Home News လေယာဉ်မယ်ကို ကိုက်ဖို့ကြိုးစားပြီး လေယာဉ်ပေါ်က ခုန်ချထွက်ပြေးတဲ့ မြန်မာနိုင်ငံသား

လေယာဉ်မယ်ကို ကိုက်ဖို့ကြိုးစားပြီး လေယာဉ်ပေါ်က ခုန်ချထွက်ပြေးတဲ့ မြန်မာနိုင်ငံသား

0

အမေရိကန်နိုင်ငံ ကာရိုလိုင်းနားပြည်နယ် Charlotte Douglas အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မြန်မာနိုင်ငံသား ခရီးသည် တစ်ယောက် လေယာဉ်ပေါ်မှ ခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ဘာအကြောင်းကြောင့် ခုန်ချထွက်ပြေးလဲ ဆိုတာ မသိရပေမယ့် ဥပဒေချိုးဖောက်မှုနဲ့ အရေးယူခံထားရကြောင်း သိရှိရပါတယ်။

မြန်မာနိုင်ငံသား ကရင်လူမျိုး ဦးထွန်းလုံစိန် ဖြစ်ပြီး သူဟာ လေယာဉ်မယ်ရဲ့လက်ကို ကိုက်ဖို့ ကြိုးစားပြီး လေယာဉ်တံခါးကို ဖွင့်ဖို့လုပ်ခဲ့ပါတယ်။ လေယာဉ်မယ် အပါအဝင် အခြားခရီးသည် ၂ ယောက်ကပါ ဖမ်းဆီးခဲ့ရသော်လည်း တံခါးပေါက်တစ်ခုကနေ ခုန်ချခဲ့ပါတယ်။ ဦးထွန်းလုံစိန် ၏ လုပ်ရပ်ကြောင့် လေယာဉ်ဟာ မူလထွက်ခွာရ ဂိတ်သို့ ပြန်လည် ဆင်းသက်ခဲ့ရပြီး ဦးထွန်းလုံစိန်ကို ဆေးရုံသို့ ပို့ပေးခဲ့ပါတယ်။

ဒါကြောင့် လေယာဉ်ချိန် နောက်ထပ် ၁နာရီခွဲ နောက်ကျမှ ပြန်လည်ထွက်ခွာရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အရေးယူခံထားရပြီး အင်္ဂလိပ်ဘာသာစကားကောင်းမွန်စွာမပြောနိုင်ခြင်းကြောင့် ရုံးချိန်ကို တစ်လခန့် နောက်ဆုတ်ထားခဲ့ပါတယ်။ ကရင်-အင်္ဂလိပ် စကားပြန်ရရှိမှသာလျှင် ရုံးချိန်းတက်ရမှာ ဖြစ်ပါတယ်။

Source : New York Post

Zawgyi Font : ေလယာဥ္မယ္ကို ကိုက္ဖို႕ၾကိဳးစားျပီး ေလယာဥ္ေပၚက ခုန္ခ်ထြက္ေျပးတဲ့ ျမန္မာႏုိင္ငံသား

အေမရိကန္ႏုိင္ငံ ကာရိုလိုင္းနားျပည္နယ္ Charlotte Douglas အျပည္ျပည္ဆုိင္ရာ ေလဆိပ္တြင္ ျမန္မာႏုိင္ငံသား ခရီးသည္ တစ္ေယာက္ ေလယာဥ္ေပၚမွ ခုန္ခ်မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရပါတယ္။ ဘာအေၾကာင္းေၾကာင့္ ခုန္ခ်ထြက္ေျပးလဲ ဆိုတာ မသိရေပမယ့္ ဥပေဒခ်ိဳးေဖာက္မႈနဲ႕ အေရးယူခံထားရေၾကာင္း သိရွိရပါတယ္။

ျမန္မာႏုိင္ငံသား ကရင္လူမ်ိဳး ဦးထြန္းလံုစိန္ ျဖစ္ျပီး သူဟာ ေလယာဥ္မယ္ရဲ႕လက္ကို ကိုက္ဖို႕ ၾကိဳးစားျပီး ေလယာဥ္တံခါးကို ဖြင့္ဖို႕လုပ္ခဲ့ပါတယ္။ ေလယာဥ္မယ္ အပါအ၀င္ အျခားခရီးသည္ ၂ ေယာက္ကပါ ဖမ္းဆီးခဲ့ရေသာ္လည္း တံခါးေပါက္တစ္ခုကေန ခုန္ခ်ခဲ့ပါတယ္။ ဦးထြန္းလံုစိန္ ၏ လုပ္ရပ္ေၾကာင့္ ေလယာဥ္ဟာ မူလထြက္ခြာရ ဂိတ္သို႕ ျပန္လည္ ဆင္းသက္ခဲ့ရျပီး ဦးထြန္းလံုစိန္ကို ေဆးရံုသို႕ ပို႕ေပးခဲ့ပါတယ္။

ဒါေၾကာင့္ ေလယာဥ္ခ်ိန္ ေနာက္ထပ္ ၁နာရီခြဲ ေနာက္က်မွ ျပန္လည္ထြက္ခြာရတာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အေရးယူခံထားရျပီး အဂၤလိပ္ဘာသာစကားေကာင္းမြန္စြာမေျပာႏုိင္ျခင္းေၾကာင့္ ရံုးခ်ိန္ကုိ တစ္လခန္႕ ေနာက္ဆုတ္ထားခဲ့ပါတယ္။ ကရင္-အဂၤလိပ္ စကားျပန္ရရွိမွသာလွ်င္ ရံုးခ်ိန္းတက္ရမွာ ျဖစ္ပါတယ္။

Source : New York Post

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: