UN ရဲ့သတင်းအရ ကမ္ဘာပေါ်မှာ အသက်၁၅နှစ်ကနေ ၁၉နှစ်ကြားဆယ်ကျော်သက်တို့ရဲ့ ကလေးမွေးနှုန်းကျဆင်းနေချိန်မှာ အာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာတော့ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ ကလေးမွေးနှုန်းကမြင့်တက်လာနေကြောင်း ဘီဘီစီရဲ့ သတင်းတစ်ပုဒ်အရသိရပါတယ်။ ဒေါက်တာ Jose Fabella Memorial လို့ခေါ်တဲ့ မနီလာက ဆေးရုံတစ်ရုံမှာတော့ နှစ်စဉ် အမျိုးသမီး၂၀၀၀၀ လောက်အထိလက်ခံမီးဖွားပေးရပြီး အများစုကတော့ ဆယ်ကျော်သက်တွေဖြစ်ကြပါတယ်။
ဒါကြောင့်လည်း ဒီဆေးရုံကို ဖိလစ်ပိုင်ကကလေးစက်ရုံလို့ လူသိများပါတယ်။ လူများလွန်းတာကြောင့် ကုတင်တစ်လုံးမှာ မိခင်နှစ်ယောက်နဲ့ ကလေးတွေပါ ဖြစ်သလိုနေကြရပါတယ်။ UN ရဲ့ အချက်အလက်တွေအရတော့ ဖိလစ်ပိုင်အမျိုးသမီး ဆယ်ကျော်သက် ဆယ်ယောက်မှာ တစ်ယောက်က အသက် ၂၀ မပြည့်ခင် ကလေးမွေးကြတယ်လို့ဆိုပါတယ်။ အသက် ၁၉ နှစ်မှာတင် ကလေးသုံးယောက်မွေးဖွားပြီးတဲ့ မိခင်ရှိတယ်လို့ ဆိုပါတယ်။ ဒီမိခင်ဟာ အသက် ၁၃ နှစ်မှာသူမရဲ့ ပထမဆုံးကလေးကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။
ဒီလို ဆယ်ကျော်သက်အရွယ်မှာ အိမ်ထောင်ကျပြီး ကလေးရကြတာဟာ သူမတို့ရဲ့ ပညာအရည်အချင်းနဲ့ လိင်ပိုင်းဆိုင်ရာ အသိပညာတွေအားနည်းမှုတွေကြောင့်လို့ ပြောပါတယ်။ ဒါတွေဟာ သူတို့ ယုံကြည်ရာဘာသာတရားနဲ့လည်း သက်ဆိုင်တယ်လို့ဆိုပါတယ်။ ကဲ ဖိလစ်ပိုင်က ကလေးစက်ရုံကို ကြည့်လိုက်ကြရအောင်ပါ။
ကိုးကား။ BBC
Zawgyi Font : ဖိလစ္ပိုင္က ကေလးစက္ရံု သို႕မဟုတ္ မနီလာျမိဳ႕ေတာ္မွ ေဆးရံု
UN ရဲ႕သတင္းအရ ကမာၻေပၚမွာ အသက္၁၅ႏွစ္ကေန ၁၉ႏွစ္ၾကားဆယ္ေက်ာ္သက္တို႔ရဲ႕ ကေလးေမြးႏႈန္းက်ဆင္းေနခ်ိန္မွာ အာဆီယံႏိုင္ငံတစ္ခုျဖစ္တဲ႕ ဖိလစ္ပိုင္ႏိုင္ငံမွာေတာ႔ ဆယ္ေက်ာ္သက္မိန္းကေလးေတြရဲ႕ ကေလးေမြးႏႈန္းကျမင္႔တက္လာေနေၾကာင္း ဘီဘီစီရဲ႕ သတင္းတစ္ပုဒ္အရသိရပါတယ္။ ေဒါက္တာ Jose Fabella Memorial လို႔ေခၚတဲ႔ မနီလာက ေဆးရံုတစ္ရံုမွာေတာ႕ ႏွစ္စဥ္ အမ်ိဳးသမီး၂၀၀၀၀ ေလာက္အထိလက္ခံမီးဖြားေပးရျပီး အမ်ားစုကေတာ႔ ဆယ္ေက်ာ္သက္ေတြျဖစ္ၾကပါတယ္။
ဒါေၾကာင္႔လည္း ဒီေဆးရံုကို ဖိလစ္ပိုင္ကကေလးစက္ရံုလို႔ လူသိမ်ားပါတယ္။ လူမ်ားလြန္းတာေၾကာင္႔ ကုတင္တစ္လံုးမွာ မိခင္ႏွစ္ေယာက္နဲ႔ ကေလးေတြပါ ျဖစ္သလိုေနၾကရပါတယ္။ UN ရဲ႕ အခ်က္အလက္ေတြအရေတာ႔ ဖိလစ္ပိုင္အမ်ိဳးသမီး ဆယ္ေက်ာ္သက္ ဆယ္ေယာက္မွာ တစ္ေယာက္က အသက္ ၂၀ မျပည္႔ခင္ ကေလးေမြးၾကတယ္လို႔ဆိုပါတယ္။ အသက္ ၁၉ ႏွစ္မွာတင္ ကေလးသံုးေယာက္ေမြးဖြားျပီးတဲ႔ မိခင္ရွိတယ္လို႔ ဆိုပါတယ္။ ဒီမိခင္ဟာ အသက္ ၁၃ ႏွစ္မွာသူမရဲ႕ ပထမဆံုးကေလးကိုေမြးဖြားခဲ႔တာျဖစ္ပါတယ္။
ဒီလို ဆယ္ေက်ာ္သက္အရြယ္မွာ အိမ္ေထာင္က်ျပီး ကေလးရၾကတာဟာ သူမတို႔ရဲ႕ ပညာအရည္အခ်င္းနဲ႔ လိင္ပိုင္းဆိုင္ရာ အသိပညာေတြအားနည္းမႈေတြေၾကာင္႔လို႔ ေျပာပါတယ္။ ဒါေတြဟာ သူတို႕ ယံုၾကည္ရာဘာသာတရားနဲ႕လည္း သက္ဆိုင္တယ္လို႔ဆိုပါတယ္။ ကဲ ဖိလစ္ပိုင္က ကေလးစက္ရံုကို ၾကည္႔လိုက္ၾကရေအာင္ပါ။
ကိုးကား။ BBC