဖုန္းေတြလိုမ်ိဳး စိတ္၀င္စားဖြယ္ရာ အခ်က္ကို မေတြ႕ရပါဘူး။ RAM 6GB က App ေတြကို လွ်င္ျမန္စြာ အသံုးျပဳႏုိင္တယ္ဆိုေပမယ့္ လက္ေတြ႕မွာ Game ေကာင္းေကာင္း ကစားလို႕ရပါ့မလားဆိုတဲ့ သံသယမ်ိဳးေတာ့ ၀င္မိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Processor ကို MediaTek Helio P25 တပ္ဆင္ထားတာ ေၾကာင့္ပါ။ Gaming Performance အျပည့္အ၀ရမယ္လို႕ေတာ့ မထင္ပါဘူး။

Source : androidauthority

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: